လိုအပ်နေသော ကမ်းလင့်လက်များ

လိုအပ်နေသော ကမ်းလင့်လက်များ - ကျော်ဟုန်း (သရုပ်ဖော် - မြင့်လှိုင်)
ဗမာပြည်မှာတော့
ရုပ်ရှင်သည် ပြည်သူ့ အတွက်ဆိုဘဲ
ဟုတ်တော့လဲ ဟုတ်ပါ့လေ၊ ဘဝအမောတွေ နေ့ တဓူဝ
ဂုတ်စီးခံထားရသူ မြို့စွန်နေ လူတန်းစား ဘဝများ
စုတ်ချက်ကြမ်းကြမ်းထဲမှာ အရေခွံ နွှာ ခံရရင်း
စားကောင်းသောက်ဖွယ် လူ့ အသုံးဆောင်ကောင်းတွေ ဝေးနေသူ
ဦး - ဒေါ်တို့ က (လူကုံတံ လူ့ မလိုင်ကားတွေ ကြည့်တယ်)
မောလ်တွေ၊ စူပါမာ့ခ်တွေ၊ ရတနာဆိုင်ကြီးတွေရှေ့ ဖြတ် မလျှောက်ရဲသူ
ညီ - ညီမ၊ သမီး - သားများက (စိန် ရွှေ ငွေ ပိုး ဖဲ ဝတ် ဖက်ရှင်ပြ ကားတွေ ကြည့်တယ်)
ဇာတ်လမ်းရှိ - မရှိ၊ (မသိ) ဒါကြည့်ပြီး အာသာဖြေကြသတဲ့
ဒါတောင် ညတိုင်း မဟုတ် (တခါတလေ)၊ ဘဝအမောတွေ နေ့ တဓူဝ
ဂုတ်လျှို ထွန်ယက် ကျေးလက်နေ လူတန်းစားဘဝများ
လေထန်မုန်တိုင်း ဘဝသရမ်းကို ကျောပိုးခံရင်း
ခေတ်ပျက်ခရိုနီ လက်သစ်ချစ်တီးသွေးတွေရဲ့ သိမ်းသွားတဲ့ လယ်ယာနံဘေးမှာ
ဝေဠုကျော်၊ သီဟတင်စိုးတို့ ရဲ့ (ကိုလိုနီ တော်လှန်ရေးကားတွေ ကြည့်တယ်)
ကျော်ဟိန်း၊ ကျော်ရဲအောင်တို့ ရဲ့(လွတ်လပ်ရေးတိုက်ပွဲဝင်ကားတွေ ကြည့်တယ်)
အမြဲတမ်း ရှုံးနေရတဲ့ သူတို့ ဘဝကို ဒါကြည့်ပြီး အောင်ပွဲခံရ သတဲ့
ဒါတောင် ညတိုင်း မဟုတ် (တခါတလေ)၊ တောရောမြို့ပါ တူညီချက်ကတော့-ဒီလိုဇာတ်လမ်းတွေ အပြင်
မရယ်ရတဲ့ ဟာသကားပဲ ဖြစ်ဖြစ်
အောက်ပိုင်းပြက်လုံး ထယ်လဲသုံး ကားပဲဖြစ်ဖြစ်
ပညာသန်သန် တွေးရယ်စရာ ကားပဲဖြစ်ဖြစ်
ကလိ ထိုးပြီး ရယ်ရ ရယ်ရ
အသိ တိုးပြီး ရယ်ရ ရယ်ရ၊ (ရယ်ရရင် ပြီးရော)
တသက်အမောတွေ တနာရီကျော်နဲ့ လဲဖို့ 
ငပိရေကျဲ အကျိုနဲ့  ထမင်းကြမ်းလွေး ချိုးချန်ရင်း
ထရံကာ ဗွီဒီယိုရုံထဲ ပြေး ထိုင်လိုက်ကြတာပဲ တဲ့
ဒါတောင် ညတိုင်း မဟုတ် (တခါတလေ)၊ ခုတော့ တခါတလေများရဲ့ အိပ်မက် ပျက်ပြယ်
သူတို့ ဗီဒီယိုရုံလေးနဲ့ တရုတ်နီ မီးစက်လေး
ဘဝမျောမှာ ရေတိမ်နစ်သွားပြီ။ သူတို့ ရဲ့ တချို့အိမ်တွေ ကျူးကျော်မြေ ဆိုင်းဘုတ် ကပ်
သစ်ကိုင်းလွတ် မျောက်ပမာ သဝေထိုး မွှေခဲ့ပြီ။
သူတို့ ရဲ့ တချို့ လယ်ယာတွေ ၊ လုပ်ပိုင်ခွင့်တွေ
ခရိုနီ- ဦးပိုင်ပါးစပ်ထဲ အဝါးခံနေရပြီ။ သဘာဝဘေးဒဏ်တွေက ထပ်ရော မွှေ
သဘာဝလွန် ဘေးဒဏ်များလဲ ထပ်သမ မွှေ
ဘဝအမော လှိုင်းလုံးများက
တောရောမြို့ မကျန်
အခြေခံလူတွေရဲ့ ဘဝများစွာကို
ရေကြီးရေလျှံလို့  နစ်သထက် မြှုပ်
စိုးရိမ်ရေမှတ်ထိပ်မှာ ဥဒေါင်းမင်းဂါထာ ရွတ်နေရပေါ့။ ကျေးလက်အတွက် မျိုးစေ့ တဆုပ်
မြို့စွန်အတွက် ထမင်း တထုပ်
သူတို့ ဘဝ စိုးရိမ်ရေမှတ် မရောက်တရောက်မှာ
အချိန်မီ ပို့ နိုင်ကောင်း ထောက်ပံ့နိုင်ကောင်းရဲ့လို့ ဆုတောင်း
ဘဝတွေ မမြင့်နိုင်သေးတောင်မှ
ဘဝတွေ ထပ် မနိမ့်ဖို့  ကာဆီး သင့်။ ဓားခုတ်ရာ ကြား ခေါင်းလျှိုပေးရတဲ့ ဘဝများ
သိုးကလေးရဲ့ နားလည်တတ်ခြင်း ဒုက္ခမျိုး (ကင်းပပါစေ)
နေပူ သဲပူ ကန္တာရ ကုလားအုပ်များရဲ့ လည်ချောင်းသွေး
ရေငတ်ပြေ ဖောက်သောက်ခံ အဖြစ်ဆိုးမျိုး
ဒီဘဝတွင်ပဲ ဝေးကြပါစေ။ ကဲ - ပြည်သူ့ ဘဝတွေကတော့
မျိုးဆက်တွေပါ ညံ့ခဲ့ရ (၅ - ဆက် မကတော့ဘူး)
ပညာ၊ ကျန်းမာ၊ စီးပွား၊ လူမူ (အရေးတွေ အားလုံး)
အခြေခံ လူ့ အခွင့်များ (အစုစု အားလုံး)
လူတစုစာ အစားခံရဖို့ အဖြည့်ခံ ရှင်သန်
လောကနိဗ္ဗာန်ဆိုတဲ့ အဝေးမှာ လေ
မျက်စိကလယ်ကလယ်နဲ့  ဘဝမော မျောနေသူများအတွက်
(ကယ်တင်ရှင် အဖြစ်) ဘယ်သူများရဲ့ မေတ္တာလက်များ
ချိန်ကိုက် ကမ်းလင့်ပါ့လေမလဲ (မျှော် -) ။ ။

ခံစားချက် - လိုအပ်နေသော ကမ်းလင့်လက်များ ကျော်ဟုန်း - Oct 15 2012 11:43 PM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
ကျော်ဟုန်း ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012