Top Advertisement
ရေညှိ မတက်တဲ့ လမ်းမ

ရေညှိ မတက်တဲ့ လမ်းမ - မောင်လွမ်းဏီ (သရုပ်ဖော် - မြင့်လှိုင်)

ဟုတ်လား
၂၄ နှစ်တောင်
မောင်ပေါ်ဦးထွန်းလည်း
၅၀ စွန်းခဲ့ပကော။

ဟုတ်လို့ လား
မိုးသီးဇွန်လည်း၊ နွံထဲက လှည်းဘီးကို
အွန်လိုင်းက တီးခေါက် ရှာဖွေ။

မီဒီယာမှာ
အာဏာရှင်စနစ် နှစ် ၅၀
လူထုခေါင်းဆောင် ၆၇ နှစ်
၈ လေးလုံး ၂၄ နှစ်
ကျောင်းသားတပ်မတော် ၂၄ နှစ်
ဒေါင်းအိုးဝေ သက်တမ်းရေတွက်
မနက်ဖန်ဆို သြဂတ်စ်လမ်းတွေ
ရဲစွေး နီမြန်း၊ သွေးခင်းလမ်းအကြောင်း
နောက်ကြောင်းပြန် တေးဆိုကြလိမ့်မယ်။

ငြိမ်းချမ်းရေးက
အလှမ်းမဝေးလောက်ပါဘု
လမ်းဘေးရောက်နေတဲ့ တေးငှက်တွေ။

အေး
ဟုတ်တယ်
ဓား ဓားချင်း လှံလှံချင်း ပြဇာတ်က
လွှတ်တော်တွင်းမှာ ကလို့ မရသေးဘူး။ ။

မောင်လွမ်းဏီ
၃၁ - ၇ - ၂၀၁၂
သဘောထားအမြင် - ရေညှိ မတက်တဲ့ လမ်းမ မောင်လွမ်းဏီ - Aug 30 2012 06:01 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005