နောက်ဆုံးထွက်သက်ကို ကြိုတင် တူးဖော် ခံစားခြင်း

နောက်ဆုံးထွက်သက်ကို ကြိုတင် တူးဖော် ခံစားခြင်း - ရဲရင့်သက်ဇွဲ (သရုပ်ဖော် - မြင့်လှိုင်)
အားလုံးပဲဗျာ၊
ဒေါင်ကျကျ ပြားကျကျ
ဘ၀မှာ နေတတ် သေတတ်အောင် ကြိုးစား
ပုံစံခွက်တွေကြားမှာ
အသွေးအသားနဲ့  နှလုံးသား
ခန်းခြောက် မသွားစေချင်။ ဆင်းရဲတဲ့ ဘ၀မှာ
လောကဓံကို ခံနိုင်တဲ့
သစ္စာတရားကို ပို သိခဲ့ပြီ။ ချမ်းသာတဲ့ဘ၀မှာ
ဒုက္ခရဲ့ သစ္စာတရားကို ပိုသိခဲ့ပြီ
ဥယျာဉ်တံခါးဝမှ
လက္ခဏာရေး သုံးပါး
ငါ့အား ဖတ်မပြကြပါနဲ့၊
အိုခြင်း နာခြင်း သေခြင်းတရားမှာ
နောက်ဆုံးတခုသာ
ငါ့အတွက် မျှော်လင့်စရာ ကျန်တော့တယ်။ ပုံစံခွက်တွေ မုန်းတဲ့ ငါ
မနက်ဆေးပြား ခုနှစ်လုံး
နေ့ လည် သုံးလုံး ည သုံးလုံး
မသေမချင်း ပုံစံခွက်အတွင်း သွပ်သွင်း ခံရ
မျှော်လင့်ချက်တွေကတော့
ရပ်ဆိုင်းသွားတော့မယ့် နှလုံး
တချက်တချက် ထခုန်သလိုမျိုး
နရီစည်းဝါး မဲ့လွန်းလှပြီ။ မသေခင်လေးမှာ
အမေ့ကို တခါလောက်တော့ ပွေ့ဖက်ခွင့်ရချင်သေး
သမီး သား ဇနီးမယားနဲ့ အတူနေခွင့် ရချင်သေး
အကိုရေ၊ ငါ့တူမတွေအတွက်
ဒုတ်ဆွဲ ဓါးဆွဲ မင်းနဲ့ငါ ရန်တပွဲလောက် ဖြစ်ချင်သေး
ယုံကြည်ချက်အကျဉ်းသား တိုက်ပွဲမှာ ပျော်
တိုက်ရဲတဲ့ရဲဘော်ရဲဘက်တွေကို ထောင်ဝင်စာတွေ့ သွားချင်သေး
ဇော်ဇော်အောင် ဖိုးချို ချက်ကြီး အရူးလေးတင့်နိုင်
မင်းတို့နဲ့ ဟိုထိုင် ဒီထိုင်
တခွက်တဖလားလောက်တော့ ကိုင်ချင်သေး
တပ်ဦးက ရဲဘော်တွေနဲ့ အတူ တိုက်ပွဲဝင်လိုက်ချင်သေး
အလွန် ဆိုးသွမ်းယုတ်မာတဲ့ အာဏာရှင်တွေရဲ့
မျက်နှာတွကို စေ့စေ့ကြည့်ပြီး
အလှည့်ကျရင် မနွဲ့ ကြကြေး ပြောခဲ့ချင်သေး
ဆန္ဒနဲ့ဘ၀ တထပ်ထဲ ကျလိုက်ချင်တယ်
ဆန္ဒနဲ့ ဘ၀ တထပ်ထဲ ကျလိုက်ချင်တယ်
ညနက်နက်ထဲ ငါ့ရဲ့အော်သံ ပဲ့တင်ထပ်မျှ ဝေး ။
ရဲရင့်သက်ဇွဲ
၀၈၀၁၂၀၁၂
၁၄း၁၁ ပီအမ်
ဒေါင်ကျကျ ပြားကျကျ
ဘ၀မှာ နေတတ် သေတတ်အောင် ကြိုးစား
ပုံစံခွက်တွေကြားမှာ
အသွေးအသားနဲ့  နှလုံးသား
ခန်းခြောက် မသွားစေချင်။ ဆင်းရဲတဲ့ ဘ၀မှာ
လောကဓံကို ခံနိုင်တဲ့
သစ္စာတရားကို ပို သိခဲ့ပြီ။ ချမ်းသာတဲ့ဘ၀မှာ
ဒုက္ခရဲ့ သစ္စာတရားကို ပိုသိခဲ့ပြီ
ဥယျာဉ်တံခါးဝမှ
လက္ခဏာရေး သုံးပါး
ငါ့အား ဖတ်မပြကြပါနဲ့၊
အိုခြင်း နာခြင်း သေခြင်းတရားမှာ
နောက်ဆုံးတခုသာ
ငါ့အတွက် မျှော်လင့်စရာ ကျန်တော့တယ်။ ပုံစံခွက်တွေ မုန်းတဲ့ ငါ
မနက်ဆေးပြား ခုနှစ်လုံး
နေ့ လည် သုံးလုံး ည သုံးလုံး
မသေမချင်း ပုံစံခွက်အတွင်း သွပ်သွင်း ခံရ
မျှော်လင့်ချက်တွေကတော့
ရပ်ဆိုင်းသွားတော့မယ့် နှလုံး
တချက်တချက် ထခုန်သလိုမျိုး
နရီစည်းဝါး မဲ့လွန်းလှပြီ။ မသေခင်လေးမှာ
အမေ့ကို တခါလောက်တော့ ပွေ့ဖက်ခွင့်ရချင်သေး
သမီး သား ဇနီးမယားနဲ့ အတူနေခွင့် ရချင်သေး
အကိုရေ၊ ငါ့တူမတွေအတွက်
ဒုတ်ဆွဲ ဓါးဆွဲ မင်းနဲ့ငါ ရန်တပွဲလောက် ဖြစ်ချင်သေး
ယုံကြည်ချက်အကျဉ်းသား တိုက်ပွဲမှာ ပျော်
တိုက်ရဲတဲ့ရဲဘော်ရဲဘက်တွေကို ထောင်ဝင်စာတွေ့ သွားချင်သေး
ဇော်ဇော်အောင် ဖိုးချို ချက်ကြီး အရူးလေးတင့်နိုင်
မင်းတို့နဲ့ ဟိုထိုင် ဒီထိုင်
တခွက်တဖလားလောက်တော့ ကိုင်ချင်သေး
တပ်ဦးက ရဲဘော်တွေနဲ့ အတူ တိုက်ပွဲဝင်လိုက်ချင်သေး
အလွန် ဆိုးသွမ်းယုတ်မာတဲ့ အာဏာရှင်တွေရဲ့
မျက်နှာတွကို စေ့စေ့ကြည့်ပြီး
အလှည့်ကျရင် မနွဲ့ ကြကြေး ပြောခဲ့ချင်သေး
ဆန္ဒနဲ့ဘ၀ တထပ်ထဲ ကျလိုက်ချင်တယ်
ဆန္ဒနဲ့ ဘ၀ တထပ်ထဲ ကျလိုက်ချင်တယ်
ညနက်နက်ထဲ ငါ့ရဲ့အော်သံ ပဲ့တင်ထပ်မျှ ဝေး ။
ရဲရင့်သက်ဇွဲ
၀၈၀၁၂၀၁၂
၁၄း၁၁ ပီအမ်
ခံစားချက် - နောက်ဆုံးထွက်သက်ကို ကြိုတင်တူးဖော်ခံစားခြင်း ရဲရင့်သက်ဇွဲ - Feb 15 2012 08:24 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
ရဲရင့်သက်ဇွဲ ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012