Top Advertisement
ဗီအိုအေ - မြန်မာပိုင်း အစီအစဉ် (VOA - Burmese) ရဲ့ RSS Feed သတင်းများကို ဖော်ပြထားခြင်း ဖြစ်ပါတယ်။

သေဒဏ်ကျခံ မြန်မာအမျိုးသမီးနဲ့ ပတ်သက်သူတွေကို ထိုင်းရဲ ဆက်လက်ဖမ်းဆီး
Wed, 20 Feb 2019 07:42:59 +0630

ထိုင်းနိုင်ငံမှာ သေဒဏ်ကျခံနေရတဲ့ မြန်မာအမျိုးသမီးနဲ့ ဆက်နွယ်နေတဲ့ ထိုင်းနိုင်ငံသားများအား ဆက်လက်ဖမ်းဆီးပြီး ပိုင်ဆိုင်မှု ဘတ်သန်း ၁၀၀ ကျော် သိမ်းဆည်းခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောဆိုပါတယ်။

တရုတ်နဲ့ ကုန်သွယ်ရေး သဘောတူကန့်သတ်ရက် Trump ရွှေ့ဆိုင်းပေးဖွယ်ရှိ
Wed, 20 Feb 2019 07:12:32 +0630

တရုတ်နဲ့ ကုန်သွယ်ရေး ဆိုင်ရာ သဘောတူညီချက်ရဖို့ ရက်ကို အတိအကျ အထူးပြု သတ်မှတ်ထားတာ မျိုး မရှိတဲ့အတွက် အခွန်ကောက်ခံမှု အသစ်ချမှတ်ဖို့ မတ်လ ၁ ရက်နေ့ နောက်ဆုံး သတ်မှတ်ထားတာကို ရက်ပြောင်းရွှေ့နိုင်တယ်လို့ အမေရိကန်သမ္မတ Donald Trump က ပြောပါတယ်။

တရားသူကြီး ကို မထီမဲ့မြင်ပြုမှုအတွက် Trump အကြံပေးဟောင်း တောင်းပန်
Wed, 20 Feb 2019 07:07:05 +0630

သမ္မတ Donald Trump ရဲ့ အကြံပေး အဖြစ် ကာလရှည် ဆောင်ရွက်ခဲ့ဖူးသူ Roger Stone က သူ့အမှုကို ကြားနာတဲ့ တရားသူကြီးရဲ့ ဓာတ်ပုံကို လူမှုကွန်ယက်ပေါ်မှာ တင်ခဲ့ပြီးနောက်မှာတော့ သူ့ကို ပေးထားတဲ့ အာမခံ ပြန်ပြီး ရုပ်သိမ်း သင့် မသင့် ပြန်သုံးသပ်ဖို့ ဒီသတင်းပတ် နှောင်းပိုင်းမှာ တရားရုံးတက်ဖို့ ဆင့်ခေါ်ခံထားရပါတယ်။

ဖိလစ်ပိုင်နိုင်ငံ ကို နာမည်ပြောင်းဖို့ Duterte လိုလား
Wed, 20 Feb 2019 07:03:07 +0630

ဖိလစ်ပိုင် နိုင်ငံရဲ့ အမည်ကို Maharlika အဖြစ် ပြောင်းလဲရေး အဆိုပြုချက်ကို သမ္မတ ရိုဒရီဂို ဒူတာတေးက ပြန်လည် ဖော်ထုတ်ပြောဆိုလာပြီးနောက်မှာတော့ နိုင်ငံ အမည်ပြောင်းရေး အတွက် ဥပဒေသစ်နဲ့ လူထုဆန္ဒခံယူပွဲနဲ့ အတည်ပြုဖို့လည်း လိုအပ်မှာ ဖြစ်တယ်လို့ ဖိလစ်ပိုင် သမ္မတ နန်းတော်က အင်္ဂါနေ့ ပြောဆိုလိုက်ပါတယ်။

၇၁ ကြိမ် ချင်းပြည်နယ်နေ့ ပြည်ပရောက်ချင်းတွေရဲ့ မျှော်မှန်းချက်
Wed, 20 Feb 2019 06:55:42 +0630

ဒီကနေ့ဟာ ၇၁ နှစ်မြောက် ချင်းအမျိုးသားနေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးပြည်နယ်တခုဖြစ်တဲ့ ချင်းပြည်နယ်ဟာ အခုချိန်ထိ သိသာတဲ့တိုးတက်မှုတွေ ဖြစ်မလာသေးတဲ့အချက်က ချင်းလူထုအတွက် စိတ်မသက်မသာ ဖြစ်စရာအချက်တခုပါ။

တိုင်းရင်းသားပြဿနာ နှင့် ရွေးကောက်ပွဲအလားအလာ
Wed, 20 Feb 2019 06:50:24 +0630

ဖေဖေါ်ဝါရီ ၂၀၊ ၂၀၁၉ - ရွေးကောက်ပွဲကို ဘယ်လို ရိုက်ခတ်နိုင်သလဲဆိုတာ မြန်မာပြည်မှာအခြေစိုက် တာဝန်ထမ်းဆောင်ပြီး အခုမှ ဝါရှင်တန်ဒီစီ ကို ပြန်လည်ရောက်ရှိလာတဲ့ VOA ၀ိုင်းတော်သား ကိုကျော်ကျော်သိန်း နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ချင်းတိုင်းရင်းသား Dragon Leg နပန်းသမား နိုင်ငံတကာအဆင့်မီကြိုးပမ်းမှု
Wed, 20 Feb 2019 06:48:16 +0630

မြန်မာနိုင်ငံမှာ ကျင်းပတော့မယ့် One Championship– MMA ကိုယ်ခံပညာစုံသုံးခွင့်ရှိတဲ့ Catchweight ကမ္ဘာ့ချန်ပီယံပြိုင်ပွဲမှာ ပထမဆုံးအကြိမ် မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်မယ့် The Dragon Leg လို့အမည်ပေးထားတဲ့ ချင်း လက်ဝှေ့သမား တီရယ်ထန် ရဲ့ အစွမ်းအစကို မြန်မာပရိသတ်တွေ ရှူစားကြရတော့မှာပါ။

ဆိုင်ကလုန်းဒဏ် ခံကြရမည့် ရိုဟင်ဂျာဒုက္ခသည်တွေ အရေး နိုင်ငံတကာ ကြက်ခြေနီ စိုးရိမ်
Wed, 20 Feb 2019 03:32:20 +0630

ဘင်္ဂလားဒေရှ့် နိုင်ငံ ကောဇ့်ဘဇားက သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အတွက် မကြာခင် ကျရောက်မယ့် ဆိုင်ကလုန်း ရာသီ အတွင်း ကြုံတွေ့နိုင်တဲ့ အန္တရာယ်တွေကနေ ကာကွယ်ပေးနိုင်မှု နည်းပါးနေတယ်လို့ ကြက်ခြေနီနဲ့ လခြမ်းနီ အသင်းများ နိုင်ငံတကာ ဖက်ဒရေးရှင်း IFRC က သတိပေးလိုက်ပါတယ်။

စစ်ရှောင်ရွာသား ၁၃ ဦး မတရားအသင်းဆက်နွယ်မှုနဲ့ တရားစွဲခံရ
Tue, 19 Feb 2019 23:15:08 +0630

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ဘေးတိမ်းရှောင်လာတဲ့ ရှင်း လက်ဝရွာသား အယောက် ၂၀ ကျော်ထဲက (၁၃) ဦးကို မတရားအသင်းနဲ့ ဆက်နွယ်မှု ပုဒ်မ ၁၇ (၁) (၂) တို့နဲ့ တရားစွဲဆိုလိုက်ပြီး ကျန်လူတွေကိုတော့ ခံဝန်ကတိနဲ့ ပြန် လွှတ်ပေးလိုက်ပါတယ်။

ခြေဥပြင်ရေး ပူးပေါင်းကော်မတီဝင်စာရင်း လွှတ်တော်အတည်ပြု
Tue, 19 Feb 2019 23:04:38 +0630

အငြင်းပွားနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အဖွဲ့ဝင်စာရင်းကို ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲ အတည်ပြုလိုက်ပါပြီ။

မြန်မာစစ်တပ်နဲ့ RCSS/SSA တိုက်ပွဲဖြစ်ပွား
Tue, 19 Feb 2019 23:04:33 +0630

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA လက်နက်ကိုင်တပ်သား တချို့နဲ့ မြန်မာစစ်တပ် အကြား ဒီကနေ့မနက်ပိုင်း သီပေါမြို့နယ်မှာ ပစ်ခတ်မှုရှိခဲ့ပြီး RCSS ဘက်က ၂ယောက်ကျဆုံးခဲ့တယ်လို့ မြန်မာစစ်တပ်ဘက်က ပြောပါတယ်။

ဖွဲ့စည်းပုံပြင်ရေးကော်မတီ အလုပ်ဖြစ် မဖြစ် (တိုက်ရိုက်လေလှိုင်း)
Tue, 19 Feb 2019 22:57:25 +0630

ဖေဖော်ဝါရီလ ၁၉၊ ၂၀၁၉။ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကတိက၀တ်နဲ့ ရွေးကောက်ပွဲအနိုင်ရလာခဲ့သလို၊ လက်ရှိမှာတော့ ဖွဲ့စည်းပုံပြင်ရေးခြေလှမ်းကို လွှတ်တော်ထဲ စတင် လှမ်းလိုက်ပါတယ်။ ဖွဲ့စည်းပုံပြင်ရေးအတွက် အခြားပါတီတွေပါတဲ့ ပူးတွဲကော်မတီဖွဲ့စည်းလိုက်ပေမယ့်၊ ဒါဟာ လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးလို့ အတိုက်အခံ ကြံခိုင်ရေးပါတီနဲ့ တပ်မတော်ကိုယ်စားလှယ်တွေက ကန့်ကွက်နေပါတယ်။ ဒါပေမယ်လို့ ဖွဲ့စည်းပုံပြင်ရေး သူတို့မှာလည်း သဘောထားရှိတယ်လို့တော့ အတိုက်အခံတွေဖက်က...

ကက်ရှ်မီးယားအရေး အိန္ဒိယကို ပါကစ္စတန် သတိပေး
Tue, 19 Feb 2019 21:13:39 +0630

အိန္ဒိယနိုင်ငံက စစ်ရေးအရ ဆောင်ရွက်လာမယ်ဆိုရင် ချက်ခြင်းတုံ့ပြန်သွားမှာဖြစ်ကြောင်း ပါကစ္စတန် ၀န်ကြီးချုပ် Imran Khan က ဒီနေ့ပဲ သတိပေးလိုက်ပါတယ်။

သမ္မတ Trump ကို ပြည်နယ် ၁၆ ခု တရားစွဲ
Tue, 19 Feb 2019 21:13:37 +0630

မက္ကစီကိုနိုင်ငံနဲ့ နယ်စပ်မှာ တံတိုင်းကာမယ့် အသုံးစရိတ်ရနိုင်ဖို့ အမေရိကန် သမ္မတ Donald Trump နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာခဲ့တဲ့အပေါ် ပြည်နယ် ၁၆ ခုက တရားစွဲလိုက်ပါတယ်။

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ Sanders ၀င်ပြိုင်မည်
Tue, 19 Feb 2019 21:13:03 +0630

၂၀၂၀ ပြည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Donald Trump ကို ယှဉ်ပြိုင်မယ့် အတိုက်အခံ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း တဦးအဖြစ် အထက်လွှတ်တော်အမတ် Bernie Sanders က ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။

နေ့စဉ် တီဗွီသတင်းလွှာ (၀၂-၁၉-၂၀၁၉)
Tue, 19 Feb 2019 19:00:00 +0630

သမ္မတ Trump နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာခဲ့တဲ့အပေါ် ပြည်နယ် ၁၆ ခုက တရားစွဲ၊ ဗင်နီဇွဲလားနိုင်ငံအတွက် နေ့သစ်တခု စတင်ဖို့ဆိုတဲ့ သမ္မတ Trump ရဲ့ တောင်းဆိုချက်ကို သမ္မတ Maduro ပယ်ချ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲအတည်ပြု ဖွဲ့စည်း စသဖြင့် ...

ဗင်နီဇွဲလား စစ်တပ်ကို သမ္မတ Trump ဖိအားပေး
Tue, 19 Feb 2019 19:00:00 +0630

ဗင်နီဇွဲလားစစ်တပ်အနေနဲ့ သမ္မတ Nicolas Maduro အာဏာဆက်ပြီးမြဲနေအောင် ထောက်ခံနေတာကို ရပ်ပစ်ဖို့ အမေရိကန်သမ္မတ Donald Trump က သတိပေးလိုက်ပြီး လူသားစာနာမှုအကူအညီတွေ ပေးခွင့်ပြုဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ ဗွီအိုအေရဲ့ သတင်းထောက် Patsy Widakuswara ရဲ့ သတင်းလွှာကို ကိုကျော်ကျော်သိန်းက တင်ပြပေးပါမယ်။

အမေရိကန်နဲ့ IS နှိမ်နှင်းရေးစစ်ပွဲ
Tue, 19 Feb 2019 19:00:00 +0630

အကြမ်းဖက် ၀ါဒစွဲ အဖွဲ့ IS ကျဆုံးတော့မယ်လို့ အမေရိကန် သမ္မတ Donald Trump က ပြောဆိုနေပေမယ့်လည်း သုံးသပ်သူ အများအပြားကတော့ IS တို့ အနေနဲ့ ဆက်ပြီး တိုက်ခိုက်နိုင်စွမ်းရှိနေတဲ့ အပေါ်မှာ စိုးရိမ်နေကြပါတယ်။ ဗွီအိုအေ သတင်းထောက် Henry Ridgwell သတင်းပေးပို့ထားတာကို မသိင်္ဂီထိုက် ပြောပြမှာပါ။

သတင်း အကျဉ်းချုပ် (၀၂-၁၉-၂၀၁၉)
Tue, 19 Feb 2019 19:00:00 +0630

သတင်း အကျဉ်းချုပ် (၀၂-၁၉-၂၀၁၉)

CEDAW ညီလာခံ မြန်မာအစီရင်ခံစာပြုစုမှုအပေါ် သုံးသပ်ချက်
Tue, 19 Feb 2019 07:40:55 +0630

CEDAW ခေါ် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု အလုံးစုံ ပပျောက်ရေး ၇၂ ကြိမ်မြောက် ညီလာခံကို ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမှာ မနေ့က စလို့ မတ်လ ၈ ရက်နေ့ အထိ ကျင်းပမှာ ဖြစ်ပါတယ်။

ယနေ့မြန်မာကို ကူညီ ထောက်ပံ့ကြသူများ
ကူညီထောက်ပံ့ကြသူများစာရင်းကို ဒီနေရာတွင် ဖော်ပြသွားမှာ ဖြစ်ပါတယ်။
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၇၈၃ ကျပ်
1 US Dollar = 783 Kyats
ဒီဇင်ဘာ ၁၂ ရက် ၂၀၁၁ (December 12, 2011) ဈေးနှုန်း