Top Advertisement
လွတ်လပ်တဲ့ အာရှအသံ (မြန်မာပိုင်း အစီအစဉ်) ရဲ့ RSS Feed သတင်းများကို ဖော်ပြထားခြင်း ဖြစ်ပါတယ်။

ရန်ကုန်ဆေးရုံကြီး မီးလောင်မှု လူထိခိုက်မှု မရှိ

ရန်ကုန်ဆေးရုံကြီးမှာ တနင်္လာနေ့ ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့လို့ လူနာတွေကို ရွှေ့ပြောင်းခဲ့ရပါတယ်။

ဒုက္ခသည်တွေကို ထုတ်ပေးမယ့် ကတ်ပြားမှာ ဝေါဟာရ အစားထိုးပြင်ဆင်ဖို့ ဘင်္ဂလားဒေ့ရှ် သဘောတူ

ဒီသီတင်းပတ်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီနဲ့ မြန်မာ အစိုးရ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြရာမှာ ရခိုင်ပြည်နယ်က ထွက်ပြေးသွားခဲ့ကြတဲ့ ဒုက္ခသည်တွေကို ထုတ်ပေးမယ့် အသိအမှတ်ပြုကတ်ပြားမှာ မြန်မာနိုင်ငံသားများဆိုတဲ့ ဝေါဟာရ အစား ရခိုင်ပြည်နယ်က နေရာရွှေ့ပြောင်းရသူများလို့ အစားထိုးပြင်ဆင်ဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က သဘောတူခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အရာရှိတစ်ဦးကပြောဆိုတယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် ဘီနား သတင်းက ဖော်ပြပါတယ်။

အုတ်ကျင်း ဂုန်နီစက်ရုံ ၀န်ထမ်း ၁၀၀ နစ်နာကြေးယူ

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်မှာ ပိတ်သိမ်းလိုက်တဲ့ အုတ်ကျင်း ဂုန်နီစက်ရုံက ၀န်ထမ်း ၅၀၀ ထဲမှာ တစ်ရာက နစ်နာကြေးယူပြီး ထွက်သွားကြပေမယ့် ကျန် ၀န်ထမ်း ၄၀၀ လောက်က နောက်လုပ်ငန်းတွေမှာ ဆက်လက်လုပ်ကိုင်ခွင့် ရရှိဖို့ စောင့်ဆိုင်းနေကြတယ်လို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဒီနေ့ ပြောပါတယ်။

နှစ်ရက်အတွင်း မိုးများနိုင်တဲ့ ဒေသတွေ မိုးဇလ ထုတ်ပြန်

တိုင်းနဲ့ ပြည်နယ် ၇ ခုမှာ နောက်နှစ်ရက်အတွင်း မိုးများလာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်လိုက်ပါတယ်။

၈၈ ငြိမ်းပွင့်က မမီးမီး ကွယ်လွန်

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီး ဟာ ကျောင်းကုန်းမြို့နယ်မှာ ယာဉ်မတော်တဆမှုနဲ့ ကွယ်လွန်သွားပါတယ်။

မလေးရှားဝန်ကြီးချုပ် မြန်မာအစိုးရကိုဝေဖန်

မလေးရှားဝန်ကြီးချုပ် မဟာသီယာက မြန်မာအစိုးရအပေါ် ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြား လိုက်ပါတယ်။ “မြန်မာအစိုးရရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေဟာ ရွံရှာဖွယ်ကောင်း ပါတယ်။ အဲဒီလို လုပ်ရပ်တွေဟာ ယဉ်ကျေးတဲ့ နိုင်ငံတွေရဲ့ အပြုအမူတွေ မဟုတ်ပါဘူးလို့” ဝန်ကြီးချုပ်မဟာ သီယာကပြောကြားခဲ့တာ ဖြစ်ပါတယ်။

လယ်သမားသမဂ္ဂ ဗဟိုညီလာခံ ကျင်းပ

ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဗဟိုညီလာခံကို စစ်တွေမြို့မှာ ၄ရက်ကြာ ကျင်းပနေပါတယ်။

NLD ကို အရေးယူပေးဖို့ ၂၁ ပါတီရဲ့ တိုင်ကြားချက်ကို ကော်မရှင် အကြောင်းပြန်

NLD ပါတီက ဦးဆောင်ကျင်းပခဲ့တဲ့ အမျိုးသမီးညီလာခံနဲ့ပတ်သက်ပြီး အရေးယူပေးဖို့ ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ အပါအဝင် ပါတီ ၂၁ ခုက တိုင်ကြားထားမှုကို အရေးယူရမယ့် ဥပဒေပုဒ်မတွေနဲ့ ပြန်လည်တင်ပြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အကြောင်းပြန်လိုက်ပါတယ်။

ကရင်အာဇာနည်နေ့ အခမ်းအနား ဦးဆောင်သူ ၅ ဦးကို တရားစွဲ

၆၈ နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို ခွင့်ပြုချက်မရှိဘဲ ကျင်းပတယ်ဆိုပြီး ကရင်အမျိုးသားအစည်းအရုံး KNU က ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုမန်းငြိမ်းမောင် အပါအဝင် ၅ ဦးကို ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးအဖွဲ့က တရားစွဲလိုက်ပါတယ်။

မန္တလေးမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွား၊ တစ်ဦးသေဆုံး

မန္တလေးမြို့မှာ ဒီနေ့ နေ့လယ်ခင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အလယ်တန်းပြ ကျောင်းဆရာ ဖမ်းဆီးခံရမှုကို ကန့်ကွက်ဆန္ဒပြ

ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်မှာ လိမ်လည်မှုနဲ့ အမှုဖွင့်ခံထားရတဲ့ အလယ်တန်းပြ ကျောင်းဆရာတစ်ယောက်ကို ပညာရေးဌာနရဲ့ ခွင့်ပြုချက်မယူဘဲ ဖမ်းဆီးချုပ်နှောင်ထားတဲ့အပေါ် ကန့်ကွက်ကြောင်း ပညာရေးဝန်ထမ်းတွေနဲ့ ဒေသခံ ၄၀၀ ကျော်က ဒေးဒရဲမြို့မှာ ဒီနေ့ ဆန္ဒပြကြပါတယ်။

ယောမင်းကြီးဇရပ် စကားဝိုင်း

မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) က ဦးဆောင်ကျင်းပတဲ့ ဒုတိယမြောက် ယောမင်းကြီးဇရပ် စကားဝိုင်းဆွေးနွေးပွဲကို ဒီကနေ့ မနက် ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ နိုဗိုတယ် ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

ဟောပြောပွဲမပါဘဲ ကရင့်အာဇာနည်နေ့ အခမ်းအနားကျင်းပ

ကန့်သတ်တားမြစ်တာကြောင့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်က စိန့်ပီတာ စိန်ပေါလ် ဘုရားကျောင်းမှာ ကရင်အမျိုးသားအာဇာနည်နေ့ အခမ်းအနားကို ဟောပြောပွဲ မပါဘဲ ဒီနေ့ ကျင်းပခဲ့ရတယ်လို့ အခမ်းအနားဖြစ်မြောက်ရေး စီစဉ်သူတွေက ပြောပါတယ်။

ဘာသာပေါင်းစုံညီညွတ်ရေးအဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လာအောင် ဒုက္ခသည် စခန်းတွေကို သွားရောက်ပြောဆိုပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဘာသာပေါင်းစုံ ညီညွတ်ရေးအဖွဲ့ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

ဘိလပ်မြေစက်ရုံအလုပ်သမား ၂၀၀ ခန့် ဆန္ဒပြ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်က ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံမှာ အလုပ်သမားအခွင့်အရေးတွေ အပြည့်အ၀ရရှိဖို့ အလုပ်သမား ၂၀၀ ခန့်က မြို့တွင်းမှာ ဒီနေ့ လှည့်လည်ဆန္ဒပြ တောင်းဆိုကြပါတယ်။

ယနေ့မြန်မာကို ကူညီ ထောက်ပံ့ကြသူများ
ကူညီထောက်ပံ့ကြသူများစာရင်းကို ဒီနေရာတွင် ဖော်ပြသွားမှာ ဖြစ်ပါတယ်။
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၇၈၃ ကျပ်
1 US Dollar = 783 Kyats
ဒီဇင်ဘာ ၁၂ ရက် ၂၀၁၁ (December 12, 2011) ဈေးနှုန်း