Burma Today Header
October 23, 2011

Hello everyone,

We, Burma Today, have been learnt that many of our friends having a trouble with email news letter subscription service, unsubscribing email newsletter, and adding a friend list in Burma Today facebook. This is the reason why we create this help section to you all.

For our Burmese audience, we believe that the Burmese language description is more suitable than Englsih description. So, we decided to write all of our explanation in Burmese.

မိတ်ဆွေများ ခင်ဗျား။

လေ့လာတွေ့ရှိချက်များအရ မိတ်ဆွေတို့အနေနဲ့ အီးမေးလ်သတင်းလွှာ တောင်းခံမှု၊ အီးမေးလ်သတင်းလွှာ ပေးပို့တဲ့စာရင်းမှ ပယ်ဖျက်မှုနဲ့ Burma Today facebook နဲ့ ဆက်သွယ်မှုများတွင် အခက်အခဲများ ရှိနေတာကို သတိထားမိပါတယ်။ ဒါ့ကြောင့်မို့ အခုလို အကူအညီပေးတဲ့စာ ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။

(ယခင်တခေါက် သတိထားမိစဉ်က အကူအညီ နည်းလမ်းတွေကို အကြောင်းပြန်တဲ့ အီးမေးလ်ထဲမှာ မြန်မာစာလုံးနဲ့ ရေးဖို့ ကြိုးစားမိလိုက်တဲ့အတွက် အီးမေးလ်သတင်းလွှာ တောင်းခံတဲ့စနစ်တခုလုံး ပျက်သွားခဲ့တာမို့ အီးမေးလ်သတင်းလွှာစနစ်တခုလုံး အသစ် ပြန် တည်ဆောက်ထားရပါတယ်။ ဒါ့ကြောင့် ၂၀၁၁ အောက်တိုဘာ ၁၇ ရက်နေ့နဲ့ အဲဒီနေ့ မတိုင်မီ အီးမေးလ်လိပ်စာ အတည်ပြုရမယ့် အကြောင်းကြားစာ ရရှိထားသူများအနေနဲ့ အသစ် ပြန်လည် ဖြည့်စွက်ဖို့ လိုအပ်ပါလိပ်မယ်။ အကြောင်းကတော့ ၂၀၁၁ အောက်တိုဘာ ၁၇ ရက်နေ့ အမေရိကန် အရှေ့ဘက်ခြမ်း စံတော်ချိန် ညနေ ၃ နာရီခန့်မှ စတင်ပြီး စနစ်အသစ်ကို စတင် အသုံးပြုလို့ ဖြစ်ပါတယ်။)

RedSideCorner
Red Tab Middle News Red Bar End
Bluedotအီးမေးလ်သတင်းလွှာ ရယူလိုသူများအတွက် အကူအညီ နည်းလမ်းများ

Bluedotယနေ့မြန်မာ အီးမေးလ်သတင်းလွှာ ရယူသူများရဲ့ အီးမေးလ်စနစ် လုံခြုံဖို့အတွက်နဲ့ မလိုလားအပ်တဲ့ ပြဿနာများကို ရှောင်ရှားဖို့အတွက် သတင်းလွှာ တောင်းခံတဲ့ အီးမေးလ်လိပ်စာရဲ့ အတည်ပြုချက် ရယူတဲ့ စနစ်ကို အသုံးပြုထားပါတယ်။

Bluedotအီးမေးလ်သတင်းလွှာ ရယူလိုလျှင် ပထမဆုံးအဆင့်အနေနဲ့ ယနေ့မြန်မာအင်တာနက်စာမျက်နှာရှိ အီးမေးလ်သတင်းလွှာ ရယူရန် လင့်ခ်မှတဆင့် အီးမေးလ်လိပ်စာနဲ့ အမည် (First Name, Last Name) တို့ကို ဖြည့်စွက်ဖို့ လိုအပ်ပါတယ်။ (အောက် ဖော်ပြပါ ပုံတွင် ကြည့်ပါ။)


Bluedotအဲဒီလို ဖြည့်စွက်လိုက်တဲ့အခါ အောက် ဖော်ပြပါ စာမျက်နှာကို တွေ့ရပါလိမ့်မယ်။

News Letter Help 2
Bluedotတချိန်ထဲမှာပဲ မိတ်ဆွေဖြည့်စွက်ထားတဲ့ အီးမေးလ်လိပ်စာတွင် (ဂျီမေးလ် အသုံးပြုပါက အောက်ဖော်ပြပါ ပုံအတိုင်း) ယနေ့မြန်မာရဲ့ အီးမေးလ်တစောင် ရောက်နေပါလိမ့်မယ်။

News Letter Help 3
Bluedotအီးမေးလ်တွင် ပါတဲ့ လင့်ခ်ကို နှိပ်လိုက်ရင် အောက် ဖော်ပြပါ ပုံအတိုင်း အင်တာနက် စာမျက်နှာတခုကို မြင်ရမှာဖြစ်ပြီး မိတ်ဆွေရဲ့အီးမေးလ်ထဲကိုလည်း နှုတ်ခွန်းဆက် အီးမေးလ်တစောင် ရောက်နေတာ တွေ့ရပါလိမ့်မယ်။ ဒါဆိုရင်တော့ ယနေ့မြန်မာ အီးမေးလ်သတင်းလွှာ ဖြန့်ချိတိုင်း မိတ်ဆွေရဲ့ အီးမေးလ်ထဲကို ရောက်လာမှာ ဖြစ်ပါတယ်။

New Letter Help 4
News Letter Help 4
Bluedotအီးမေးလ်သတင်းလွှာ မရယူလိုသူများအတွက် အကူအညီ နည်းလမ်းများ

Bluedotအီးမေးလ် သတင်းလွှာ မရယူလိုသူများအနေနဲ့ အီးမေးလ်သတင်းလွှာ အောက်ပိုင်းတွင် ဖော်ပြထားတဲ့ Unsubscribe or Update Records ကို နှိပ်ပြီး Unsubscribe လုပ်လိုက်ရင် ယနေ့မြန်မာရဲ့ အီးမေးလ်သတင်းလွှာများ ရောက်ရှိလာတော့မှာ မဟုတ်ပါဘူး။ တကယ်လို့ မိတ်ဆွေရဲ့ အီးမေးလ်လိပ်စာ ကိုယ်ရေးအချက်အလက်များကို ပြောင်းလဲလိုရင်လည်း Unsubscribe or Update Records ကို နှိပ်ပြီး Update Records ကတဆင့် ပြောင်းလဲနိုင်ပါတယ်။ စာမျက်နှာတခုထဲမှာ Update Records နဲ့ Unsubscribe ပြုလုပ်တဲ့ သီးသန့်ခလုပ်များ တည်ရှိပါတယ်။ (အီးမေးလ်သတင်းလွှာ မပို့စေလိုသူများအနေနဲ့ Unsubcribe လုပ်ခြင်းဟာ အကောင်းဆုံးနည်း ဖြစ်ပါတယ်။ ဘာ့ကြောင့်ဆိုတော့ ကျွန်တော်တို့အနေနဲ့ စာရင်းထဲက ပယ်ဖျက်ပေးခဲ့တယ်ဆိုသော်လည်း စာရင်းများ ပြင်တိုင်း၊ ပြောင်းတိုင်း မိတ်ဆွေတို့ရဲ့ အီးမေးလ်လိပ်စာဟာ ပေးပို့ရမည့်သူစာရင်းထဲတွင် ပြန်လည် ပါဝင်သွားနိုင်လို့ပါ။)

News Letter Help 6
RedSideCorner
Red Tab Middle Photo News Red Bar End
Bluedotဖေ့စ်ဘွတ် မိတ်ဆွေစာရင်းတွင် ဖြည့်စွက်လိုသူများအတွက်

Bluedotယနေ့မြန်မာရဲ့ ဖေ့စ်ဘွတ်စာမျက်နှာဟာ ဇူလိုင်လ ပတ်ဝန်းကျင်ကတည်းက မိတ်ဆွေပေါင်း ၅,၀၀၀ ပြည့်သွားတဲ့အတွက် မိတ်ဆွေသစ်များ ထပ်မံ ဖြည့်စွက်နိုင်ခြင်း မရှိတော့ပါ။ ရံဖန်ရံခါတော့ ရှိပြီးသား မိတ်ဆွေများက အမည်စာရင်း ပယ်ဖျက်လိုက်တဲ့အခါ တယောက်စ နှစ်ယောက်စတော့ မိတ်ဆွေစာရင်းတွင် ထည့်သွင်းဖြစ်ပါတယ်။

Facebook 1
Bluedotသို့သော်လည်း http://www.facebook.com/BurmaTodayInc တွင် Like ခလုပ်ကို နှိပ်ပြီး ယနေ့မြန်မာရဲ့ မိတ်ဆွေအဖြစ် စာရင်းသွင်းကာ သတင်းသစ်များ ဖော်ပြမှုကို ဖေ့စ်ဘွတ်ကတဆင့် ကြည့်ရှုနိုင်ပါတယ်။

ကျွန်တော်တို့ဟာ ဖေ့စ်ဘွတ် စာမျက်နှာပေါ်ကနေ ဆက်သွယ်မှု မရှိသလောက် ရှားပါးတဲ့အတွက် ဖေ့စ်ဘွတ်ကတဆင့် ကျွန်တော်တို့နဲ့ ဆက်သွယ်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ ဆက်သွယ်လိုရင် info@burmatoday.net (သို့) burmatoday2002@yahoo.com သို့ ဆက်သွယ်နိုင်ပါတယ်။ ဒါမှမဟုတ် တခါတရံတော့ http://www.facebook.com/myinthlaing.burmatoday တွင် ဦးမြင့်လှိုင်ကို တွေ့နိုင်ပါတယ်။
Facebook 2


  Burma Today Logo
  Bottom Line  


Burma Today Inc. (http://burmatoday.net)
PO Box 300877, Brooklyn, NY 11230, USA

Design - Myint Hlaing 2011