စစ်ဘေးသင့် ကချင်ပြည်သူများအတွက် ရန်ပုံငွေပွဲနဲ့ မျိုးဆက်သစ် လူငယ်များရဲ့ လှုပ်ရှားမှု
Generation Wave Members participate in Save the Victims Concert

ရန်ကုန်မြို့၊ ပြည်လမ်းရှိ ပြင်သစ်သံရုံး ယဉ်ကျေးမှုဌာနတွင် ၂၀၁၂၊ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ကျင်းပတဲ့ "Save the War Victims" အမည်ရှိ ကချင်ပြည်နယ် စစ်ဘေးသင့်ပြည်သူများအတွက် ရန်ပုံငွေ အနုပညာပြပွဲတွင် Generation Wave (မျိုးဆက်သစ်လူငယ်များ) အဖွဲ့က “ကျည်ဆံတွေ အစား ပန်းများပွင့်စေ ငါတို့ချစ်တဲ့ မြန်မာပြေ” ငြိမ်းချမ်းရေး လှုပ်ရှားမှုစာတမ်းများကို ဝေငှခဲ့ကြပါတယ်။ ထို့အပြင် အနုပညာပြပွဲ ဂီတဖျော်ဖြေမှုတွင် ပါဝင်တင်ဆက်ခဲ့တဲ့ တေးသံရှင် နေနော် (Blaze Music Band) နဲ့ တေးသံရှင် လင်းနစ်တို့က “Let the Flowers Bloom but not Bullets” “ကျည်ဆံတွေ အစားပန်းများပွင့်စေ ငါတို့ချစ်တဲ့ မြန်မာပြေ” စာတန်းပါ တီရှပ်များ ၀တ်ဆင်ကာ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ မျိုးဆက်သစ်လူငယ်များအဖွဲ့ဟာ တေးသံရှင် ဇေယျာသော် အပါအ၀င် လူငယ်ဂီတသမားများ၊ တက်ကြွလှုပ်ရှားသူ လူငယ်များ စုစည်းကာ ၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှုကာလများတွင် စတင် လှုပ်ရှားခဲ့တဲ့ အဖွဲ့ဖြစ်ပြီး အဖွဲ့ဝင် အတော်များများ အကျဉ်းချခံခဲ့ရတဲ့ အဖွဲ့ ဖြစ်ပါတယ်။ မြန်မာအစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာသူများထဲမှာ အကျဉ်းကျခဲ့တဲ့ မျိုးဆက်သစ်လူငယ်များ အဖွဲ့ဝင်တွေလည်း ပါဝင်ခဲ့ပြီး အခုအခါ မြန်မာ့အရေးဆိုင်ရာကိစ္စများကို တဒေါင့်တနေရာမှ ပါဝင် လှုပ်ရှားလျက် ရှိကြပါတယ်။
Generation Wave Members participate in Save the Victims Concert

Generation Wave Members participate in Save the Victims Concert

Generation Wave Members participate in Save the Victims Concert

Generation Wave Members participate in Save the Victims Concert

Generation Wave Members participate in Save the Victims Concert

Generation Wave Members participate in Save the Victims Concert

Generation Wave Members participate in Save the Victims Concert

ဓါတ်ပုံသတင်း - မျိုးဆက်သစ် လူငယ်များ ကချင်စစ်ဘေးသင့် ပြည်သူများ ရန်ပုံငွေပွဲ - Feb 27 2012 10:00 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005