ရေလဲ - ဂျုံးကျ - ဆကာ အင်းနယ်နမိတ် ချဲ့ထွင်မှု သမ္မတထံ စာ ပို့

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်နဲ့ ဧရာဝတီတိုင်း ဓနုဖြူမြို့နယ် နှစ်ခုရဲ့ နယ်နမိတ်မျဉ်းပေါ်ရှိ ရေလဲ - ဂျုံးကျ - ဆကာ အင်းနယ်နမိတ် ချဲ့ထွင်ခြင်းနဲ့ ပတ်သက်ပြီး ဒေသခံ ဂျုံးဂျုံးကျ နဲ့ ကပ်ခိုကျေးရွာနေ ပြည်သူလူထုက နိုင်ငံတော်သမ္မတထံ စာ ရေးသားပေးပို့ပြီး ကန့်ကွက် တိုင်ကြားထားကြောင်း သတင်းရရှိပါတယ်။
ထိုကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံရွာသားတဦးက “ပထမနေ့က ပြည်သူလူထုတွေကို အင်းသားကြီးများမှ တွေ့ဆုံ ညှိနှိုင်းတဲ့အခါမှာ ပြည်သူလူထုနဲ့ သူတို့ နှစ်ရက် စဉ်းစားပါဦးမယ်ဆိုပြီး ခရိုင် ဦးစီးမှူးတွေကို ခေါ်တယ်။ မြို့နယ်က လူတွေကို ခေါ်ပြီးတော့ ပြည်သူလူထုတွေ မပါဘဲနဲ့ သူတို့ ကောက်သွားပြီးတော့ ကနေ့အထိ နိုင်ငံတော်က ချမှတ်တဲ့ ဥပဒေပြဌာန်းချက်အားလုံးကို သူတို့ အတိအလင်း ချပေးပါ့မယ်ဆိုပြီး သူတို့နည်းသူတို့ဟန်နဲ့ လုပ်သွားပြီးတော့ ကျွန်တော်တို့ပြည်သူလူထုတွေ နောက်နေ့ ဆက် စောင့်သော်လည်းပဲ ဘယ် တဦးတယောက်မှ လာ ဖြေရှင်းမပေးပါဘူး။ အဲဒါကြောင့် ၀န်ကြီးများနဲ့ နိုင်ငံတော်သမ္မတကြီး သိစေရန်အတွက် ကျွန်တော်တို့ ပြည်သူလူထုမှ ဒီ အင်းချောင်းကိစ္စ စားဝတ်နေရေး အခက်အခဲအားလုံးကို သမ္မတကြီးတို့မှ ဖြေရှင်းပေးပါရန် ကျွန်တော်တို့ ပြည်သူလူထုကိုယ်စား ကျွန်တော် မေတ္တာရပ်ခံပါတယ် ခင်ဗျာ။“ လို့ ပြောပါတယ်။
ယခင် အင်းနယ်နမိတ်အနေနဲ့ အင်းအိုင်ခွက်ကြီးမှ စီးဆင်းလာတဲ့ ရိုးနဲ့ မတ်ဆည်ရိုး မဆုံမီ နေရာအထိသာ ရှိသော်လည်း အသစ် သတ်မှတ်လိုက်တဲ့ အင်းနယ်နမိတ်ကျောက်တိုင်ဟာ မတ်ဆည်ရိုးတလျောက် ဖြစ်ကြောင်း၊ ထိုသို့ ကျောက်တိုင် စိုက်ထူခြင်းကို ဒေသခံများ မသိကြောင်း သမ္မတထံ ပေးပို့တဲ့စာတွင် ရေးသားထားပါတယ်။
မတ်ဆည်ရိုးဟာ ဂျုံးဂျုံးကျနဲ့ ကပ်ခိုကျေးရွာအနီး ဖြတ်ကာ ဧရာဝတီမြစ်အတွင်း စီးဝင်ကြောင်း၊ ကျေးရွာပြည်သူလူထုအတွက် သောက်ရေ၊ သုံးရေး၊ စိုက်ပျိုး မွေးမြူရေးနဲ့ မီးသတ်ရေးအတွက် မတ်ဆည်ရိုးကို အမှီပြုနေကြရကြောင်း၊ မတ်ဆည်ရိုးကို ရေခန်းခြောက်တဲ့အထိ အင်းပိတ်ခဲ့တဲ့အတွက် ကျေးရွာအတွင်း မီးလောင်တဲ့အခါ သဲနဲ့ ပက်ပြီး မီးငြိမ်းသက်ခဲ့ရကြောင်း၊ အလုံပိတ်ကာ လျှောချ ငါးဖမ်းခြင်း ပြုလုပ်တဲ့အတွက် ခရီးသွားလာမှု အခက်အခဲများ တွေ့ကြုံခဲ့ရကြောင်း ဒေသခံများ စုပေါင်း လက်မှတ်ရေးထိုးထားတဲ့ သမ္မတထံ ပေးစာတွင် ဖော်ပြထားပါတယ်။
ဒေသခံများအနေနဲ့ ရေလဲ - ဂျုံးကျ - ဆကာ အင်းနယ်နမိတ်ကျောက်တိုင် စိုက်ထူမှုကို ပြင်ပေးရန်၊ စည်းကမ်း ဖောက်ဖျက်တဲ့ အင်းသားကြီးများအား လုပ်ပိုင်ခွင့် ပယ်ဖျက်ပြီး ဥပဒေအရေ အရေးယူရန်၊ ဒေသခံပြည်သူများအား ရေလဲ - ဂျုံးကျ - ဆကာအင်းအတွင်း လုပ်ကိုင် ရှာဖွေ စားသောက်ခွင့်ပြုရန် လိုလားကြကြောင်း သိရပါတယ်။
သမ္မတဦးသိန်းစိန်ထံ ပေးပို့တဲ့ တင်ပြတောင်းဆိုစာကို မွေးမြူရေးနဲ့ ရေလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ၊ ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းများထံ မိတ္တူ ပေးပို့ကြောင်း သိရပါတယ်။


သတင်း - ရေလဲ - ဂျုံးကျ - ဆကာ အင်းနယ်နမိတ် ချဲ့ထွင်မှု သမ္မတထံ စာ ပို့ - Nov 6 2012 11:32 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012