ရွှေည၀ါဆရာတော် အရှင်ပညာသီဟရဲ့ ကနေဒါနိုင်ငံ ဓမ္မခရီး

ရွှေညဝါဆရာတော် အရှင်ပညာသီဟ ဟာ ကနေဒါနိုင်ငံတွင် ရက်သတ္တပတ်ကြာ သီတင်းသုံး နေထိုင်ပြီး ဗန်ကူးဗား ဘီစီ၊ တိုရန်တို၊ ကယ်ဂရိ၊ စက်စကာတွန်း မြို့များရှိ ဗုဒ္ဓဘာသာဝင် သူတော်စင် မြန်မာတိုင်းရင်းသားများအား တရားဓမ္မများ ဟောကြားရန် စီစဉ်ထားကြောင်း သတင်းရရှိပါတယ်။

ရွှေညဝါဆရာတော် အရှင်ပညာသီရဲ့ ပထမဆုံး တရားပွဲကို ၂၀၁၂၊ နိုဝင်ဘာ ၃ ရက် ညနေ ၆ နာရီမှ ၁၀ နာရီအထိ ဗန်ကူးဗားတွင် ကျင်းပမှာ ဖြစ်ပါတယ်။ ထို့နောက် နိုဝင်ဘာ ၃ ရက်၊ ည ၁၁ နာရီခွဲမှာ လေယာဉ်ဖြင့် တိုရန်တိုသို့  ကြွချီတော်မူပြီး တိုရန်တိုတွင် နိုဝင်ဘာ ၄ ရက်နေ့၌ တရားပွဲ ကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။

ထို့နောက် တိုရန်တိုမြို့မှာ ၅ ရက်ကြာ သီတင်းသုံးနေထိုင်ပြီး ၂၀၁၂၊ နိုဝင်ဘာ ၁၀ ရက်နေ့တွင် ကယ်ဂရိမြို့မှာ တရားပွဲ ကျင်းပရန် ပြင်ဆင်လျက် ရှိပါတယ်။ ကယ်ဂရိမြို့ တရားပွဲ ကျင်းပပြီးနောက် ကနေဒါဓမ္မခရီး နောက်ဆုံးတရားပွဲကို ၂၀၁၂၊ နိုဝင်ဘာ ၁၁ ရက်နေ့မှာ စက်စကာတွန်းမြို့တွင် မှာ ဖြစ်ကြောင်း၊ ထို့နောက် နိုဝင်ဘာ ၁၂ ရက်နေ့တွင် ဗန်ကူးဗား ဘီစီသို့ ပြန်လည် ရောက်ရှိကာ နိုဝင်ဘာ ၁၃ ရက်နေ့မှာ ထိုင်းနိုင်ငံသို့  ကြွချီတော့မှာ ဖြစ်ကြောင်း ဗန်ကူးဗား၊ ဗုဒ္ဓရံသီ ကျောင်းထိုင်ဆရာတော် အရှင် ဂေါသကနဲ့ အကျိုးတော်ဆောင် ကိုတင်နွယ်တို့က အကြောင်းကြားလာပါတယ်။

ရွှေညဝါဆရာတော်ဟာ ရန်ကုန်မြို့ ကြည်မြင်တိုင်၊ နတ်စင်လမ်းရှိ ဗုဒ္ဓတက္ကသိုလ် ကျောင်းတော်ကြီးတွင် နှစ်ပေါင်း ၂၀ ကြာ သံဃာတော်များ၊ သီလရှင်များကို စာဝါ ပို့ ချပေးခဲ့ပါတယ်။ ထေရဝါဒသာသနာ တည်တံ့စည်ပင်ရေးအတွက် တပည့်ပေါင်း ၁,၀၀၀ ကျော် နှစ်စဉ် မွေးထုတ်ကာ သာသနာပြုခဲ့တဲ့ ဆရာတော် ဖြစ်ပါတယ်။

မြန်မာအာဏာပိုင်များက ရွှေည၀ါဆရာတော်အား ၂၀၁၁ မှ ၂၀၁၂ အထိ တရားဟော ပိတ်ပင်ထားခဲ့ပြီး ထိုကာလအတွင်း မန္တလေး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးဖွင့်ပွဲမှာ မိနစ် ၄၀ ခန့်  သြဝါဒပေးခဲ့ခြင်းကို အာဏာပိုင်များက ငြိုငြင်ခဲ့ပါတယ်။ ထို့နောက် တရားဟောခွင့် ပိတ်ထားခြင်းကို ဆန့်ကျင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရွှေည၀ါဆရာတော်အား အာဏာပိုင်များက ဗုဒ္ဓတက္ကသိုလ်က ထွက်ခွာရန် အမိန့်ချခဲ့ပါတယ်။ ထိုအချိန်မှ စတင်ကာ ရွှေည၀ါဆရာတော်ဟာ မှော်ဘီတွင် သီတင်းသုံးလျက် ရှိပါတယ်။ ရွှေညဝါဆရာတော် တရားပွဲများ၌ တရားနာယူရင်း မှော်ဘီကျောင်းဆောင်သစ် အမြန်ဆုံး တည်ဆောက်နိုင်ရန် လှူဒါန်းဒါနပြုနိုင်ကြောင်း အကျိုးတော်ဆောင်များက ဆော်သြထားကြောင်းလည်း သိရပါတယ်။
သတင်း - ရွှေည၀ါဆရာတော် အရှင်ပညာသီဟ ကနေဒါနိုင်ငံ ဓမ္မခရီး - Oct 28 2012 11:33 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005