အမေရိကန်အရှေ့ဘက်ကမ်းခြေကို အန္တရာယ်ပြုမယ့် ဟာရီကိန်း စဲန်ဒီ

http://abclocal.go.com/wabc

ကာရေဘီယံဒေသကို ဖြတ်သန်းခဲ့ပြီး အမေရိကန် အရှေ့ဘက်ကမ်းခြေကို ဗဟိုပြုပြီး မြောက်ဘက်ကို တဖြည်းဖြည်း ရွေ့လျားလာတဲ့ ဟာရီကိန်း စဲန်ဒီဟာ အမေရိကန် အရှေ့ဘက်ကမ်းခြေဒေသ တခုလုံးနီးပါးကို ကြီးစွာသော အန္တရာယ်ပြုမယ့် မုန်တိုင်းဖြစ်ပါတယ်။

အောက်တိုဘာ ၂၈ ရက်နေ့ မနက်ပိုင်းသတင်းများအရ နယူးယောက်မြို့ ရထားစနစ်တခုလုံးကို အောက်တိုဘာ ၂၈ ရက်နေ့ ည ၇ နာရီမှ စတင် ရပ်ဆိုင်းမှာ ဖြစ်သလို ဘတ်စ်ကားများအားလုံး ည ၉ နာရီတွင် ရပ်ဆိုင်းဖို့ ရှိပါတယ်။ ဇုံ အေအတွင်း နေထိုင်နေကြသူများအားလုံး အောက်တိုဘာ ၂၈ ရက်နေ့တွင် ပြောင်းရွှေ့နေထိုင်ဖို့ သတိပေးထားပြီး အောက်တိုဘာ ၂၉ ရက်နေ့တွင် ကျောင်းများအားလုံး ပိတ်ရန် အမိန့်ထုတ်ထားကာ ကယ်ဆယ်ရေးစခန်း ၇၂ ခု ဖွင့်ထားကြောင်း သိရပါတယ်။ နယူးဂျာစီနဲ့ ဆက်သွယ်ထားတဲ့ PATH ရထားများအားလုံး ညသန်းခေါင်တွင် ရပ်ဆိုင်းမှာ ဖြစ်ပါတယ်။

စဲန်ဒီဟာ ပြင်းအား အဆင့် ၁ ရှိတဲ့ မုန်တိုင်းဖြစ်သော်လည်း မုန်တိုင်း ကျရောက်မယ့် ဧရိယာ ကျယ်ကျယ်ပြန့်ပြန့် ရှိတဲ့အတွက် ဆုံးရှုံးမှုများနိုင်တယ်လို့ အာဏာပိုင်တွေနဲ့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။ ဟာရီကိန်း စဲန်ဒီဟာ နယူးဂျာစီပြည်နယ်ကမ်းရိုးတန်းကို ၂၀၁၂၊ အောက်တိုဘာ ၂၉ ရက် (တနင်္လာနေ့) တွင် ၀င်ရောက်ဘွယ် ရှိပါတယ်။

အောက်တိုဘာ ၂၇ ရက်နေ့ မနက်ပိုင်းသတင်းများအရ မြောက် ကာရိုလိုင်းနားပြည်နယ် ကမ်းခြေနဲ့ တောင် ကာရိုလိုင်းနားပြည်နယ်ကမ်းခြေတချို့မှာ မိုးသက်လေပြင်း ကျရောက်ခဲ့ပြီး သစ်ပင်များ ပြိုလဲခဲ့ကြောင်း သိရပါတယ်။

ဖြည်းဖြည်းချင်း ရွေ့လျားနေတဲ့ မုန်တိုင်းဟာ အောက်တိုဘာ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့တွေမှာ ပိုမို ပြင်းထန်လာဘွယ်ရှိပြီး အမေရိကန် အရှေ့မြောက်ဘက်ပြည်နယ်တွေမှာ ပျက်စီးမှု ဆိုးဆိုးရွားရွား ဖြစ်ပေါ်လာနိုင်ပါတယ်။ မုန်တိုင်းကျရောက်တဲ့ ဧရိယာ ကျယ်ပြန့်ခြင်းနဲ့ ဖြတ်သန်းရာလမ်းကြောင်းတလျောက် လေပြင်းများ တိုက်ခိုက်နိုင်ခြင်းကလည်း စိုးရိမ်စရာ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၈ ရက်နေ့ မနက်ပိုင်း သတိပေးချက်များအရ အောက်တိုဘာ ၂၈ ရက်နေ့ညပိုင်း၌ နယူးယောက်တွင် ၁ ပေမှ ၂ ပေအထိ ပင်လယ်ရေ တက်လာဖို့ရှိပြီး အောက်တိုဘာ ၂၉ ရက်နေ့ မနက်ပိုင်းတွင် ၂ ပေမှ ၄ ပေအထိ မြင့်တက်လာနိုင်ပါတယ်။ အောက်တိုဘာ ၂၉ ရက်နေ့ ညနဲ့ ၃၀ ရက်နေ့မနက်များတွင် ၅ ပေမှ ၁၀ ပေအထိ တက်လာနိုင်ကာ အချို့ဒေသများတွင် ၆ ပေမှ ၁၁ ပေအထိ ရေတက်လာနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ပင်လယ်ရေ မြင့်တက်မှုဟာ နယူးယောက်ဒေသတွင်သာမက မုန်တိုင်းဖြတ်သွားရာ ပင်လယ်ကမ်းခြေတလျောက် ဖြစ်ပေါ်ဖို့ရှိရာ သက်ဆိုင်ရာဒေသအလိုက် သဲအိတ် အကာအကွယ်တွေ ပြုလုပ်နေကြသလို ကြိုတင်ပြင်ဆင်မှုများလည်း ဆောင်ရွက်နေကြတာကို တွေ့နေရပါတယ်။

၂၀၁၂ အောက်တိုဘာ ၂၈ ရက်နေ့ မနက် ၁၁ နာရီ တိုင်းထွာချက်များအရ ဟာရီကိန်း စဲန်ဒီဟာ ပြင်းအား ၁ ရှိပြီး အနောက် လောင်ဂျီတွဒ် ၇၂.၆ နဲ့ မြောက် လတ္တီတွဒ် ၃၂.၅ ကို အခြေပြုနေပါတယ်။ အရှေ့မြောက်ဘက်ကို တနာရီ ၁၄ မိုင်နှုန်းနဲ့ ရွေ့လျားနေပြီး လေတိုက်နှုန်း တနာရီကို ၇၅ မိုင် ရှိတာ လေဖိအားကတော့ ၉၅၁ မီလီဘား ရှိပါတယ်။
သတင်း - အမေရိကန်အရှေ့ဘက်ကမ်းခြေကို အန္တရာယ်ပြုမယ့် ဟာရီကိန်း စဲန်ဒီ - Oct 28 2012 11:48 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005