ဝင်းဒိုးစ် အိပ် (Windows 8) အပေါ် စိတ်ဝင်စားမှု နည်းပါး နေ

yahoo.com

ယခင်ကဆိုရင် မိုက်ခရိုဆော့ဖ်ရဲ့ ၀င်းဒိုးစ်အသစ် ထွက်လာတိုင်း စိတ် လှုပ်ရှားကြ၊ အလုအယက် ၀ယ်ကြ၊ ဝေဖန်သုံးသပ်ကြနဲ့ ကွန်ပြူတာလောကကို လှုပ်လှုပ်ရှားရှား ရှိစေခဲ့ပါတယ်။ သို့သော် ၀င်းဒိုးစ် အိပ် (Windows 8) ထွက်ပေါ်လာတဲ့ ၂၀၁၂၊ အောက်တိုဘာ ၂၆ ရက်နေ့မှာ လူအများရဲ့ ၀င်းဒိုးစ် အိပ်အပေါ် စိတ်လှုပ်ရှားမှုတွေ မတွေ့ခဲ့ရပါဘူး။

အိုင်ဖုန်း၊ အိုင်ပက်ဒ်တွေ၊ အဲန်ဒရိုက်သုံး တယ်လီဖုန်းတွေဆီ လူတွေအားလုံးရဲ့ စိတ်တွေ တိမ်းညွှတ်နေခြင်းဟာ ၀င်းဒိုးစ် အိပ်ကို အထီးကျန်စေသလို အိမ်သုံး ကွန်ပြူတာတွေ၊ လက်ကိုင်ကွန်ပြူတာတွေရဲ့ ရောင်းအားကိုလည်း ကျဆင်းစေပါတယ်။ ၀င်းဒိုးစ် အိပ်ကို နှစ်ကုန်ခါနီး ဈေးဝယ်ကြတဲ့အချိန်နဲ့ ကိုက်ညှိပြီး ထုတ်ခဲ့ပေမယ့် ကွန်ပြူတာရောင်းအား တက်လာဖို့ကိုတော့ အားပေးနိုင်မယ် မထင်ကြပါဘူး။

ကွန်ပြူတာအပေါ် ဒီကနေ့ခေတ် လူတွေ စိတ်မ၀င်စားကြခြင်းနဲ့ ပတ်သက်ပြီး နယူးယောက်နေ အိမ်ရှင်မတဦးက “လူတွေရဲ့ တအံ့တသြ အသုံးပြုချင်ကြတဲ့ စိတ်က တယ်လီဖုန်းတွေဆီ ရောက်နေတာရယ်၊ အိုင်ပက်ဒ်တွေ ပေါ်နေတာရယ်က ကွန်ပြူတာတွေအပေါ် စိတ်ဝင်စားမှု လျော့နည်းစေခဲ့ပါတယ်။ ဖုန်းထဲမှာ သီချင်းနားထောင်လို့၊ ဗီဒီယို ကြည့်လို့၊ ဓါတ်ပုံ ရိုက်လို့၊ အီးမေးလ် ကြည့်လို့၊ ဂိမ်းမ် (Games) ကစားလို့ ရနေသလို နေ့စဉ် လိုအပ်တာတွေကို အလွယ်တကူ သုံးနေရတော့ ကွန်ပြူတာကို တကူးတက ဖွင့်ဖို့ စိတ်ဝင်စားမှု နည်းသွားတာပေါ့။“ လို့ ယနေ့မြန်မာကို ပြောပြပါတယ်။

လူအများရဲ့ တခမ်းတနား အားပေးခြင်းကို မရသော်လည်း မိုက်ခရိုဆော့ဖ်က သူ့ရဲ့ ကွန်ပြူတာသုံးစနစ် ၀င်းဒိုးစ် အိပ် (Windows 8) အပြင်အဆင်ကို ယခင် ၀င်းဒိုးစ်စနစ်တွေနဲ့ လုံးဝ မတူညီအောင် ပြောင်းလဲထားပါတယ်။ ကွန်ပြူတာ မျက်နှာပြင်ကို လက်နဲ့ တို့ထိကာ အလိုရှိသမျှ လုပ်ကိုင်နိုင်အောင်၊ တယ်လီဖုန်းကအစ အိမ်သုံး ကွန်ပြူတာအဆုံး ၀င်းဒိုးစ် အိပ် အသုံးပြုနိုင်အောင် ဖန်တီးထားပါတယ်။

မိုက်ခရိုဆော့ဖ်အနေနဲ့ ၀င်းဒိုးစ် နိုင်တီဖိုက်ဖ် (Windows 95) ၊ ၀င်းဒိုးစ် အိပ်က်စီ (Windows XP) စနစ်တွေနဲ့ သုံးစွဲသူတွေကို စိတ်လှုပ်ရှားမှု ပေးခဲ့သလို ၂၀၀၉ ခုနှစ် ဇူလိုင် ၂၂ ရက်နေ့က ၀င်းဒိုးစ် ဆဲဗဲန်း (Windows 7) ထုတ်ခဲ့စဉ်မှာလည်း 64 bit စနစ်နဲ့ မိတ်ဆက်ခဲ့ပါတယ်။ ထိုနည်းတူ ယခင် ၀င်းဒိုးစ်တွေရဲ့ မြင်ကွင်းမျိုးနဲ့ လုံးဝမတူအောင် အခု ၀င်းဒိုးစ် အိပ်မှာ ဖန်တီးထားပါတယ်။ လူအများအနေနဲ့ အိုင်ဖုန်း၊ အိုင်ပက်ဒ်၊ အင်ဒရိုက်တွေရဲ့ အပြင်အဆင်တွေနဲ့ ယဉ်ပါးနေလေတော့ ၀င်းဒိုးစ် အိပ်ရဲ့ ပြောင်းလဲမှုဟာ နည်းနည်းများ နောက်ကျနေသလားတောင် ထင်မှတ်မှားစရာ ပါ။ ၀င်းဒိုးစ် အိပ် အသုံးပြုတဲ့ လက်ကိုင်ဖုန်းတွေ ၂၀၁၂၊ အောက်တိုဘာ ၂၉ ရက်နေ့မှာ ထွက်ပေါ်လာဖို့ ရှိပါတယ်။

ဝင်းဒိုးစ်အသစ်တခု ထွက်လာတိုင်း အိပ်ထဲက ငွေတွေ ခုန်ခုန် ထွက်မှာကို စိုးရိမ်နေကြတဲ့ ၀င်းဒိုးစ် အိပ်က်စ်ပီ၊ ဗစ်စ်တာ၊ ဆဲဗဲန်းအသုံးပြုလိုသူတွေ ၀င်းဒိုးစ် အိပ်စနစ်ကို ပြောင်းပြီး သုံးလိုကြရင် ဒေါ်လာ လေးဆယ်နဲ့ သုံးနိုင်အောင် (၂၀၁၃ ဇန်န၀ါရီ ၃၁ ရက်နေ့အထိ) ဈေးလျော့ ရောင်းနေပါတယ်။ http://windows.microsoft.com/en-US/windows/buy?ocid=GA8_O_WOL_Hero_Home_FPP_Null ဈေးလျော့ရောင်းတဲ့အချိန် ကျော်လွန်သွားရင်တော့ ၀င်းဒိုးစ် အိပ် စနစ်သစ်ကို ပြောင်းပြီး သုံးလိုသူများအနေနဲ့ ဒေါ်လာ ၇၀ (၆၉.၉၉) ပေးရဘွယ်ရှိပါတယ်။

လက်ရှိ ကြုံတွေ့နေရတဲ့ ၀င်းဒိုးစ် အိပ်အား လူအများ စိတ်ဝင်စားမှု နည်းပါးခြင်းကို အခြေပြုပြီး ၀င်းဒိုးစ်စနစ်ရဲ့ ရှေ့ရေး သိတ် မကောင်းဘူးလို့ ပြောဖို့ ခက်ပါတယ်။ နည်းပညာ ပြောင်းလဲမှု မြန်ဆန်လွန်းတဲ့ ဒီကနေ့ခေတ်မှာ ဘယ်လို အသစ်အသစ်တွေ ထွက်လာမလဲလို့ ခန့်မှန်း ပြောဆိုဖို့ကလည်း မလွယ်ပါဘူး။ သို့သော် လာမယ့် ခြောက်နှစ်လောက်အတွင်း ကွန်ပြူတာဆိုင်ရာ အလုပ်အကိုင်များ လျော့နည်းလာမှာကတော့ သေချာနေပါတယ်။

http://windows.microsoft.com

သတင်း - ၀င်းဒိုးစ် အိပ် (Windows 8) အပေါ် စိတ်ဝင်စားမှု နည်းပါး နေ - Oct 28 2012 01:02 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005