တူရကီ စစ်လေယာဉ်နှစ်စီး ရန်ကုန်မြို့ကို ရောက်ရှိ

facebook.com

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ၂၀၁၂ အောက်တိုဘာ ၂၅ ရက်နေ့က တူရကီစစ်လေယာဉ်နှစ်စီး ဆိုက်ရောက်ခဲ့ကြောင်း သိရပါတယ်။ ထို လေယာဉ်နှစ်စီးတွင် ဒု ဗိုလ်မှူးကြီးအဆင့်ရှိ တူရကီစစ်တပ်အရာရှိကြီး တဦး အပါအ၀င် ၀န်ထမ်း ၁၄ ဦး ပါဝင်ခဲ့ကြောင်း၊ ထို ပုဂ္ဂိုလ်အားလုံးအား ဆိုက်ရောက်ဗီဇာ ထုတ်ပေးရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် လူဝင်မှုကြီးကြပ်ရေးဌာနကို ပေးပို့ခဲ့ကြောင်း အလဲဗဲန်းမီဒီယာ အင်တာနက်စာမျက်နှာတွင် ရေးထားပါတယ်။ Messenger ဂျာနယ်ကလည်း ဆိုက်ရောက်ခဲ့တဲ့ လေယာဉ်ဓါတ်ပုံကို ရိုက်ကူးပြီး သူတို့ရဲ့ ဖေ့စ်ဘွတ်တွင် ဖော်ပြထားပါတယ်။

ထို စစ်လေယာဉ်နှစ်စီး ဆိုက်ရောက်ခြင်းကိစ္စနဲ့ ပတ်သက်ပြီး မြန်မာသမ္မတရုံး တာဝန်ရှိသူရဲ့ ဖေ့စ်ဘွတ် စာမျက်နှာတွင်

တူရကီနိုင်ငံမှ ရောက်ရှိလာသော စစ်လေယာဉ် (၂) စီး ကိစ္စမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(၁) ဤ လေယာဉ် (၂) စီးမှာ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအား လူမျိုးဘာသာ မခွဲခြားဘဲ ထောက်ပံ့ပေးမည့် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ထောက်ပံ့ပစ္စည်းများသာ သယ်ဆောင်လာသော C - 130 လေယာဉ်များ ဖြစ်ပါသည်။ ယင်း လေယာဉ် (၂) စီးပေါ်တွင် ပါရှိသော ပစ္စည်းများ အားလုံးမှာ စားသောက်ကုန်များသာ ဖြစ်ပါသည်။ ယင်း လေယာဉ် (၂) စီးမှာ ၂၅၊ ၁၀၊ ၂၀၁၂ ရက်နေ့တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာပါသည်။

(၂) ယနေ့ (၂၆၊ ၁၀၊ ၂၀၁၂ ရက်နေ့) တွင် ယင်း စားသောက်ကုန်များကို စစ်တွေသို့ မြန်မာ့လေကြောင်းမှ Charter Flight များဖြင့် ပို့ဆောင်ပေးလျက် ရှိပါသည်။ မြန်မာ့လေကြောင်း လေယာဉ်ဖြင့် (၃) ခေါက် အနည်းဆုံး သယ်ယူ ပို့ဆောင်ပေးရမည်ဟု ခန့်မှန်းထားပါသည်။

(၃) ယင်း စားသောက်ကုန်များကို ရခိုင်ပြည်နယ်အစိုးရလက်ဝယ်သို့သာ လွှဲပြောင်းပေးမည် ဖြစ်ပြီး ရခိုင်ပြည်နယ်အစိုးရက တာဝန်ယူ၍ ဒုက္ခသည်များ လက်ဝယ်အရောက် ဖြန့်ဝေပေးမည် ဖြစ်ပါသည်။

(၄) စုစုပေါင်း တန်ချိန် (၃၀) အလေးချိန် ရှိသော စားသောက်ကုန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

- Candy 2280 Boxes

- Food 960 Parcels

- Biscuit 11,000 Bags

- Slipper 500 Boxes

- Clothing 1000 Packages

- Toy 500 Boxes

(၅) လေဆိပ်တွင် စနစ်တကျ စစ်ဆေးပြီးမှ ပို့ဆောင်ပေးခြင်း ဖြစ်ပါသည်။

(၆) ပြည်သူများ စိုးရိမ်ပူပန်မှု မရှိကြစေရန် အသိပေးအပ်ပါသည်။ - လို့ ဖော်ပြထားပါတယ်။

အခုရက်ပိုင်းတွင် ရခိုင်ပြည်နယ်အတွင်း၌ ထပ်မံ မငြိမ်သက်မှုများ ဖြစ်ပေါ်ခဲ့ကာ လူသေဆုံးများ ဖြစ်ပေါ်ခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းရှိ အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းများက ၂၀၁၂ အောက်တိုဘာ ၂၇ ရက်နေ့တွင် ကျရောက်တဲ့ အစ္စလာမ်ဘာသာရေးပွဲတခုဖြစ်တဲ့ ဘက္ကရီအီးဒ်နေ့ပွဲများ မပြုလုပ်ရန် မေတ္တာရပ်ခံထားကြောင်း သတင်းရရှိပါတယ်။

ရခိုင်ပြည်နယ် မငြိမ်သက်မှုကြောင့် အိုးအိမ်မဲ့ ဖြစ်ခဲ့ကြရတဲ့ မိသားစုများအား ထောက်ပံ့ ကျွေးမွေးရန် နိုင်ငံခြား အကူအညီ ရယူဖို့ လိုအပ်ကြောင်း လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ကြပ်ပြေးနေပြည်တော်တွင် ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာသမ္မတ ဦးသိန်းစိန်က ထုတ်ဖော် ပြောကြားခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် တူရကီ စစ်လေယာဉ်များ မြန်မာနိုင်ငံကို ရောက်ရှိခဲ့ခြင်း ဖြစ်ပါတယ်။
သတင်း - တူရကီ စစ်လေယာဉ်နှစ်စီး ရန်ကုန်မြို့ ရောက်ရှိ - Oct 26 2012 08:42 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005