မြန်မာသမ္မတ သတင်းစာရှင်းလင်းပွဲက မေးခွန်းနဲ့ အဖြေများ (၁၁)

မြန်မာသမ္မတရုံး အင်တာနက်စာမျက်နှာ

၂၀၁၂၊ အောက်တိုဘာ ၂၁ ရက်၊ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီ မိနစ် ၂၀ အထိ ကြပ်ပြေးနေပြည်တော်၊ သမ္မတအိမ်တော် သံတမန်ဆောင်တွင် ကျင်းပတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ သတင်းသမားများ တွေ့ဆုံပွဲ အတွင်း သတင်းသမားများရဲ့ မေးခွန်းများ၊ မြန်မာသမ္မတ ဖြေဆိုချက်များအနက် သမ္မတရုံး တာဝန်ရှိသူ ဖေ့စ်ဘွတ်တွင် ရေးထားသမျှကို မှတ်တမ်းအဖြစ် စုစည်း ဖော်ပြလိုက်ပါတယ်။ ထို တွေ့ဆုံပွဲဟာ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သတင်းသမားများနဲ့ မြန်မာအစိုးရခေါင်းဆောင်တို့ ပွင့်ပွင့်လင်းလင်း တွေ့ဆုံတဲ့ ပွဲ ဖြစ်ပါတယ်။


လမ်းပေါ်မှာ ရောက်နေသည့် ကလေးငယ်များအတွက် အစိုးရ၏ စီစဉ်ဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး Street View Journal မှ မေးမြန်းချက်။

ခုနကလို ကျောင်းမနေနိုင်တဲ့ ကလေးတွေကို ကျောင်းနေနိုင်ဖို့အတွက် အစိုးရတင် မဟုတ်ပါဘူး။ ကျနော်တို့ အဖွဲ့အစည်းတွေနှင့် ဆောင်ရွက်နေတာတွေလည်း ရှိပါတယ်။ ဥပမာ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းတို့၊ ပြီး အမျိုးသမီးရေးရာ အဖွဲ့ချုပ်တို့နှင့် ကျနော်တို့ ဒါတွေနှင့် ဆောင်ရွက်နေတာတွေ ရှိပါတယ်။ အဲဒီတော့ ဒီကိစ္စ ဘာကြောင့် ဖြစ်လာသလဲ ဆိုတော့ အရင်းခံကတော့ စီးပွားရေး ပါ။ ဒီ အလုပ်အကိုင် အခွင့်အလမ်းတွေ ရလာမယ်၊ ဝင်ငွေတွေ ရလာမယ်၊ စားနိုင်သောက်နိုင်တဲ့သူ ဖြစ်မယ်ဆိုရင် သားသမီးတွေလည်း ကျောင်းထားနိုင်မှာ ဖြစ်ပါတယ်။ အဲဒီတော့ စီးပွားရေးအခြေအနေက ခုနကလို တောင့်တောင့်တင်းတင်းနှင့် မရှိသေးတဲ့အတွက်ကြောင့် ဒီ ပြဿနာတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ သို့သော်လဲ ခုနကလို စီးပွားရေးတောင့်တင်းတဲ့အထိ စောင့်မနေဘဲနှင့် ဒီကနေ့ ခုနကလို အစိုးရပိုင်းကလည်း ကျောင်းနေနိုင်အောင် ဆိုပြီးတော့ လုပ်ပေးနေတာတွေ ရှိပါတယ်။ အဲဒီတော့ လူထုအဖွဲ့အစည်းတွေကလည်း ဝိုင်းပြီးတော့ ကျနော်တို့ လုပ်ပေးနေတာတွေ ရှိပါတယ်။


နိုင်ငံခြားသတင်းဌာနများ မြန်မာပြည်ရုံးခွဲ ဘယ်တော့ ဖွင့်ခွင့်ရမလဲဆိုသည့် Asahi Shimbun မှ မေးမြန်းချက်။

အချိန်နှင့် ကျနော်တို့ အတိအကျ ပြောနိုင်ဖို့ ခက်ပါတယ်။ ခုနကလိုဘဲ ဒီ နောင်ကြရင်တော့ အလုပ်လုပ်တဲ့သူတွေ ဒီလိုဘဲ ဝင်လိုက်ထွက်လိုက်နှင့် ကျနော်တို့ ရောက်လာမှာ ဖြစ်ပါတယ်။ အဲဒီတော့ ခုနကလို သုံးလလောက်နေလိုက်၊ ပြန်သွားလိုက်ဆိုတော့ သူတို့လည်း ဘယ်လိုမှ အလုပ်မဖြစ်နိုင်ဘူး။ ကျနော်တို့ ဒီစနစ်တွေလည်း စီစဉ်ထားပါတယ်။ စီစဉ်ထားတော့ ကျနော်တို့ မကြာခင်မှာ၊ ဒါ ကျနော်တို့ ထွက်လာတော့မှာ ဖြစ်ပါတယ်။ ခုနကလို P ဟိုဒင်းလိုပေါ့ PR နော်၊ ဒီဟာလည်း အချိန်ကနည်းနေတော့ ကျနော်တို့ ဒါကို ထပ်တိုးပေးဖို့ ဆိုပြီးတော့၊ အင်း၊ ထပ်တိုးပြီးပေးဖို့အတွက် ကျနော်တို့ လုပ်နေပါတယ်။ အဲဒီတော့ ရုံးဖွင့်ဖို့ ကိစ္စဆိုတော့လည်း ကျနော်တို့ ရက်သော်လည်း သတ်သတ်မှတ်မှတ်နဲ့ ဘယ်တော့ ဖွင့်ပါဆိုတာ ပြောထားတာတော့ ကျနော်တို့ မရှိသေးဘူး။ သို့သော်လည်း ကျနော်တို့ ဒါတွေက ဖွင့်ရမှာပါ။


မြန်မာ - ဂျပန်ဆက်ဆံရေးနှင့် သီလဝါဆိပ်ကမ်းစီမံကိန်းနှင့် ပတ်သက်ပြီး Sankei Shimbun မှ မေးမြန်းချက်။

အဲတော့ အဲဒါကို ကျနော်တို့ကတော့ ဒီနေ့ရရင် ဒီနေ့ ကျနော်တို့က လက်မှတ် ထိုးချင်တာ။ မြန်မြန်စနိုင်လို့ရှိရင် ကျနော်တို့ရဲ့ တိုင်းရင်းသားတွေ ခုနကလို အလုပ်ကိုင် အခွင့်လမ်းတွေ မြန်မြန်ရမယ်ဆိုပြီးတော့ ကျနော်တို့က ဒီလို တွက်ပါတယ်။ အဲဒီတော့ သူတို့ကလည်း ကျနော်တို့ ဒီအတိုင်း သူတို့အရင်းအနီးနှင့် လာပြီးတော့လုပ်မယ့်သူ ရှိသလို တချို့ကလည်း ODA Loan တို့ ဘာတို့ စောင့်နေတယ်။ ODA Loan တို့ ဘာတို့ ODA Loan ကြတော့ အတိုးကလည်း သက်သာတယ်။ 0.01 ဆိုတော့ အများကြီး ကျနော်တို့ တန်ပါတယ်။ သို့သော်လည်း နှစ်ပေါင်းလေးဆယ်လောက်မှ အပြီး ဆပ်ရမယ်ဆိုတော့ အများကြီး အကျိုးရှိတယ်။ အဲဒီတော့ ဒီ Loan ကို သူက ရအောင် ချေးမယ်။ ချေးပြီးတော့ ခုနကလို မြန်မာပြည်မှာ လာပြီးတော့ သူက အရင်းလုပ်မယ်။ အဲ ခုနကလို မြန်မာနိုင်ငံကတော့ ခုနကလို ဒါ မြန်မာနိုင်ငံကို ချေးမယ်။ ချေးတဲ့ဟာကို သူတို့က လာပြီးတော့လုပ်မယ်ဆိုတဲ့ ဒီသဘောတွေ ပါတာ ကျနော်တို့ တွေ့ပါတယ်။ တချို့ကတော့ သူတို့အရင်းအနှီးနှင့် လာပြီးတော့ လုပ်မှာတွေ ရှိပါတယ်။ အဲဒါတော့ ဒီဟာကို ကျနော်တို့ ကတော့ စ,ချင်တယ်။ စ,နိုင်မှ ခုနကလို မြန်မြန် စ,နိုင်မှ အလုပ်အကိုင်တွေ ကျနော်တို့ မြန်မြန် ရပါမယ်။ သို့သော် သူတို့အပိုင်းမှာလည်း အဲဒီလို မြန်မြန် စ,နိုင်ဖို့ အတွက် သူတို့ ကြိုစားနေပါတယ်။ ကြိုးစားနေတော့ အချိန်တော့ ကျနော်တို့ အတိအကျတော့ ကျနော်တို့ ပြောဖို့ရာ ခက်တယ်။ အဲဒီတော့ ဒီကနေ့အထိ အဲဒီ ဂျပန်အဖွဲ့ကတော့ ကျနော်တို့ အခေါက်ခေါက်အခါအခါ ရောက်နေတယ်။ကျနော်နှင့်လည်း တွေ့ပါတယ်။ အခေါက်ခေါက် အခါခါ ရောက်နေတယ်။သူတို့လည်း ဒါ အမြန်ဆုံး စ,နိုင်ဖို့ ကြိုးစားနေပါတယ်။

အဲဒီတော့ ဒီနေရာမှာ ကျနော်တို့ အထင်မမှားအောင် သီလဝါပရောဂျက် တစ်ခုလုံးကို ဂျပန်နိုင်ငံ တစ်နိုင်ငံတည်းကို ကွက်ပြီးတော့ ကျနော်တို့ မပေးပါဘူး။ ကျန်တဲ့နိုင်ငံတွေကိုလည်း အလားတူ ကျနော်တို့ မျှပြီးတော့ ကျနော်တို့ ပေးသွားမှာ ဖြစ်ပါတယ်။ ဂျပန်ကတော့ အစိတ်အပိုင်းတစ်ခု ဖြစ်ချင် ဖြစ်မှာပေါ့။ ကျန်တာ ကျနော်တို့ ကိုရီးယားလည်း ဝင်ချင် ဝင်လာမယ်။ ကျန်တဲ့ ခုနကလို ထိုင်းတို့၊ မလေးရှားတို့ စသည်အားဖြင့်ပေါ့လေ ဒီနိုင်ငံတွေလည်း ဝင်ချင် ဝင်လာမယ်။ ဂျပန်ကတော့ တော်တော်လေး ကျနော်တို့ ခြေလှမ်းသွက်နေတဲ့ အနေအထား ရှိတယ်။အဲဒီတော့ အမြန် စ,ဖို့ အတွက်တော့ ကျနော်တို့ ကြိုးစားပြီးတော့ လုပ်နေပါတယ်။


မြစ်ဆုံအရေး မော်နီတာဂျာနယ်မှ မေးမြန်းချက်

ဒါကတော့ ခင်ဗျားရဲ့ အယူအဆပေါ့ဗျာ၊၊ ကျွန်တော်ကတော့ ဘာပဲဖြစ်ဖြစ် ပြဿနာတစ်ရပ် ကို ပြေငြိမ်းအောင် လုပ်ရဖို့ ကျွန်တော့မှာ တာဝန်ရှိပါတယ်။ ရှိတော့ ကိုယ် တာဝန်ယူရတဲ့ အချိန်မှာတော့ ပြည်သူရဲ့ဆန္ဒအရ ဒါကို မလုပ်စေချင်ပါဘူး။ မလုပ်စေချင်တဲ့ အတွက်ကြောင့် ပြည်သူရဲ့ဆန္ဒအရကြောင့် ကျွန်တော်တို့ ရပ်တန့်မယ်။ နောက် အစိုးရ တက်လာရင်တော့ ကျွန်တော် ဖြစ်ချင်မှ ဖြစ်တော့မယ်။ နောက် အစိုးရ တက်လာရင်တော့ သူတို့ရဲ့ သဘောထားများ အပေါ်မှာ မူတည်ပါတယ်။ သူတို့ရဲ့ သဘောထားဆိုတာထက် ပြည်သူတို့ရဲ့သဘောထားအပေါ်မှာပဲ မူတည်ပါတယ်၊ အခု ဆက် လုပ်နေတယ် မဟုတ်ပါဘူး။ အခု ပစ္စည်းတွေတောင် ရွှေ့နေတဲ့အနေအထားမှာ ရှိနေပါတယ်။ တစ်ချို့ကိစ္စတွေကလည်း ဝန်ကြီးဌာနတွေနဲ့ ဆက်ဆံရတဲ့ အနေအထားမှာ ရှိပါတယ်။ သဘောပေါက်ထားဖို့ကတော့ ကျွန်တော်တို့ဆီမှာ ဒီမိုကရေစီ အတွေ့အကြုံက နည်းပါတယ်။ ဒီမိုကရေစီ အလေ့အကျင့်တွေ နည်းပါးသည့်အတွက်ကြောင့် ဒီမိုကရေစီအတွေ့အကြုံတွေ၊ ဒီမိုကရေစီ အလေ့အကျင့်တွေ နည်းတာနဲ့အမျှ ဆက်ဆံရေးတွေကလည်း တိုးတက် ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ လတ်တလောကတော့ ဒါတွေ ရှိနေမှာပါပဲ။ ခက်တာကလဲ ကျွန်တော်တို့က လွှတ်တော်ကို သြဇာသက်ရောက်မှုက မရှိဘူး။ သမ္မတကိုတောင် လွှတ်တော်က ဖြုတ်ချလို့ ရတယ်။


မီဒီယာအချို့ တရားစွဲခံထားရသည့်ပတ်သက်ပြီးမော်နီတာဂျာနယ်မှမေးမြန်းချက်။

ခုနကလိုပဲ တရားဥပဒေဆိုတာ ခင်ဗျားတို့သိတဲ့အတိုင်းပါ ပဲ၊ တရားဥပဒေ အထက်မှာ ဘယ်သူမှ မရှိစေရဘူးဆိုတော့ သမ္မတလည်း လုံးဝ မရှိစေရဘူး ပေါ့။ တရားဥပဒေအတိုင်းပဲ ဖြစ်မှာပါ။ တရားဥပဒေ အတိုင်းပဲ ဖြစ်မှာပါ။ ကျွန်တော်တို့အပိုင်းက သွားပြီးတော့ ခင်ဗျားတို့ ဘယ်လို ဆုံးဖြတ်ပေးပါ ဗျာ။ ခုနကလို ဘယ်လို အလျှော့ပေးလိုက်ပါ ဗျာ၊ ဘယ်လို လွှတ်ပေးလိုက်ပါဗျာ ဆိုပြီးတော့ တရားရေးဏ္ဍိုင်ကို သွား ပြောပေးလို့ မရပါဘူး။ တရားဥပဒေအရ အပြစ်ရှိရင်လည်း အပြစ်ရှိတဲ့အလျောက် ဖြစ်မှာပါ။ အပြစ်မရှိဘူးဆိုရင်လည်း အပြစ်မရှိတဲ့အလျောက် ဖြစ်မှာပါ။ ဒါ တရားရေးရဲ့ ဆုံးဖြတ်ချုက်အရပဲ ဖြစ်မှာပါ။ သို့သော်လည်းပဲ တရားရုံးကိုတင်တဲ့ အဆင့် မရောက်သေးဘူး ။ ကြားနာနေတုန်းပဲ၊ အမှုစွဲတုန်းပဲဆိုရင်တော့ ညှိလို့ အဆင်ပြေသွားတယ်ဆိုရင်ပဲ ပြီးသွားမှာပါ။ တရားရုံး ရောက်သွားရင်လည်း ကျွန်တော်တို့လည်း ဘာမှ လုပ်လို့ မရပါဘူး။


နိုင်ငံတကာက ချေးငွေပေးသည့် ကိစ္စနှင့်ပတ်သက်ပြီး Kyoto News မှ မေးမြန်းချက်။

ကျွန်တော်တို့ စောစောကပြောသလို ကျွန်တော်တို့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် (၁) အချက်ကတော့ ငွေကြေးအရင်းအနှီး ပြည့်ပြည့်စုံစုံ မရှိပါဘူး ။ ငွေကြေး ပြည့်ပြည့်စုံစုံ မရှိတဲ့အတွက်ကြောင့် နှောင်းကြိုးကင်းတဲ့ ချေးငွေပဲဖြစ်ဖြစ်၊ နောက်တစ်ခါ ဒီဟာ Grant ပဲ ဖြစ်ဖြစ်၊ ဒါတွေကို ကျွန်တော်တို့က လုပ်မဲ့လုပ်ငန်းတွေပေါ်မှာ ကြည့်ပြီးတော့ ကျွန်တော်တို့ လက်ခံသွားရမှာ ဖြစ်ပါတယ်။ ချေးငွေဆိုရင်တော့ နဲနဲ စဉ်းစားရတယ်။ ဘာကြောင့်လဲဆိုတော့ သူကချေးငွေဆိုတော့ အတိုးနှုန်း သက်သာတယ် ဆိုပေမယ့် သူက ပြန် ဆပ်ရဦး မယ်လေ။ Grant ဆိုရင်တော့ ကျွန်တော်တို့က ပိုပြီး လိုလားတယ်။ Grant လိုဟာမျိုးကျရင် ကျွန်တော်တို့ ပြန်ပြီး recover မဖြစ်နိုင်တဲ့ ဥပမာ - ပညာရေး တို့၊ ကျန်းမာရေး တို့၊ ဒီဟာတွေမှာ ကျွန်တော်တို့ သုံးစွဲမယ်ဆိုပြီးတော့ ကျွန်တော်တို့ ဒီလို မူချထားတယ်။ ချေးငွေကျတော့ ပြန်ဆပ်ရမှာ ဖြစ်တဲ့အတွက်ကြောင့် ဝင်ငွေ ပြန်ရမယ့် Capital လိုဟာမျိုးမှာ ကျွန်တော်တို့ သုံးစွဲမယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ချေးငွေအတွက်ကို လိုက်ပြီးတော့မှ ခုနကလို တွေ့ဟယ် ပြုဟယ်နဲ့ ဆက်ဆံရင်းနဲ့ ဒီလိုလုပ်နေရတာဖြစ်ပါတယ်။ အဲ့တော့ ဘာပဲဖြစ်ဖြစ် ယူသင့်ယူထိုက်တဲ့ ချေးငွေအားလုံးကို ကျွန်တော်တို့ ယူမှာပဲ ဖြစ်ပါတယ်။

သတင်း - မြန်မာသမ္မတ သတင်းစာရှင်းလင်းပွဲ မေးခွန်း အဖြေများ - Oct 26 2012 05:10 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005