မြန်မာသမ္မတ သတင်းစာရှင်းလင်းပွဲက မေးခွန်းနဲ့ အဖြေများ (၁၀)

မြန်မာသမ္မတရုံး အင်တာနက်စာမျက်နှာ

၂၀၁၂၊ အောက်တိုဘာ ၂၁ ရက်၊ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီ မိနစ် ၂၀ အထိ ကြပ်ပြေးနေပြည်တော်၊ သမ္မတအိမ်တော် သံတမန်ဆောင်တွင် ကျင်းပတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ သတင်းသမားများ တွေ့ဆုံပွဲ အတွင်း သတင်းသမားများရဲ့ မေးခွန်းများ၊ မြန်မာသမ္မတ ဖြေဆိုချက်များအနက် သမ္မတရုံး တာဝန်ရှိသူ ဖေ့စ်ဘွတ်တွင် ရေးထားသမျှကို မှတ်တမ်းအဖြစ် စုစည်း ဖော်ပြလိုက်ပါတယ်။ ထို တွေ့ဆုံပွဲဟာ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သတင်းသမားများနဲ့ မြန်မာအစိုးရခေါင်းဆောင်တို့ ပွင့်ပွင့်လင်းလင်း တွေ့ဆုံတဲ့ ပွဲ ဖြစ်ပါတယ်။


မကြာခင်ရက်ပိုင်းအတွင်းက လာရောက်ခဲ့သည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့မှာ စစ်တပ်က အရာရှိတွေ ပါဝင်နေမှုနှင့် ပတ်သက်ပြီး AP သတင်းဌာနမှ မေးမြန်းချက်။

ပြီးခဲ့တဲ့အပိုင်းက ကျွန်တော်တို့ အဓိကကတော့ လူ့အခွင့်အရေးကိစ္စတွေနဲ့ပတ်သက်ပြီး တော့ Technical Assistance နည်းပညာတွေ၊ အသိပညာတွေ အကူအညီပေးတဲ့ အပိုင်းတွေ ဆွေးနွေးပွဲတစ်ခု လာပြီးတော့ လုပ်တာ ဖြစ်ပါတယ်။ စောစောကပြောသလိုပဲ တပ်က ပုဂ္ဂိုလ်တွေလည်း ပါလာတာ သိရပါတယ်။ နောက်တစ်ခါ အမေရိကန်က နိုင်ငံခြားရေး ဒု ဝန်ကြီးတို့၊ ဘာတို့ ပါလာပါတယ်။ အဲဒီတော့ ကျွန်တော်ကတော့ နိုင်ငံခြားရေး ဒု ဝန်ကြီးနဲ့ တွေ့လိုက်ပါတယ်။ တပ်က အကြီးအကဲနဲ့တော့ မတွေ့ဖြစ်ပါဘူး။ အဓိကကတော့ လူ့အခွင့် အရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ နည်းပညာပေးတဲ့ ဆွေးနွေးပွဲပဲ ဖြစ်ပါတယ်။ လောလောဆယ်တော့ အမေရိကန်နဲ့ကျွန်တော်တို့နဲ့တပ်ချင်း ပေါင်းပြု ပြီးတော့ လုပ်ဖို့ပြုဖို့ ဒါတွေတော့ အစီအစဉ် မရှိပါဘူး။


မြန်မာပြည်တွင်းတွင် OIC ရုံးများ ဖွင့်ခွင့် မပေးသည့် ကိစ္စ၊ ကချင်ပြည်နယ်တွင် ICRC ဝင်ခွင့် မပေးတာနှင့် ပတ်သက်ပြီး News Watch မှ မေးမြန်းချက်။

တစ်အချက်က OIC ကိစ္စ၊ OIC ကိစ္စနှင့် ပတ်သက်ပြီးတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ ခုနကလို ဒီ ဆူပူမှု ပဋိပက္ခ ပေါ့။ ဒါတွေကတော့ ကျနော်တို့အားလုံး သိပြီး ဖြစ်ပါတယ်။ အဲဒီတော့ ဆူပူမှု ပဋိပက္ခနှင့်အတူ၊ ခုနလို သေဆုံးတာတွေ၊ ဒဏ်ရာ ရတာတွေဟာ တခြားဖြစ်စဉ်တွေနှင့် ယှဉ်ရင်တော့ သိပ်ပြီးတော့ ကျနော်တို့ ဒါ များများစားစား မရှိလှဘူးလို့ ဒီလို ပြောရမှာ ဖြစ်ပါတယ်။

သို့သော်လည်း ခုနကလို မီးရှို့တာကြတော့ ရွာတစ်ရွာမှာ ခုနလို တစ်အိမ် မီးရှို့ဆိုရင် သက်ကယ်နှင့် ဓနိနှင့် နေနေကြတဲ့အိမ်တွေဆိုတော့ အကုန် လောင်တာပါဘဲ။ အဲဒီတော့ မီးရှို့တဲ့အတွက်ကြောင့် ခုနလို အိုးမဲ့အိမ်မဲ့ဖြစ်တာတွေက ကျနော်တို့ များပါတယ်။ အိုးမဲ့အိမ်မဲ့ဖြစ်တဲ့အတွက်ကြောင့် ဘာလုပ်ရလဲဆိုတော့ ကျနော်တို့ ဒီလူတွေကို ထမင်းကျွေးထားရပါတယ်။ ထမင်းကျွေးထားရပါတယ်။ သူတို့ကို ကျွေးထားတဲ့စရိတ်က ဘယ်လောက်ကုန်တယ်ဆိုရင် တစ်နေ့တစ်နေ့ကို ဒေါ်လာတစ်သန်းဖိုးလောက် ကျနော်တို့ ကုန်ပါတယ်။ ဒေါ်လာတစ်သန်းဖိုးလောက် ကုန်ပါတယ်။ အဲဒီတော့ ဒေါ်လာတစ်သန်းဖိုးလောက်ကုန်တဲ့ဟာကို အစိုးရကလည်း စိုက်မပေးနိုင်ဘူး။ ပြည်သူလူထုအကူအညီနှင့်လည်း ဒီလောက် ကုန်တဲ့ ကျွေးနိုင်တဲ့ ကျနော်တို့အနေအထား မရှိဘူး။ အဲဒီတော့ ဘာလုပ်ရလဲဆိုတော့ ပြည်ပက အကူအညီတွေကို ကျနော်တို့က လူသားချင်း စာနာတဲ့ ကူညီမှုဆိုတာ နော်၊ ဒါတွေကို ကျနော်တို့ လက်ခံရပါတယ်။ အဲဒီတော့ လူသားချင်း စာနာတဲ့ အကူအညီတွေ လက်မခံဘူးဆိုရင် ကျနော်တို့ ခုနလို လူမဟုတ်ဘူး ဆိုပြီးတော့ဘဲ စွပ်စွဲကြတော့မှာ။ ဒါကတော့ တစ်ကမ္ဘာလုံး လက်ခံရတဲ့ကိစ္စ ပါ။ အလားတူပါဘဲ ကျနော်တို့ OIC နှင့် ပတ်သက်ပြီးတော့လည်း ကျနော်တို့ ဒါ ဘာသာအရ မခွဲခြားပါဘူး။ လူမျိုးအရ မခွဲခြားပါဘူး။ လူသားချင်း စာနာတဲ့ အကူအညီတွေ ကျနော်တို့ ပေးချင်ပါတယ်။ ပေးလဲဘဲ ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါနှင့်ပတ်သက်ပြီးတော့ ဆက်သွယ်ဆောင်ရွက်ဖို့ ဆိုပြီးတော့ ဒီလို ခုနလို OIC နှင့် စာချုပ်တာ မဟုတ်ပါဘူး။ OIC ထဲမှာ ပါဝင်တဲ့ ဌာနတစ်ခုအနေနှင့် ခုနကလို ဒီ နယ်စပ်ဒေသဝန်ကြီးဌာနအောက်က ကျနော်တို့ ဒါ ဟိုဒင်းနှင့် စာချုပ်ကြတာ ဖြစ်ပါတယ်။

စာချုပ်တာကတော့ ခုနကပြောသလို ကျနော်တို့ ရန်ကုန်မှာ ဒီ OIC ရုံးဖွင့်မယ်တို့၊ နောက်တခါ စစ်တွေမှာ OIC ရုံး ဖွင့်မယ်တို့၊ ဒါတွေဟာ စာချုပ်ထဲ ကျနော်တို့ လုံးဝ မပါပါဘူး။ ဒါ လူတွေရဲ့ ကောလဟာလတွေ ပါ။ ဟိုပြော ဒီပြောနှင့် ဒီလို ပြောနေတဲ့ဟာတွေ ပါ။ ဒါကြောင့်မို့ ကျနော်တို့ ဒီ ကောလဟာလတွေကို၊ ဒါတွေဟာ ကျနော်တို့ ဟိုဒင်း မဖြစ်ပါဘူး။ ဘယ်သူကမှလဲ ခုနလို ဒီ စာချုပ်ကို သေချာလည်း ဖတ်ပြီးတော့ ပြောတာလည်း မဟုတ်ပါဘူး။ ကျနော်တို့ သိပါတယ်။ စာချုပ်ထဲမှာ ခုနပြောသလို ရန်ကုန်မှာ ဖွင့်မယ် တို့၊ စစ်တွေမှာ ဖွင့်မယ် တို့ ဆိုတာ လုံးဝ ကျနော်တို့ မပါပါဘူး။ အကယ်၍ ဖွင့်ဖို့ရှိတယ်ဆိုရင်တောင်မှ ကျနော်တို့အစိုးရအနေနှင့် တားမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ပြည်သူက မလိုလားဘူး။ ပြည်သူ မလိုလားတဲ့အတွက်ကြောင့် ကျနော်တို့က တားဆီးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ခုနလို ပြည်သူတွေ အနေနှင့် မစိုးရိမ်ပါနှင့်၊ ဒါကို ကျနော်တို့အစိုးရအနေနှင့် တာဝန်ယူပါတယ်။ ဒါတွေ ကျနော်တို့ လုံဝ ဖွင့်ခွင့်မပြုပါဘူးဆိုပြီးတော့ ဒီလို ကြေညာတာ ဖြစ်ပါတယ်။

( ICRC နှင့် ပတ်သက်၍ ဖြေဆိုချက်)

ICRC သုံးနေပါတယ်။ ICRC ဟာ ဒီမှာ ရှိနေတဲ့ Human Rights ကော်မရှင်တို့၊ ဘာတို့နှင့် ပေါင်းပြီးတော့ သွားနေပါတယ်။ ခုနကလို အထောက်အထားတွေလည်း ရှိပါတယ်။ သွားတဲ့ အထောက်အထားတွေ ခင်ဗျား မသိလို့ ဖြစ်ပါလိမ့်မယ်။

သတင်း - မြန်မာသမ္မတ သတင်းစာရှင်းလင်းပွဲ မေးခွန်း အဖြေများ - Oct 26 2012 05:10 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005