မြန်မာသမ္မတ သတင်းစာရှင်းလင်းပွဲက မေးခွန်းနဲ့ အဖြေများ (၉)

မြန်မာသမ္မတရုံး အင်တာနက်စာမျက်နှာ

၂၀၁၂၊ အောက်တိုဘာ ၂၁ ရက်၊ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီ မိနစ် ၂၀ အထိ ကြပ်ပြေးနေပြည်တော်၊ သမ္မတအိမ်တော် သံတမန်ဆောင်တွင် ကျင်းပတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ သတင်းသမားများ တွေ့ဆုံပွဲ အတွင်း သတင်းသမားများရဲ့ မေးခွန်းများ၊ မြန်မာသမ္မတ ဖြေဆိုချက်များအနက် သမ္မတရုံး တာဝန်ရှိသူ ဖေ့စ်ဘွတ်တွင် ရေးထားသမျှကို မှတ်တမ်းအဖြစ် စုစည်း ဖော်ပြလိုက်ပါတယ်။ ထို တွေ့ဆုံပွဲဟာ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သတင်းသမားများနဲ့ မြန်မာအစိုးရခေါင်းဆောင်တို့ ပွင့်ပွင့်လင်းလင်း တွေ့ဆုံတဲ့ ပွဲ ဖြစ်ပါတယ်။


ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များတွင် အရေးကြီးဆုံးဟု ယူဆရသည့် ပညာရေးနှင့် ပတ်သက်ပြီး အစိုးရ၏ ပြင်ဆင်လုပ်ဆောင်မှုများနှင့် စပ်လျဉ်းသည့် မေးခွန်း။

နိုင်ငံတော်သမ္မတ၏ ဖြေကြားချက်

ကဲ ကောင်းပြီ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်လဲ ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြချင်ပါတယ်။ တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက်က ဒီ တိုင်းပြည်မှာရှိနေတဲ့ သယံဇာတတွေ အပေါ်မှာ မတည်မှီပါဘူး။ ဘယ်အပေါ်မှာပဲ မူတည်သလဲဆိုတော့ လူတွေပေါ်မှာပဲ မူတည်တာ ဖြစ်ပါတယ်။ လူတွေပေါ်မှာပဲ မူတည်တာ ဖြစ်ပါတယ်။ အထင်ရှားဆုံး သာဓက ပြရမယ် ဆိုလို့ရှိရင် တောင်ကိုရီးယားလို နိုင်ငံမျိုး၊ ဂျပန်လို နိုင်ငံမျိုး ကျွန်တော်တို့လောက် သယံဇာတ ကြွယ်ဝမှု မရှိပါဘူး။ ဒါပေမယ့် ဘာကြောင့် ကျနော်တို့ထက် ပိုပြီးတော့ ဖွံ့ဖြိုး တိုးတက် သွားသလဲဆိုရင် လူတွေ ခုနကလို တော်တဲ့အတွက် ဖွံ့ဖြိုးတိုးတက်သွားတာ ဖြစ်ပါတယ်။ အရည်အချင်းရှိတဲ့ လူ၊ အရည်အချင်းရှိတဲ့ နိုင်ငံသားတွေ ဒါမျိုးတွေ၊ အရည်အချင်း ရှိတဲ့ ကိုယ့်ပြည်သူပြည်သားတွေ များများ ပေါ်ထွန်းလာဖို့ လိုပါတယ်။ ဒါက ခုနကလို ခြုံပြီး ခေါ်လိုက်လို့ရှိရင်တော့ လူ့စွမ်းအား အရင်းအမြစ် ပေါ့။ လူ့စွမ်းအား အရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ လိုပါတယ်။

လူ့စွမ်းအားအရင်း အမြစ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကတော့ ဘယ်အပေါ်မှာ ကျွန်တော်တို့ အခြေခံရမလဲဆိုရင် နှစ်ချက်။ တစ်အချက်ကတော့ ပညာရေးအပေါ်မှာ ကျွန်တော်တို့ အခြေခံရမှာ ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ လူ့စွမ်းအား အရင်းအမြစ်ဆိုတာ ပညာတတ်ရုံနဲ့ မပြီးပါဘူး။ လူတွေက ရှုနာရှိုက်ကုန်းလေးတွေ ဖြစ်နေမယ်။ ပညာတော့ တတ်ပါရဲ့၊ မလုပ်နိုင် မပြုနိုင် ကျန်းမာရေးက ချို့ယွင်းနေတယ်။ အိပ်ရာပေါ်မှာ ခုနကလို တုံးလုံးပက်လက်နဲ့ disable ဖြစ်နေတယ် ဆိုလို့ရှိရင်လဲ ကိုယ့်တိုင်းပြည်အတွက် ဘာမှ အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ပညာရေးဆိုတာကို ကျန်းမာရေးနဲ့ပါ ဒွန်တွဲပြီးတော့မှ မြှင့်တင်ဖို့ ကျွန်တော်တို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

နောက် ကျွန်တော်တို့ရဲ့ပညာရေး၊ ကျွန်တော်တို့ရဲ့ပညာရေးဟာ ခုနက လို နောက်ကျကျန်နေတာတော့ အမှန်ပါ။ နောက်ကျကျန်နေရတာလဲ အကြောင်းကြောင်း တွေ ကျွန်တော်တို့ အများကြီး ရှိပါတယ်။ ဘယ်သူ့ဘယ်သူကိုမှ အပြစ်တင်နေလို့လဲ ကျွန်တော်တို့ မဖြစ်ပါဘူး။ အပြစ်တင်နေစရာလဲ မလိုပါဘူး။ ဘာကြောင့်လဲဆို ဟိုတုန်းက ဆိုလို့ရှိရင် ကျွန်တော်တို့ တက္ကသိုလ်မှာ ယေးတို့၊ ဟားဘတ်တို့က ဘွဲ့ရခဲ့တဲ့ ဆရာကြီး တွေ၊ ဆရာမကြီးတွေ တော်တော်များများ ရှိပါတယ်။ အဲဒီတော့ ဒီ ဆရာကြီးတွေ၊ ဆရာမကြီး တွေက သင်ကြားပေးလိုက်တဲ့ သူ့ရဲ့တပည့်တွေ ဟာ ခုနကလို ဒီ ယေးလ်တို့၊ ဟားဘတ်တို့က ဘွဲ့မရသော်လည်းပဲ အဲဒီနီးပါး တော်တဲ့လူစားမျိုးတွေ ထွက်လာခဲ့ပါတယ်။

သို့သော်လည်း ကျွန်တော်တို့ နှစ်ပေါင်း နှစ်ဆယ်ကျော်လောက်က ဟားဘတ်မှာလဲ သွားပြီး တက်ခွင့် မရ၊ ယေးမှာလည်း သွားပြီး တက်ခွင့် မရ၊ ဥပမာအားဖြင့် ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ လည်း MRCP တို့ ဘာတို့ဆို အင်္ဂလန်မှာ သွားပြီးတော့ ယူရမှာ၊ တစ်ခါသွားမှ တစ်ယောက်စ၊ နှစ်ယောက်စ၊ လူဦးရေက ခုနကလို သန်းခြောက်ဆယ်လောက် ရှိတယ်။ ဒီ နှစ်ယောက်လောက်နဲ့ ကျန်းမာရေးအဆင့်အတန်း မြင့်အောင် ကျွန်တော်တို့ ဘယ်လိုမှ မလုပ်နိုင်ဘူး၊ အဲတော့ ဒီကို ကျွန်တော်တို့ အဆင်မြင့်တဲ့ပညာတွေကို ဆရာ လုပ်တဲ့သူတွေက ဟုတ်လား။ သင်ကြားခွင့်မရတဲ့အတွက်ကြောင့် ကိုယ့်ရှိတဲ့ ပညာရေးကိုပဲ ကိုယ်က ဒါကို အကောင်းဆုံး ဖြစ်အောင် ကျွန်တော်တို့ ဒါကို လုပ်နေရပါတယ်။

သူများနိုင်ငံတွေနဲ့ ရင်ဘောင်တန်းဖို့ အတွက် ခေတ်မီတဲ့ ပညာရေးကို ကျွန်တော်တို့ ပြီးခဲ့တဲ့နှစ်ကဆိုရင် ဟယ်လာရီကလင်တန်နဲ့ ကျွန်တော် စပြီးတော့ တွေ့ပါတယ်။ ပညာရေးမြှင့်တင်ဖို့အတွက် ကျွန်တော်တို့ ဒါတွေကို စပြီးတော့ ပြောပါတယ်။ ကျွန်တော်တို့ ခုနက ဒီ နိုင်ငံခြားက နာမည်ကြီးတဲ့ တက္ကသိုလ်တွေမှာ ကျွန်တော်တို့ရဲ့တော်တဲ့ကလေးတွေ၊ အတော်ဆုံးကလေးတွေ ကျွန်တော်တို့ ပို့ချင်ပါတယ်။ အဲတော့ ဒီကလေးတွေကို ကျွန်တော်တို့ လက်ခံပေးပါ။ နောက် ဟိုတုန်းကဆိုလို့ ရှိရင် ကျွန်တော်တို့ ဂျွန်းဟော့ကင်းတက္ကသိုလ်က ဆရာတွေ ဆရာမတွေလည်း ကျွန်တော် တို့ ဒါ တော်တော်လေး ရှိပါတယ်။ အခုလည်း ကျွန်တော်တို့ ရှိပါတယ်။ အဲတော့ ဒီတက္ကသိုလ်ကြီးက အဲတော့ သူ့ရဲ့ အောက်မှာ တက္ကသိုလ်ခွဲ ကျွန်တော်တို့ ကိုးခုကျော် ရှိပါတယ်။ အဲတော့ ဒီမှာ ကျွန်တော်တို့ ပညာသင်ကြားခွင့်တွေ ပေးပါ။ အဲတော့ ပညာသင်ကြားခွင့်တွေပေးပါ ဆိုတော့ သူ့ President ကို လွှတ်ပေးလိုက်ပါမယ် ပြောပါတယ်။

President နဲ့ ကျွန်တော်တို့ တွေ့ပါတယ်။ အဲ ဒု ဟိုနင်းပေါ့လေ။ ဒု ဥက္ကဋ္ဌ ဖြစ်ပါတယ်။ သူ့ နာမည်ကလည်း ခုနကလို ကျွန်တော်ကို မေ့စရာအကြောင်း မရှိပါဘူး။ ဘာဆိုတော့ မစ္စတာ ရိုက်စ်ဆိုတော့ သူ ပြောလိုက်တယ်။ ဆန် စားနေသမျှတော့ ခင်ဗျားနာမည်တော့ မေ့စရာ မရှိဘူးဆိုပြီးတော့၊ ဒီ ပုဂ္ဂိုလ်လာပြီးတော့ ညှိပါတယ်။ ပြီးတော သူက သုံးလေးဆယ်လောက်ကို သူက လက်ခံပါတယ်။ အဲတော့ ကျွန်တော် ၀ါရှင်တန်လိုဟာမျိုးမှာ ပညာတော်သင် သုံးလေးဆယ်လောက် သွားပြီးတော့ သင်ဖို့အတွက်က သူ့ကျောင်းက ခုနကလို အလကား သင်ပေးလည်း နေဖို့စရိတ်က ကျွန်တော်တို့ လိုလာတယ်။ စားဖို့စရိတ်က ကျွန်တော်တို့ လိုလာတယ်။ အဲတော့ နေဖို့စရိတ်တွေ၊ စားဖို့စရိတ်တွေ လိုတဲ့အတွက်ကြောင့် များများစားစား ကျွန်တော်တို့ ဘယ်လိုမှ သွားပြီးတော့ သင်နိုင်တဲ့ အနေအထား မရှိဘူး။

အဲတော့ ခင်ဗျားတို့ ဒီလို လုပ်ပေးပါလားဗျာ၊ အဲတော့ ရန်ကုန်မြို့မှာ ကျွန်တော်တို့ အကြောင်းကြောင်းတွေကြောင့် တက္ကသိုလ် (၃) ခု၊ ကျွန်တော်တို့ ပိတ်ထားတာတွေ ရှိတယ်။ အဆင်သင့် ပဲ။ အဲတော့ ခင်ဗျားတို့ရဲ့ တက္ကသိုလ်ခွဲတွေ အဲတော့ ကိုရီးယားမှာ ဖွင့်နေတာတွေ ရှိတယ်။ စင်ကာပူမှာ ခင်ဗျားတို့ ဖွင့်နေတာ ရှိတယ်။ အခု အီတလီမှာ ဖွင့်ပေးနေတာတွေ ရှိတယ်။ ဒီကိုလာပြီးတော့များ တက္ကသိုလ်ခွဲတွေ ဖွင့်ပေးနိုင်မလား။ အဲတော့ ဒါလည်း သဘောကျသွားပါတယ်။ ဒါ ကောင်းတဲ့ အကြံဉာဏ်ပါပဲလို့ ပြောပါတယ်။ ဒီ တက္ကသိုလ်တွေ ဖွင့်ဖို့အတွက် ဒီကနေ့ ကျွန်တော်တို့ ဒါ ဆက်သွယ်ပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ ဆက်သွယ်ပြီးတော့ ဆောင်ရွက်နေပါတယ်။

နောက်တစ်ခုကလည်း ခုနကလို၊ ကျွန်တော်တို့ ဒီလူငယ်တွေ၊ ကျွန်တော်တို့ရဲ့ ခုနကလို ကျောင်းသူ/ကျောင်းသားတွေ ဒီကနေ့ ခုနကလို အင်္ဂလိပ်စာကို တော်ဖို့ ကျွန်တော်တို့ လိုပါတယ်။ အင်္ဂလိပ်စာတော်ဖို့ ကျွန်တော်တို့ လိုပါတယ်။ အဲတော့ ဟိုတုန်းကတော့ ခုနကလို သင်ကြားတဲ့ ဆရာတွေဟာ ခုနကလို တချို့လည်း တိုင်းရင်းသားတွေ ဖြစ်သလို တချို့လည်း ခုနကလို နိုင်ငံခြားသား တွေပါတော့ ဒီ ဆယ်တန်းလောက် ရောက်၊ ဒီ ဆယ်တန်းအောင်လောက်ဆိုရင်ပဲ အင်္ဂလိပ်စာ တော်တော် ကျွမ်းကျင် တတ်နေပြီ။

ဒီကနေ့ ကျွန်တော်တို့ ဘွဲ့ရတဲ့ကလေးတွေ အင်္ဂလိပ်စာ ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်တာတွေဟာ အများကြီးး ကျွန်တော်တို့ ရှိပါတယ်။ အဲတော့ ဒီဟာလည်း ခုနကလို အကြံပေးတဲ့လူတွေက ၀ိုင်းပြီးတော့ ပေးကြပါတယ်။ အဲတော့ အနည်းဆုံးတော့ ခုနကလို ပညာရေးကို ခုနက အခြေခံမှာ (၁၂) တန်းလောက် ထားပါ၊ (၁၂) တန်းလောက် ထားပါ။ သူများ နိုင်ငံတွေမှာလည်း ဒီအတိုင်း လုပ်နေပါတယ်။ တက္ကသိုလ်ရောက်တဲ့အချိန်မှာ ကျွန်တော်တို့ ဒီ ၁၆ နှစ်လောက်ဆိုတော့ တော်တော်လေး ငယ်ပါသေးတယ်။ ၁၇ နှစ်၊ ၁၈ နှစ် လောက်ကျမှ Mature ကျွန်တော်ဖြစ်မှာ ဖြစ်ပါတယ်။ သို့သော်လည်းပဲ ဒီ ၁၂ တန်းအောင်ပြီးတာနဲ့ တပြိုင်နက် ဒီကလေးတွေဟာ ခုနကလို အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ပြောတတ်ရမယ်၊ ရေးတတ်ရမယ်၊ ဒီလိုဖြစ်အောင် လေ့ကျင့်ပေးပါ ဆိုပြီးတော့ ကျွန်တော်တို့ကို ဒီလို အကြံဉာဏ်ပေးတာတွေလည်း ရှိပါတယ်။ ဒါတွေလည်း ကျွန်တော်တို့ ကြိုးစားပြီးတော့ ဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့ ဒါကို ကျွန်တော်တို့ စီမံနေဆဲ ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုလို့ရှိရင် ကျွန်တော်တို့ ဒီ IT ၊ ဟိုနင်းတွေ ထွန်းကားလာတာနဲ့အမျှ ဒီ ဟိုနင်းတွေ၊ ကွန်ပြူတာ စ,သုံးရင်တောင်မှ အင်္ဂလိပ်စာ မတတ်ရင် အခက်အခဲ ကျွန်တော်တို့ ရှိမှာ ဖြစ်ပါတယ်။ ကွန်ပြူတာကအစ ကျန်တဲ့ ခုနကလို အင်တာနက်တို့၊ အင်တာနက်တို့၊ အီးမေးလ်တို့၊ ဂျီမေးလ်တို့ဆိုတာလည်း ဒီ အင်္ဂလိပ်စာနဲ့ ပို့နေရတယ်ဆိုတော့ ဒီ ၁၂ တန်းလောက်မှ အင်္ဂလိပ်စာကို ကျွန်တော်တို့ ပြောနိုင်၊ ပြုနိုင်၊ ရေးနိုင်လို့ရှိရင် ဘာဖြစ်ဖြစ် တက္ကလိုလ်အဆင့်လည်းပဲ ဒီလပိုင်းကျရင် ကျွန်တော်တို့က ဘာဖြစ်ဖြစ် တက္ကသိုလ်အဆင့်လည်းပဲ ဒီအပိုင်းကျရင် ကျွန်တော်တို့က သိပ်ပြီးတော့ ခုနကလို ကျွန်တော်တို့ အခက်အခဲ မရှိတော့ပါဘူး။

နောက်တစ်ခုကလည်း ဒီကနေ့ ခုနကလို ကျွန်တော်တို့က အပြည်ပြည်ဆိုင်ရာနဲ့ ဆက်ဆံနေတာ၊ အနည်းဆုံး ခုနကလို ကျွန်တော်တို့ အာဆီယံ (၁၀) နိုင်ငံ၊ ကျွန်တော်တို့ နိုင်ငံ အပါအ၀င် ပေါ့၊ အာဆီယံနိုင်ငံတွေနဲ့ ကျွန်တော်တို့ ဆက်ဆံနေရတယ်။ အဲတော့ အာဆီယံနိုင်ငံတွေနဲ့ ဆက်ဆံဖို့အတွက် ပြောကြဆိုကြတဲ့အခါမှာ Common Language က ခုနကလို အင်္ဂလိပ်စကားနဲ့ပဲ ကျွန်တော်တို့ ဆွေးနွေးကြ ပြောကြပြုကြရတာ ဖြစ်ပါတယ်။ အဲတော့ ကိုယ့်ရဲ့ဒေသတွင်းမှာ ဆက်ဆံဖို့အတွက်တောင်မှ အင်္ဂလိပ်စကား၊ နောက် အင်္ဂလိပ်ဘာသာ မကျွမ်းကျင် မတတ်ရင် ကျွန်တော်တို့ ရှေ့ကို တော်တော်လေး အခက်အခဲ ရှိပါတယ်။

ကျွန်တော်တို့ရဲ့ ၀န်ထမ်းတွေထဲမှာလည်း ဒီကနေ့ဆိုလို့ရှိရင် ၀န်ထမ်းတွေ Capacity Building နော်။ ကျွန်တော်တို့ ဒါတွေကို ပြန်ပြီးတော့ ဒါ တည်ဆောက်နေရတာတွေ ကျွန်တော်တို့ ရှိပါတယ်။ နောက်တစ်ခုက အလားတူပဲ ဒီဒေသတွင်းမှာ ဆက်ဆံသလိုပဲ အပြည်ပြည်ဆိုင်ရာနဲ့ ဆက်ဆံမယ်ဆိုလို့ရှိရင်လည်း Common Language က ဒါနဲ့ပဲ ကျွန်တော်တို့ ပြောဆို နေကြရတာ ကျွန်တော်တို့ ဖြစ်ပါတယ်။ အဲတော့ ကိုယ့်တစ်နိုင်ငံတည်း ကျွန်တော်တို့ နေလို့က မရတော့ပါဘူး။ ကမ္ဘာကြီးကလည်း ဒီ IT တွေ သိပ်ပြီးတော့ ထွန်းကားကာတာနဲ့ အမျှ သိပ်ပြီးတော့ ကျွန်တော်တို့ ကျဉ်းမြောင်းသွားပါတယ်။ ကျွန်တော် ထင်ပါတယ်။ ရွာကြီး တစ်ရွာ တင်၊ ရွာကြီးတစ်ရွာလိုတင် မဟုတ်တော့ဘူး။ ရပ်ကွက်တစ်ခုလောက်ပဲ ကျွန်တော်တို့ ဖြစ်သွားတဲ့အနေအထားမျိုး ရောက်နေပြီလို့တောင် ပြောရမှာ ဖြစ်ပါတယ်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ တစ်နေရာမှာ တစ်ခုခုဖြစ်ရင် ချက်ခြင်း ကျွန်တော်တို့ ဒါ သတင်းတွေက ရောက်သွားတယ်။ ချက်ခြင်း သိသွားတာပဲ။ အဲတော့ ဒီလို ဆက်သွယ်နေရာတာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ ပညာရေးဟာ ကျွန်တော်တို့ ဒါ အဓိကကတော့ ခုနကလို အင်္ဂလိပ်စာ ကျွမ်းကျွမ်းကျင်ကျင်နဲ့ တတ်ဖို့ပြုဖို့ လိုတယ်။

နောက်တစ်ခု ကျွန်တော်တို့ ခုန ကလို အလုပ်အကိုင် အခွင့်အလမ်းတွေ များဖို့အတွက် အခု ဒီကနေ့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ခုနကလို ဆင်းရဲနွမ်းပါးမှုနှုန်းဟာ ၂၆ ရာခိုင်နှုန်း ကျွန်တော်တို့ ရှိပါတယ်။ ပြီးတော့လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းတဲ့အတွက်ကြောင့် အိမ်နီးချင်းနိုင်ငံတွေ ကျွန်တော်တို့ ဒီ ထိုင်းနိုင်ငံလိုဟာမျိုး၊ မလေးရှားလို နိုင်ငံလို ဟာမျိုးမှာ သွားပြီး အလုပ်လုပ်နေရတယ်။ ကျွန်တော်တို့ နိုင်ငံသားတွေဟာ သုံးသန်းလောက် ရှိတယ်။ တချို့အလုပ်တွေက အောက်ကျနောက်ကျ လုပ်နေရတဲ့ အလုပ်မျိုး တွေ ပါ။ တချို့အလုပ်တွေဟာလည်း ပင်ပင်ပန်းပန်းနဲ့ လုပ်ရတဲ့အလုပ်မျိုးတွေ ပါ။

ကိုယ့်နိုင်ငံမှာသာ ဒီအလုပ်မျိုး ခုနကလို ရှိမယ်၊ ဒီလို အခွင့်အလမ်းမျိုး ရှိမယ်ဆိုရင် ဘယ်သူမှ သူများနိုင်ငံမှာ ဒီအလုပ်တွေ သွားပြီးတော့ မလုပ်ပါဘူး။ အဲတော့ ကိုယ့်ဆွေ၊ ကိုယ်မျိုးနဲ့ ၊ ကိုယ်ကိုးကွယ်တဲ့ ဘာသာနဲ့ ကိုယ့်စရိုက်နဲ့ တူညီတဲ့ ကိုယ့်နိုင်ငံကိုပဲ အခုနကလို ပြန်လာကြမှာ ဖြစ်ပါတယ်။ အဲတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းနေတယ်၊ အဲတော့ အလုပ်အကိုင်အခွင့် အလမ်းတွေ များများရဖို့အတွက် ကျွန်တော်တို့မှာလည်း ဒါ ဒီကနေ့ အစိုးရအခြေအနေ ပဲ။

တစ်အချက်က ခုနကကို အရင်းအနှီးနဲ့ ပတ်သက်ပြီးတော့ ငွေကြေး ကျွန်တော်တို့မှာ လုံလုံလောက်လောက် မရှိဘူး။ ဒါဆို ဘက်ဂျက်တောင်မှ လိုငွေနဲ့ ကျွန်တော်တို့ သုံးနေရတဲ့ အနေအထား ဖြစ်ပါတယ်။

နောက်တစ်ခုက နည်းပညာပိုင်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ လိုအပ်ချက်တွေ အများကြီး ရှိပါတယ်။ နည်းပညာပိုင်းနဲ့ ပတ်သက်ပြီးတော့၊ နောက်တစ်ခါ လူ့စွမ်းအားအရင်းအမြစ်တွေ ကျွန်တော်တို့မှာ ပြည့်ပြည့်စုံစုံ မရှိသေးပါဘူး။ အဲတော့ ဒီအချက် (၃) ချက်၊ ကျွန်တော်တို့မရှိဘဲနဲ့ ကိုယ့်ဟာနဲ့ကိုယ် ငါ လုပ်ရင် ရပါတယ်ကွာ ဆိုပြီးတော့ ဒီလို ကျွန်တော်တို့က မာနတွေ ထားနေလို့ မရပါဘူး။

အဲတော့ ဒီ အခွင့်အလမ်းတွေ ရဖို့ ဆိုလို့ရှိရင်တော့ ခုနကလို ပြည်ပကနေ ရင်းနှီးမြှပ်နှံမှုတွေက မလွဲမသွေ ကျွန်တော်တို့ ရယူရမှာ ဖြစ်ပါတယ်။ FDI တွေ ပေါ့။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ဒီ FDI Law ကို ပြန်ပြီးတော့ ပြင်တယ်။ လွှတ်တော်မှာ တင်တယ်။ ဒါ ကျွန်တော် ထင်ပါတယ်။ ဒီ ရက်ပိုင်းအတွင်းလောက် ဆိုလည်း ဒီဟာ ကျလာမှာ ဖြစ်ပါတယ်။ အဲတော့ ကျွန်တော်တို့က ခုနကလို ပေါ်လစီတွေ၊ FDI Law တွေဟာလည်း ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ လိုက်လျောညီထွေဖြစ်မှ ရင်းနှီးမြှပ်နှံတဲ့သူကလည်း ၀င်လာမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက ခုနကလို ရင်းနှီးမြှပ်နှံမှုတွေ ၀င်လာဖို့ အတွက်က ကျွန်တော်တို့ ခုနကလို အနောက်နိုင်ငံတွေက ကျွန်တော်တို့ကို စီးပွားရေးပိတ်ဆို့ထားသမျှ ဘယ်လိုမှ လာလို့ မဖြစ်ပါဘူး။ ဒါကိုတော့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့ထားမှုတွေကို တတ်နိုင်သလောက် ဖြေလျော့ပေးအောင် လိုချင်တာကတော့ ခုနကလို အဆုံးစွန် ရပ်စဲပေးတာပေါ့။ ဒါ ကျွန်တော်တို့ရဲ့ ဆန္ဒ ပေါ့။

သို့သော်လည်း သူတို့မှာလည်း သူတို့ အခက်အခဲတွေ ရှိပါတယ်။ အဲတော့ တတ်နိုင်သလောက် ဖြေလျော့ပေးဖို့ ဆိုပြီးတော့ ဒီကနေ့ ကျွန်တော်တို့အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒမှာ ကဲ အရှေ့တွေ၊ အနောက်တွေ ဒို့ ခွဲမနေဘူး၊ အားလုံးနဲ့ သင့်တင့်ညီညွတ်အောင်လို့ ဒို့ဆက်သွယ်ရမယ်။ ဒို့ ဆက်ဆံကြမယ်။ အားလုံးနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံရမယ်ဆိုတော့ ဒီကနေ့ ခင်ဗျားတို့လည်း တွေ့ပါတယ်။ အာရှနိုင်ငံတွေလည်း ကျွန်တော်တို့ ရင်းရင်းနှီးနှီး ဆက်ဆံနေသလို အနောက်နိုင်ငံတွေနဲ့ လည်း ကျွန်တော်တို့ ရင်းရင်းနှီးနှီး ဆက်ဆံနေပါတယ်။ အဲတော့ ဒီမှာ ရိုးရိုးသားသားနဲ့ ပြောရမယ်ဆိုရင် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆက်ဆံကြတဲ့အခါမှာ သူတို့ကလည်း သူတို့ အကျိုးစီးပွားအတွက်ကို ကြည့်ပြီးတော့ ဆက်ဆံကြသလို ကျွန်တော်တို့ကလည်း ကျွန်တော်တို့ အကျိုးစီးပွားအတွက် ကြည့်ပြီးတော့ ဆက်ဆံရတာ ဖြစ်ပါတယ်။

လတ်တလော လိုအပ်တဲ့ ကျွန်တော်တို့ရဲ့ အကျိုးစီးပွားက ဘာလဲဆိုရင် စီးပွားရေး ပိတ်ဆို့မှုတွေ၊ ဒါတွေကို ကျွန်တော်တို့ ခုနကလို (၁) အချက်က ဖြေလျော့ပေးဖို့ ဖြစ်နိုင်လို့ရှိရင် ခုနကလို ရပ်ဆဲပေးဖို့ ခုနကလို ကျွန်တော်တို့ဆီမှာ ကုန်ပစ္စည်းတွေ ထုတ်တာ။ ကျွန်တော်တို့ဆီက ကုန်ပစ္စည်းကို ခုနကလို လက်မခံဘူး။ မဝယ်ဘူးဆိုလို့ရှိရင် ဈေးကွက်ပျက်သွားမယ်။ ဘယ်လိုမှ ဒီကုန်ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းတွေ တွင်တွင်ကျယ်ကျယ်နဲ့ ကျွန်တော်တို့ ဒါ ဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး။ ဒါကြောင့်မို့ ဒါ ပြီးခဲ့တဲ့အခေါက်က ဆိုလို့ရှိရင် ဘာဖြစ်တာ ကျွန်တော်တို့ တိုင်းပြည်အတွက် အဓိက ထွက်တာကတော့ ဟယ်လာရီကလင်တန်နဲ့ ဒါ တတိယအကြိမ် ကျွန်တော်တို့ ထပ်တွေ့ပါတယ်။ ထပ်တွေ့ပြီးတော့ အဲဒီ နှစ်ဖက်ဆွေးနွေးနေတဲ့ အချိန်မှာပဲ မြန်မာနိုင်ငံက ခုနကလို ပို့တဲ့ ကျွန်တော်တို့ ထွက်ကုန်တွေပေါ့။ ဒါတွေကို သူက လက်ခံတော့မယ်ဆိုပြီး တခြား ဒါမတိုင်ခင်လည်း ခုနကလို လျော့ပေါ့ပေးတာတွေလည်း တော်တော်များများ ကျွန်တော်တို့ ရှိပါတယ်။ အဲတော့ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ ကျွန်တော်တို့ ဒါ လုံးဝ ခုနကလို Zero နဲ့ စာလို့ရှိရင်တော့ တစ်ကျပ်က ပိုပြီးတော့ တန်ဖိုးရှိပါတယ်။ နည်းနည်းလေးရလိုက်တာ လည်း ကိုယ့်တိုင်းပြည်အတွက် ကျွန်တော်တို့ အကျိုးများစွာ ရှိနေပါတယ်။ ဒီလို ကိုယ့်တိုင်းပြည် အတွက် အကျိုးရှိအောင် ဒါတွေလည်း ကျွန်တော်တို့ လိုက်ပြီးတော့ လုပ်နေရတာ ဖြစ်ပါတယ်။ အဲတော့ ခုနကလို ပြည်ပကနေ တားဆီးပိတ်ဆို့မှုတွေ၊ စီးပွားရေးအရ ပိတ်ဆို့မှုတွေ လျော့သွားတာနဲ့အမျှ ငွေကြေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဒါ အခက်အခဲဖြစ်အောင် လုပ်ထားတာတွေ လျော့သွားတာနဲ့အမျှ ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေ ကျွန်တော်တို့လာမယ်။ အဲတော့ ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတဲ့အခါမှာ ကျွန်တော်တို့ အလိုအပ်ဆုံးက ဘာလဲဆိုရင် အလုပ်အကိုင် အခွင့်အလမ်း နည်းနေတဲ့ ကျွန်တော်တို့ ပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း များများရနိုင်တဲ့ ကျွန်တော်တို့ စက်ရုံ အလုပ်ရုံမျိုးတွေ ဒါတွေကို အရင်ဆုံး ရင်းနှီးဖို့ ဆိုပြီးတော့ ကြိုးစားပြီးတော့ ကျွန်တော်တို့ ဒါကို လုပ်နေပါတယ်။

ဆိုကြပါစို့။ ခုနကလို သိပ်ပြီးတော့ နည်းပညာ မပါဘူး။ နည်းပညာ မပါသော်လည်းပဲ ခုနကလို အလုပ်အကိုင် များများရနိုင်တဲ့ အထည်ချုပ်စက်ရုံလို ဟာမျိုးတွေ ဖိနပ်ချုပ်မယ့်ဟာ ခုနကလို ဂါဝန် ချုပ်မယ်၊ အင်္ကျီ ချုပ်မယ်၊ စက်ရုံတစ်ရုံမှာ ခုနကလို ကျွန်တော်တို့ လူတစ်ထောင်လောက် အလုပ်ရမယ်ဆိုရင် စက်ရုံ (၁၀) ရုံဆိုရင် လူတစ်သောင်းလောက် ကျွန်တော်တို့ အလုပ်ရမှာပါ။ ဒီဟာလည်း ကျွန်တော်တို့ ဒီ Vocational Training ကို တစ်လခွဲ၊ နှစ်လလောက် သင်ပေးလိုက်တာနဲ့ တပြိုင်နက် သိပ်လည်း ခက်တာမဟုတ်တော့ ကျွန်တော်တို့ လုပ်လို့ကိုင်လို့ ရပါတယ်။ ဒီလို စက်ရုံ အလုပ်ရုံမျိုးတွေ နောက်တစ်ခါ နောက်တစ်ဆင့် တက်ပြီးတော့မှ ကျွန်တော်တို့မှာ သဘာဝထွက်ကုန်တွေ ကျွန်တော်တို့ ရှိပါတယ်။ အဲတော့ သဘာဝထွက်ကုန်တွေကို တန်ဖိုးမြှင့်နဲ့ ကျွန်တော်တို့ ဒီထုတ်ကုန်တွေ ဖြစ်အောင်လုပ်ဖို့ စက်ရုံ အလုပ်ရုံတွေ Value Added ထုတ်ဖို့ စက်ရုံ အလုပ်ရုံတွေ၊ အဲတော့ သိသာထင်ရှားတဲ့ နမူနာ အဖြစ်နဲ့ ပြောရမယ်ဆိုရင် ကျွန်တော်တို့ အခု ရာဘာ ထုတ်တယ်။ ရာဘာကို ကျွန်တော်တို့ Raw အတိုင်း ရောင်းနေရတယ်။ ဘယ်လောက်မှ တန်ဖိုးမရဘူး။ အဲတော့ ရာဘာကိုများ ကျွန်တော်တို့ Down Stream အနေနဲ့ တာယာစက်ရုံလိုဟာမျိုး၊ ကျွန်တော်တို့က တည်နိုင် ပြုနိုင်မယ်။ ရာဘာနဲ့ ပတ်သက်ပြီးတော့ ဒါ စက်မှုကဏ္ဍမှာ ရာဘာ စက်မှုသုံးပစ္စည်းပါ ပဲ။ စက်မှုကဏ္ဍမှာ ပစ္စည်းတိုင်းလိုမှာ ရာဘာမပါတာ မရှိသလောက်ပါဘဲ။ ခုနက အဲတော့ ဒီ Down Stream နဲ့ ပတ်သက်ပြီးတော့ ဒီ ရာဘာစက်ရုံ၊ အဲဒါမျိုးတွေ တည်မယ်၊ ပြုမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေဟာလည်း တန်ဖိုးတွေ မြင့်တက်သွားမယ်။ အလုပ်အကိုင်တွေလည်း ရာဘာစိုက်တဲ့ စိုက်ခင်းတွေလည်း တိုးလာမယ်။ အဲတော့ မလေးရှားတို့ ထိုင်းတို့မှာ သွားပြီးတော့ ရာဘာ စိုက်နေမယ့်အစား ကိုယ့်တိုင်းပြည်ထဲ ပြန်ပြီးတော့ အလုပ်လုပ်မှာပဲ။ ဒီလို လစာမျိုး၊ ဒီလို အခွင့်အလမ်းမျိုး တူညီတယ်ဆိုရင် ဘယ်သူမှ ဟိုမှာ မနေပါဘူး။ အဲတော့ ဒီ တာယာစက်ရုံလိုဟာမျိုး ပေါ့။ အဲတော့ တာယာစက်ရုံ ဘာကြောင့် လိုတာလဲဆိုတော့ ဒီကနေ့ ခုနကလို တာယာစက်ရုံဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ လိုအပ်ချက်ရဲ့ ၇ ရာခိုင်နှုန်းပဲ ကိုယ့်တိုင်းပြည်က ထုတ်မယ်။ အဲတော့ ၉၃ ရာခိုင်နှုန်းက ပြည်ပကနေ ဝယ်နေတယ်။ အဲတော့ ပြည်ပက ဝယ်မယ့်အစား ခုနကလို ကိုယ့်မှာ ကုန်ကြမ်းလည်း ထွက်တယ်။ ကိုယ့်တိုင်းပြည်ထဲက လာပြီးတော့ ခုနကလို ရာဘာစက်ရုံ၊ တာယာစက်ရုံတို့ ဘာတို့ လာပြီးတော့ တည်မယ်ဆိုလို့ရှိရင် ပြည်ပက တင်သွင်းတာနဲ့ စာရင်တော့ ကျွန်တော်တို့ အများကြီး သက်သာမှာပါ။ အဲဒါ ကိုယ့်ပြည်တွင်းမှာ သုံးလို့ ပိုတယ်ဆိုရင်လည်း ပြည်ပ ထုတ်ရောင်းလို့ ကျွန်တော်တို့ ရပါတယ်။

အလားတူပါပဲ၊ ဒီလိုဟာမျိုးလေးတွေဟာ ကျွန်တော်တို့ ဒီ ထုတ်ကုန်ပစ္စည်းပေါ်မှာ Value Added လုပ်နိုင်မယ်။ အသေးစား အလတ်စား စက်ရုံမျိုးတွေ ဒါတွေ ကျွန်တော်တို့ အများကြီး လိုပါတယ်။ သစ်ဆိုလို့ ရှိရင်လည်း ခင်ဗျားတို့ ကြည့်ပါ။ ကျွန်းသစ်တွေ၊ သစ်တုံးတွေ ဒီအတိုင်းပဲ၊ ကျွန်တော်တို့ အလုံးလိုက် ကျွန်တော်တို့ရောင်းနေရပါတယ်။ ကျွန်းသစ်က ကမ္ဘာမှာ အင်မတန်မှ ကျွန်တော်တို့ တန်ဖိုး ရှိပါတယ်။ ကျွန်းသစ်တင် မကပါဘူး။ ခုနကလို တချို့ဆို ဒီ ကျွန်းသစ်လောက် မကောင်းတဲ့ ခုနကလို ထင်းရှူးသားလို ဟာမျိုးတောင်မှ ခုနကလို Value Added ဟာမျိုး လုပ်လိုက်တဲ့အခါမှာ တန်ဖိုးက မြင့်လာပါတယ်။ အဲတော့ အခုဆို ကျွန်တော်တို့ သစ်လုံးအတိုင်း ရောင်းနေရတယ်။ ဒါကြောင့်မို့ ဒါတွေကိုလည်း ခုနကလို Value Added စက်ရုံတွေ၊ နောက် သစ်သီးဝလံတွေမျိုးစုံ ထွက်တယ်။ ဖရဲသီးဆိုလို့ရှိရင် ဖရဲသီး စိုက်တယ်။ မူဆယ် ပို့တယ်။ ဟိုမှာ နည်းနည်းလေး ညစ်လိုက်လို့၊ ခုနကလို မဝယ်တော့ဘူးဆိုတဲ့ ဖရဲသီးဟာ ဘာမှ တန်ဖိုး မရှိတော့ဘူး။ အလကား ခုနကလို ကျွန်တော်တို့ လိုက်ပေးရမယ့် အနေအထား ဖြစ်နေပါတယ်။ အဲတော့ ဒီကနေ့ ဖရဲသီးနဲ့ ပတ်သက်ပြီးတော့တောင်မှ ဒီ စက်ရုံ အလုပ်ရုံတွေ ထူထောင်ပြီးတော့မှ ၀ိုင် ဟိုဒင်း လုပ်တာတွေ၊ ဖရဲသီးကို ဂျင် လုပ်တာတွေ၊ ဒါ ကျွန်တော်တို့တောင်မှ မသိပါဘူး။ ခုနက သူများနိုင်ငံတွေမှာ ဒီလို လုပ်နေတာတွေ ရှိပါတယ်။ နောက်တစ်ခါ နာနတ်သီးတို့၊ စသည်အားဖြင့် ဟိုဘက်က ကျွန်တော်တို့ ဟိုဒင်းဘက်၊ ဒူးရင်းသီးတို့ ၊ ကြက်မောက်သီးတို့ အကုန်လုံး ခုနကတော့ ဒါ စက်ရုံအလုပ်ရုံအသေးလေးတွေ ကျွန်တော်တို့ လုပ်လို့ပြုလို့ ရပါတယ်။ တတိယက ကျွန်တော်တို့ Heavy Industry လို ဟာမျိုးတွေ ထောင်ဖို့ပေါ့။ စတုတ္ထကတော့ IT နဲ့ Telecommunication ကျေးလက်တွေအထိ ခုနကလို ပျံ့နှံ့နိုင် အောင် သူများနိုင်ငံမှာ ဒီကနေ့ ဘင်္ဂလားဒေ့ရှ်မှာ လယ်ထွန်နေတဲ့ လယ်သမားတစ်ယောက် က ခါးမှာ Mobile Phone ချိတ်ထားပြီး ဖြစ်ပါတယ်။ အဲတော့ ငွေထုတ်ချင်တယ် သွင်းချင်တယ်ဆိုရင်လည်း ထွန်နေရင်းနဲ့ ဘဏ်ကို ပြောလိုက်ရင် ဘဏ်ကလည်း လက်လှမ်းမှီတဲ့နေရာမှာ ရှိနေပါတယ်။ ကျွန်တော်တို့မှာ ဒါတွေ မရှိဘူး။ ဒါတွေ လုပ်ဖို့အတွက် လိုအပ်နေပါတယ်။

အဲဒီတော့ ကျွန်တော်တို့ရဲ့ပညာရေးဟာ ဒီလုပ်ငန်းတွေကို ဦးတည်ပြီးတော့ သင်ကြားပေးတဲ့ပညာရေး ဖြစ်ဖို့ လိုပါတယ်။ အဲဒီတော့ တိုင်းပြည်မှာ ဘွဲ့ရပြီးတာနဲ့ တပြိုင်နက် ဟိုယောင်ယောင် ဒီယောင်ယောင် မဖြစ်စေဘဲနဲ့ အလုပ်ရုံစက်ရုံထဲကို တန်းပြီးတော့ ၀င်သွားတဲ့ ပညာရေးမျိုး၊ ဒါမျိုး ကျွန်တော်တို့ဖြစ်ဖို့ လိုပါတယ်။ ဒါကို ဒီအချက်တွေနဲ့ ပတ်သက်ပြီးတော့ စောစောက မေးတဲ့ မေးခွန်းတွေထဲမှာ ပြည့်ပြည့်စုံစုံနဲ့ ပါသွားပါပြီ။

ကျွန်တော်တို့ ရည်ရွယ်ထားတာ ခုနကလို ပညာရှင်ကြီးတွေဆိုတာကတော့ သိပ်များများ စားစား မလိုပါဘူး။ သို့သော်လည်း အလုပ်ရုံစက်ရုံထဲမှာ ခုနကလို ၀င်ရောက်ပြီးတော့ အလုပ်လုပ်နိုင်တဲ့ အတတ်ပညာရှင်မျိုး၊ ဒါမျိုး ကျွန်တော်တို့ လိုပါတယ်။ သူများတိုင်းပြည်က လာပြီးတော့ စက်ရုံကြီးတွေ ထူထောင်မယ်ဆိုလို့ရှိရင် လူတွေအများကြီး ကျွန်တော်တို့ ခေါ်မလာနိုင်ပါဘူး။ Hard Labour ကတော့ အများကြီး ပြောစရာမလိုဘဲနဲ့ Skill Labour နဲ့ ပတ်သက်ပြီးတော့ ဒီဂရီရတာနဲ့ တပြိုင်နက်၊ ကျောင်းကပြီးတာနဲ့ ပတ်သက်ပြီးတော့ ၀င်နိုင်တဲ့ ပညာရေးမျိုး ပေါ့။ လက်တွေ့ကျတဲ့ ပညာရေးမျိုး ပေါ့။ ဒါမျိုးဖြစ်အောင် ကျွန်တော်တို့ စီမံကိန်းတွေ ချမှတ်ပြီးတော့ လုပ်နေပါတယ်။

ပြီးတော့ ကျန်းမာရေးပါ ပဲ။ ကျန်းမာရေးဆိုလည်း ကျွန်တော်တို့ မူချပြီးတော့ ပေးထားပါတယ်။ ကျွန်တော်တို့ရဲ့ လူဦးရေအများစုဟာ ကျေးလက်မှာ နေပါတယ်။ Rural Medical Cover နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဘယ်လို ဘယ်လို လုပ်မလဲ၊ နိုင်နိုင်နင်းနင်းနဲ့ ထိထိရောက်ရောက် လုပ်နိုင်ဖို့အတွက်။ နောက်တစ်ခုက ကျွန်တော်တို့ မြို့ပေါ်မှာ နေနေတဲ့ မြို့ပေါ်နေသူတွေရဲ့ ဆေးဝါးကုသမှုနဲ့ပတ်သက်ပြီးတော့ ပြည့်ပြည့်စုံစုံဖြစ်အောင် ကျွန်တော်တို့ ဘယ်လို လုပ်ပေးမလဲ။ ပိုက်ဆံ ရှိတယ်။ ကိုယ့်တိုင်းပြည်က ဆေးရုံတွေ ဆေးခန်းတွေအပေါ်မှာ ယုံကြည်မှု နည်းတယ်။ နည်းတဲ့အတွက်ကြောင့် စင်ကာပူကို သွားကုနေရတာတွေ ရှိတယ်။ ဘန်ကောက်မှာ သွားကုနေရတာတွေ ရှိတယ်။ အဲတော့ ကုသမှုကုန်ကျစရိတ်ချင်းတူတဲ့တိုင်အောင် လေယာဉ်စရိတ်တွေ အပို ကုန်နေရတယ်။ နိုင်ငံခြားမှာဆိုရင် ကျွန်တော်တို့ တိုင်းရင်းသားတွေ ပါ။ အဲဒီမှာ Retire ယူတဲ့ ဆရာဝန်ကြီး၊ တကယ့် တော်ပေ့ဆိုတဲ့ ဆရာဝန်ကြီးတွေ အများကြီးတွေ့ပါတယ်။ ဒါကို ကျွန်တော် ဖိတ်ခေါ်ပါတယ်။ ခင်ဗျားတို့ လာခဲ့ပါ။ အမေရိကန်နိုင်ငံသား ခံယူထားတာ မြန်မာနိုင်ငံသား ဥပဒေအရ Dual Citizen မပေးဘူး။ အဲတော့ ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲ။ ဒီကိစ္စမျိုး ကျွန်တော်တို့ လုပ်ပေးမယ်။ PR စနစ်နဲ့ ခင်ဗျားတို့ ဒီရောက်လို့ရှိရင် နေဖို့ထိုင်ဖို့ တိုက်ခန်း ၀ယ်လို့ရအောင် လုပ်ပေးမယ်။ ကိုယ့်နိုင်ငံသား တော်တဲ့လူတွေ အများကြီး ရှိပါတယ်။ ကျေးလက်က ကျန်းမာရေးတွေ ထိရောက်အောင် ဘယ်လို လုပ်မလဲ။ မြို့ပေါ်က ကျန်းမာရေးတွေ ထိရောက်အောင် ဘယ်လို လုပ်မလဲ။ ပြည်ပမှာ သွားပြီးတော့ ဆေးကုသနေတာတွေ ကိုယ့်တိုင်းပြည်တွင်းမှာပဲ ကုသနိုင်အောင် ဘယ်လို လုပ်မလဲ။ ဒါနဲ့ ပတ်သက်ပြီးတော့ ဒီနေ့တိုင်းပြည်မှာ ဆောင်ရွက်သွားရမယ့် လုပ်ငန်းတွေ ဖြစ်ပါတယ်။

ကျွန်တော်တို့ ကျန်းမာရေးအဆင့်အတန်းကို ကြည့်မယ်ဆိုရင် နိမ့်တယ်မြင့်တယ်ဆိုတာ သက်တမ်းကို ကြည့်ရင် သိပါတယ်။ ဒီကနေ့ ခုနကတော့ သက်တမ်း ပျမ်းမျှကြည့်မယ်ဆိုလို့ရှိရင် ၈၆ နှစ်လောက် ရှိပါတယ်။ အမျိုးသမီးဆိုတာတောင်မှ မြို့ပေါ်နေတဲ့ အမျိုးသမီးရဲ့ သက်တမ်းဟာ ၆၆ နှစ်လောက် ရှိပါတယ်။ ပြောရမယ်ဆိုရင် ကမ္ဘာကြီးက တစ်ခုတည်းပါ ပဲ။ ကမ္ဘာကြီး တစ်ခုတည်းဆိုတော့ သူက အရှေ့ဘက် ခပ်ကျကျမှာ သွားပြီးတော့ လူဖြစ်တယ်။ ကျွန်တော်တို့က မြန်မာနိုင်ငံမှာ လူ ဖြစ်တယ်။ သို့သော်လည်းပဲ လူဖြစ်တာချင်း အတူတူ ဂျပန်ထက် အနှစ်နှစ်ဆယ်စောပြီး သေနေတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒါ ဘာကြောင့်လဲဆိုတော့ ကျန်းမာရေး အဆင့်အတန်း နိမ့်ကျလို့ပဲ ဖြစ်ပါတယ်။ ဒါကို ကြည့်တာနဲ့တင် သိပါတယ်။ ဒါကြောင့် ကျန်းမာရေး အဆင့်အတန်း မြင့်အောင် လုပ်ကြရမှာ ဖြစ်ပါတယ်။

ပညာရေးတွေ၊ ကျန်းမာရေးတွေ အသုံးစရိတ်ကို ပိုပြီးတော့ သုံးရမှာ ဖြစ်ပါတယ်။ ဒီပြီးခဲ့တဲ့ Budget Year ဆိုလို့ရှိရင် ပညာရေး၊ ကျန်းမာရေး အသုံးစရိတ်တွေကို ကျွန်တော်တို့ကလည်း ခွင့်ပြုပေးပါတယ်။ အခုနှစ်လည်း ဒါတွေကို ထပ်ပြီးတော့ တိုးမြှင့်ပြီးတော့ လွှတ်တော်ကို တင်ပြပါတယ်။ လွှတ်တော်ကလည်း ခွင့်ပြုပေးပါတယ်။ အခုနှစ်ကလည်း ဒါတွေကို တိုးမြှင့်ပြီးတော့ သုံးစွဲမှာ ဖြစ်ပါတယ်။ အဲဒါအပြင် ပြည်ပကနေ အကူအညီတွေ Grant တွေ သက်သာတဲ့ ချေးငွေတွေ Loan တွေ ဒါတွေလည်း တောင်းဆိုထားတာတွေ ကြိုးပမ်းနေတာတွေ ရှိပါတယ်။ ဒါတွေ ရလာရင်လည်း ထပ်ပြီးတော့ သုံးစွဲသွားမှာ ဖြစ်ပါတယ်လို့ ကျွန်တော့် အနေနဲ့ ဖြေကြားလိုပါတယ်။

သတင်း - မြန်မာသမ္မတ သတင်းစာရှင်းလင်းပွဲ မေးခွန်း အဖြေများ - Oct 25 2012 01:27 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005