မြန်မာသမ္မတ သတင်းစာရှင်းလင်းပွဲက မေးခွန်းနဲ့ အဖြေများ (၆)

မြန်မာသမ္မတရုံး အင်တာနက်စာမျက်နှာ
၂၀၁၂၊ အောက်တိုဘာ ၂၁ ရက်၊ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီ မိနစ် ၂၀ အထိ ကြပ်ပြေးနေပြည်တော်၊ သမ္မတအိမ်တော် သံတမန်ဆောင်တွင် ကျင်းပတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ သတင်းသမားများ တွေ့ဆုံပွဲ အတွင်း သတင်းသမားများရဲ့ မေးခွန်းများ၊ မြန်မာသမ္မတ ဖြေဆိုချက်များအနက် သမ္မတရုံး တာဝန်ရှိသူ ဖေ့စ်ဘွတ်တွင် ရေးထားသမျှကို မှတ်တမ်းအဖြစ် စုစည်း ဖော်ပြလိုက်ပါတယ်။ ထို တွေ့ဆုံပွဲဟာ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သတင်းသမားများနဲ့ မြန်မာအစိုးရခေါင်းဆောင်တို့ ပွင့်ပွင့်လင်းလင်း တွေ့ဆုံတဲ့ ပွဲ ဖြစ်ပါတယ်။
ပြည်ထောင်စု ကြံခိုင်ရေးပါတီတွင် ရှိသည့် အတိုင်ပင်ခံအဖွဲ့နှင့် ပတ်သက်သည့် ပြည်သူ့ခေတ်ဂျာနယ်မှ မေးမြန်းချက် ကျွန်တော် ထင်ပါတယ်။ အတိုင်ပင်ခံအဖွဲ့ဆိုတာတော့ ပါတီတစ်ဖွဲ့လုံးနဲ့ သက်ဆိုင်မယ် ထင်ပါတယ်။ ပါတီတစ်ဖွဲ့လုံးနဲ့ သက်ဆိုင်မှာ ဖြစ်ပါတယ်။ သို့သော်လည်း အဲဒီ တစ်ဖွဲ့လုံးနဲ့ သက်ဆိုင်တယ်ဆိုတဲ့ နေရာမှာ စောစောက ဟာပဲ ကျွန်တော်တို့ ပြန်ပြီး ကောက်ရမှာပါ။ ဥက္ကဋ္ဌက ပါတီလုပ်ငန်း မလုပ်ရတဲ့အတွက်ကြောင့် သူနဲ့ သွား တိုင်ပင်လို့တော့ မရပါဘူး။ ကျန်တဲ့ ဒု ဥက္ကဋ္ဌတွေက စပြီးတော့ ပါတီဝင်အားလုံးက သူတို့နဲ့ တိုင်ပင်လို့ရမယ်လို့ ထင်ပါတယ်။
လယ်သမားများ၏ မြေယာသိမ်းမှု ပြသနာများနှင့် ပတ်သက်သည့် မြန်မာတိုင်းမ် မှ မေးမြန်းချက်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်ကတော့ နှစ်ဖက် ပေါ့။ တစ်ဖက်ကတော့ မင်းတို့ ဒါတွေ လုပ်လိုက်ကွာ၊ ဟိုဘက်ကိုလည်း သွားပြီးတော့ မင်းတို့ ဒီလိုလုပ်လိုက်ကွာ ဆိုပြီးတော့ ပြောလို့တော့ မရပါဘူး။ သမ္မတတစ်ယောက် ဖြစ်ပေမယ့် ဒီမှာ သွားပြီးတော့ အမိန့်နဲ့ဘာနဲ့ ခိုင်းလို့ပြုလို့ မရပါဘူး။ အဲဒီတော့ နှစ်ဦးနှစ်ဖက် ပြေပြေလည်လည်ဖြစ်ဖို့ လိုပါတယ်။ နှစ်ဦးနှစ်ဖက် ပြေပြေလည်လည် ညှိဖို့ ပါ။ အဲဒီတော့ နှစ်ဦးနှစ်ဖက် ပြေပြေလည်လည် ညှိလို့ မရဘူးဆိုရင်တော့ စောစောက ကျွန်တော် ပြောသလိုပါ ပဲ၊ မြေယာနဲ့ပတ်သက်ပြီးတော့ ဥပဒေ ရှိတယ်။ တခြား တည်ဆဲဥပဒေတွေ ရှိတယ်။ တိုင်တဲ့လူနဲ့ အတိုင်ခံရတဲ့လူနဲ့၊ နောက်တစ်ခါ တရားရုံးနဲ့ ဒီလိုပဲ၊ ကျွန်တော်တို့ ဖြေရှင်းရမယ့် နည်းလမ်း ရှိပါတယ်။ ဒီအတိုင်းပဲ ကျွန်တော်တို့ လုပ်သွားရမှာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ပြန်ပေးလိုက်၊ ဘယ်လိုတော့ မပေးနဲ့ကွ ဆိုပြီးတော့ ဒီလိုတော့ လုပ်လို့ပြုလို့ မရပါဘူး။ သူတို့အချင်းချင်း ပြေလည်အောင်ညှိဖို့ပဲ ရှိပါတယ်။ မပြေလည်ဘူး ဆိုရင်တော့ တရားဥပဒေအတိုင်း ဆောင်ရွက်ရမှာပဲ ဖြစ်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ပြည်သူ့လွှတ်တော်မှ ခန့်အပ်သော၊ ကာကွယ်ရေး ဝန်ကြီးမှ ခန့်အပ်နိုင်မှု အနေအထားနှင့် ပတ်သက်ပြီး Favourite Journal မှ မေးမြန်းချက်(ဆရာကြီး ဖိုးသောကြာ၏ မေးခွန်းကို နိုင်ငံတော်သမ္မတကြီးက ဖတ်ကြားပြပါသည်) မေးခွန်း (၂) ခု နော်၊ တစ်ခုက တစ်ပါတီစနစ် အုပ်ချုပ်ရေး (၁၉၇၄) ခု အခြေခံဥပဒေ အစိုးရ လမ်းစဉ်ပါတီနှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ (၁၉၈၈) ခု စက်တင်ဘာလ အုပ်ချုပ်ရေးစနစ်များမှ ဒီမိုကရေစီ စနစ်အုပ်ချုပ်ရေး သို့ ပြောင်းလဲ ကျင့်သုံး ဆောင်ရွက်ရာတွင် (၂၉၊ ၅၊ ၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော် အတွက် တပ်မတော်၏အင်အားကို ထိုစဉ်က အခြေအနေအရ မုချ လိုအပ်ချက်တစ်ခုဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကျင့်သုံးရာတွင် ပါဝင်ရန် ထည့်သွင်း ပြဌာန်း ထားသည်ဟု နားလည်ခဲ့ပါသည်။ သို့ပါ၍ ဒီမိုကရေစီစနစ်ကို လျှင်မြန်စွာ ကူးပြောင်း လာနိုင်သည်နှင့်အမျှ လွှတ်တော်အဆင့်ဆင့်သည် အခြေခံဥပဒေအရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမြင့်ဆုံး တင်သွင်းသော တပ်မတော်သားကိုယ်စားလှယ်များက အလိုအလျှောက် ပါဝင်မှု ရာခိုင်နှုန်းကို တစ်ချိန်တည်း လျော့ချပေးရန် အာဏာရ ပြည်ခိုင်ဖြိုးပါတီ၌ လည်းကောင်း ပြည်ထောင်စုအစိုးရနှင့် လွှတ်တော်အဆင့်ဆင့်တွင်လည်းကောင်း စဉ်းစားနိုင်ပါမည်လား ဆိုတာ [ဖြေကြားချက်] ဟုတ်ကဲ့။ လောလောဆယ်တော့ မြန်မာနိုင်ငံ၏ နိုင်ငံရေးကဏ္ဍမှ တပ်မတော်ကိုလည်း ပစ်ပယ်ထားလို့ မရပါဘူး၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတို့ဘာတို့ကို ပြန် ကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်းတို့ကအစ ဒီကနေ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံရေးဦးဆောင်မှု အပိုင်းကဏ္ဍမှာ တပ်မတော်ကိုလည်း ပါဝင်ခွင့် ပေးထားပါတယ်။ မျက်နှာဖုံးကြီးနဲ့ လွှတ်တော်မှာ ဝင် ထိုင်နေကြတယ် ဆိုပြီးတော့ မြင်ကြမှာပါ၊ လွှတ်တော်အနေနဲ့ ဒီနိုင်ငံရဲ့ကိစ္စကို အစိတ်အပိုင်းတစ်ခုအနေနဲ့ ကူညီပြီး ဆောင်ရွက်ပေးတဲ့ သဘောပဲ ဖြစ်ပါတယ်၊ ဒီမိုကရေစီ ရင့်သန်လာတာနဲ့အမျှ တဖြည်းဖြည်းနဲ့တော့ လျော့သွားမယ်လို့ ကျွန်တော် ထင်ပါတယ်၊ ကျွန်တော်တို့နိုင်ငံ မဟုတ်ပါဘူး၊ အင်ဒိုနီးရှားတို့ ဘာတို့လည်း ဒီအတိုင်းပါပဲ လျော့သွားတာပဲ ဖြစ်ပါတယ်။(မေးခွန်းအား နိုင်ငံတော်သမ္မတကြီးက ဆက်လက်ဖတ်ကြားပါသည်) ဒုတိယမေးခွန်းကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တပ်မတော်သည် ကာကွယ်ရေးဝန်ကြီးဌာနနှင့် သီးခြားကင်းလွတ်၍ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီနှင့်သာ ပတ်သက် ဆက်စပ်မှု ရှိနေသည်ကို လေ့လာမိပါသည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ပြည်သူ့လွှတ်တော်က ခန့်အပ်သော ပြည်ထောင်စု အစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်သို့ (၁၉၄၇) ခုနှစ် အခြေခံဥပဒေကဲ့သို့ ထားရှိရန် စဉ်းစားနိုင်ပါမည်လား၊ (ခ) အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအား အပ်နှင်းထားသော အခွင့်အာဏာများကို ပြန်လည် ပြင်ဆင်နိုင်ရန် စဉ်းစားနိုင်ပါမည်လား ဆိုတာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို ဒီကနေ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတက ခန့်အပ်တယ်၊ ပြည်ထောင်စုအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ကို (၁၉၄၇) ခုနှစ် အခြေခံဥပဒေကဲ့သို့ စဉ်းစားနိုင်ပါမည်လား ဆိုတာ [ဖြေကြားချက်] ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ရေး မပြင်ရေးနဲ့ပဲ သက်ဆိုင်ပါတယ်။ အလားတူပါပဲ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက အပ်နှင်းထားတဲ့ အခွင့်အာဏာများကို ပြန်လည် ပြင်ဆင်ရေးနိုင်ရန်ကို စဉ်းးစားနိုင်ပါမည်လား ဆိုတာလည်း၊ ဒီဟာလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်သင့် မပြင်သင့် ဒီကိစ္စနဲ့ပဲ ပတ်သက်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုတာ ကျွန်တော်တစ်ယောက်တည်းနဲ့ အဆုံးအဖြတ်နဲ့ မရပါဘူး၊ လွှတ်တော်ထဲမှာ ရှိနေတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ ဆန္ဒနဲ့ပဲ လုပ်သွားရမှာ ဖြစ်တယ်။

သတင်း - မြန်မာသမ္မတ သတင်းစာရှင်းလင်းပွဲ မေးခွန်း အဖြေ - Oct 24 2012 08:08 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012