မြန်မာသမ္မတ သတင်းစာရှင်းလင်းပွဲက မေးခွန်းနဲ့ အဖြေများ (၅)

မြန်မာသမ္မတရုံး အင်တာနက်စာမျက်နှာ

၂၀၁၂၊ အောက်တိုဘာ ၂၁ ရက်၊ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီ မိနစ် ၂၀ အထိ ကြပ်ပြေးနေပြည်တော်၊ သမ္မတအိမ်တော် သံတမန်ဆောင်တွင် ကျင်းပတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ သတင်းသမားများ တွေ့ဆုံပွဲ အတွင်း သတင်းသမားများရဲ့ မေးခွန်းများ၊ မြန်မာသမ္မတ ဖြေဆိုချက်များအနက် သမ္မတရုံး တာဝန်ရှိသူ ဖေ့စ်ဘွတ်တွင် ရေးထားသမျှကို မှတ်တမ်းအဖြစ် စုစည်း ဖော်ပြလိုက်ပါတယ်။ ထို တွေ့ဆုံပွဲဟာ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သတင်းသမားများနဲ့ မြန်မာအစိုးရခေါင်းဆောင်တို့ ပွင့်ပွင့်လင်းလင်း တွေ့ဆုံတဲ့ ပွဲ ဖြစ်ပါတယ်။


ရခိုင်ပြည်နယ် အခြေအနေကို မည်သို့ ဆက်လက် ကိုင်တွယ် ဆောင်ရွက်မည်လဲဟု AFP သတင်းဌာန မှ မေးမြန်းချက်။

သမီးမေးတဲ့ မေးခွန်းက အင်မတန်မှ မေးသင့်မေးထိုက်တဲ့ မေးခွန်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ အရေးကိစ္စဟာ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ အရေးကိစ္စတစ်ခု ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့အစိုးရ တက်လာပြီးတဲ့နောက်ပိုင်းမှာ ခုနကလို အောင်မြင်မှုတွေလည်း ရှိပါတယ်။ နောက်တစ်ခါ အခက်အခဲတွေ စိန်ခေါ်မှုတွေ ဒါတွေလည်း ရှိပါတယ်။ အဲဒီတော့ အဲဒီ အခက်အခဲတွေ စိန်ခေါ်မှုတွေထဲကမှ မမျှော်လင့်ဘဲ ဖြစ်လာတဲ့ အခက်အခဲ စိန်ခေါ်မှုကတော့ ဒီ ရခိုင်ပြည်နယ် အရေးကိစ္စပဲ ဖြစ်ပါတယ်။

အဲဒီတော့ ဒီဟာက ခုနကလို ကမ္ဘာက တစ်ချို့လည်း ကျွန်တော်တို့အပေါ်မှာ နားလည်မှုတွေ စာနာမှုတွေ ရှိပါတယ်။ တစ်ချို့လည်း ဖြစ်ရပ်မှန်တွေကို အမှားဖြစ်အောင် လုပ်ကြံဖန်တီးပြီးတော့ စွပ်စွဲတာတွေ ကမ္ဘာ့အလယ်မှာ မျက်နှာပျက်အောင် လုပ်တာတွေ ဒါမျိုးတွေလည်း ဒီကနေ့ ကျွန်တော်တို့ ကြုံတွေ့နေရပါတယ်။

အဲဒီတော့ ဒီ လူ့အဖွဲ့အစည်းနှစ်ခု ပေါ့၊ လူ့အဖွဲ့အစည်းနှစ်ခုဟာ တစ်နေရာတည်းမှာ နေနေရတာ ဖြစ်တဲ့အတွက်ကြောင့် ခုနလို ဘယ်လိုနည်းမျိုးတွေနဲ့ အတူ ယှဉ်တွဲပြီးတော့ နေနိုင်မလဲဆိုတာကို ဒီအချက်က ကျွန်တော်တို့အတွက် အရေးအကြီးဆုံးအချက် ဖြစ်ပါတယ်။ အဲဒီတော့ အတူယှဉ်တွဲပြီးတော့ နေနိုင်ဖို့ အတွက် လုပ်ရမယ့် လုပ်ငန်းတွေကတော့ အများကြီး ရှိပါတယ်။ အများကြီး ရှိပါတယ်။

အခြေခံကျတဲ့ လုပ်ငန်းတွေ၊ အခြေခံကျတဲ့ လုပ်ငန်းတွေက ခုနကလို ပညာရေးပါ ပဲ။ အဲဒီဒေသမှာရှိတဲ့ လူတွေက အသိပညာတွေ ကြွယ်ဝဖို့ လိုပါတယ်။ နောက်တစ်ခါ အမြင်တွေကျယ်ဖို့ လိုပါတယ်။ အမြင်တွေကျယ်ဖို့ လိုပါတယ်။ ကိုယ့်လူမျိုးကို ကိုယ် ချစ်ပါတယ်။ ကိုယ့်လူမျိုးချည်းပဲ ကိုယ် ချစ်လို့ မရပါဘူး။ ကမ္ဘာမှာ ဒီကနေ့ Human Right ဆိုတဲ့ လူ့အခွင့်အရေးတွေ ဘာတို့ ဒါတွေကိုလည်း အလေးထားပြီးတော့ လုပ်ရ ပြုရတာ ဖြစ်ပါတယ်။ တစ်အချက်ကတော့ စိတ်ထားတွေ ပြောင်းအောင် လုပ်ရမှာ ဖြစ်ပါတယ်။ လက်ခံနိုင်တဲ့ စိတ်ထားတွေ ဒီလို ဖြစ်ပေါ်လာအောင် ကျွန်တော်တို့ လုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ လက်ခံနိုင်တဲ့ စိတ်ထားတွေ ဆိုတာလည်း ခုနကလို ပညာရေး၊ ဒီအပေါ်မှာ အခြေခံတာဖြစ်တဲ့အတွက်ကြောင့် ပညာရေးကနေ စ,ပြီးတော့ အခြေခံပြီးတော့ ဒီလိုတွေ ဒါ လုပ်ပေးစရာတွေ ရှိနေပါတယ်။

ဟိုတစ်ဖက်က ဘင်္ဂါလီတွေ ဆိုလို့ရှိရင်လည်း သားသမီးတွေ မွေးဖွားတာတွေက အင်မတန်မှ များပါတယ်။ များတဲ့အတွက်ကြောင့်လည်း ဒီက ခုနကလို ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ အဲဒီတော့ ဒါနဲ့ပတ်သက်ပြီးတော့လည်း ဥပဒေကတော့ ဘယ်လောက် မွေးရမယ်၊ ဘယ်လောက် မမွေးရဘူး ဆိုတာတော့ မရှိဘူး။ ကျွန်တော်တို့ဆီမှာလည်း မရှိပါဘူး။ သို့သော်လည်းပဲ ခုနကလို ဒီဒေသမှာ ရှိနေတဲ့ ဒေသခံတွေရဲ့ ဓလေ့ထုံးတမ်းစဉ်လာအရ ဘယ်လောက်ပဲ မွေးရမယ်။ ဒါလေးတွေလည်း ညှိနှိုင်းပြီးတော့မှ လူဦးရေ တိုးပွားနှုန်းတွေလည်း အဲဒီဘက်တွေမှာ သိပ်ပြီးတော့ အလွန်အကျွံတွေ မဖြစ်အောင် ကျွန်တော်တို့ လုပ်သွားဖို့ လိုပါတယ်။

နောက်တစ်ခုက ပညာရေးအပြင် အလုပ်အကိုင် ရရှိရေးဟာလည်း သူတို့အတွက် အရေးကြီးပါတယ်။ အလုပ်အကိုင်ရရှိရေးက အရေးကြီးပါတယ်။ ဥပမာ - ဘင်္ဂလားဒေ့ရှ်က လူဦးရေကို ထိန်းတာ ဘာနဲ့ ထိန်းသလဲဆိုတော့ အလုပ်အကိုင်ရရှိရေးနဲ့ သူတို့ ထိန်းပါတယ်။ ဥပမာ - အထည်ချုပ်စက်ရုံ လိုဟာမျိုးမှာ မိန်းကလေးတစ်ယောက်က အလုပ်ဝင်လုပ်တယ် ပြုတယ်ဆိုလို့ရှိရင် ခလေးက နှစ်ယောက်အပြင် သူတို့ ပိုပြီးတော့ မယူချင်ကြပါဘူး။ အဲဒါ ကလေးတစ်ယောက် ရှိတာတောင်မှ အင်မတန်မှ အလုပ်အကိုင် တစ်ဖက်က လုပ်ရပြုရတာဆိုရင် ကျွန်တော်တို့လည်း ဒီမှာ အလုပ်တစ်ဖက်နဲ့ မိခင်တွေ ပါမှာ ပါ။ အင်မတန် အခက်အခဲ ရှိပါတယ်။

အဲဒီတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့၊ နောက်တစ်ခါ ကျွန်တော်တို့ မြင်တတ်တဲ့ ပေါ့၊ ခုနကလို ဟိုနင်း သူရယ်၊ ငါရယ်၊ သူ့လူမျိုးရယ်၊ ကိုယ့်လူမျိုးရယ်၊ ဖြူတယ်ရယ်၊ မည်းတယ်ရယ် ဒီလို အစွဲအလမ်းတွေကို သိပ်ပြီးတော့ ဦးစားမပေးဘဲနဲ့ လူသားဆိုတဲ့ စိတ်ဓာတ်နဲ့ နောက်တစ်ခါ လူ့အခွင့်အရေးကို ဒီကနေ့ ကမ္ဘာကလည်း ကြည့်နေတယ်။ လူ့အခွင့်အရေးကို ဦးစားပေးနေတယ်။ လူတွေလည်း ခုနကလို ကမ္ဘာကြီးနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတတ်ထိုင်တတ် ရမယ်ဆိုတဲ့ ဒီ အတွေးအခေါ်တွေ အလေ့အကျင့်တွေ ရအောင် ဒါတွေ ကျွန်တော်တို့ လုပ်ပေးသွားမှပဲ ဒီ လူ့အဖွဲ့အစည်း နှစ်ရပ်က အတူတကွနဲ့ နေထိုင်နိုင်ကြမှာ ဖြစ်ပါတယ်။ မနေလို့လည်း မရပါဘူး။ မနေလို့လည်း မရပါဘူး။ အဲဒီတော့ နေနိုင်တဲ့ နည်းလမ်းတွေတော့ ကျွန်တော်တို့လည်း အများကြီး ရှာကြံနေပါတယ်။

အခု ဆိုလို့ရှိရင် ကျွန်တော်တို့ ဒါ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ကြား အဖွဲ့အစည်းတစ်ခုအနေနဲ့ အားလုံး (၂၇) ယောက်ပါတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ လွှတ်လိုက်ပါပြီ။ လွှတ်လိုက်ပြီးတော့ သွားပြီးတော့ စုံစမ်းစစ်ဆေး နေပါတယ်။ ဒီအဖွဲ့လည်း တော်တော်လေး ဦးနှောက်ခြောက်နေပုံ ရပါတယ်။ ဒီကနေ့ထိတော့ ကျွန်တော့်ကို သူတို့ ဘာမှ အကြံပေးတာတွေ ဘာတွေတော့ သူတို့ မလုပ်နိုင်သေးပါဘူး။ အဲဒီတော့ သူတို့ရဲ့ အကြံပေးချက်တွေပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင် အကောင်အထည် ဖော်ပြီးတော့ ဆောင်ရွက်သွားဖို့ ရှိပါတယ်။

သတင်း - မြန်မာသမ္မတ သတင်းစာရှင်းလင်းပွဲ မေးခွန်း အဖြေ - Oct 24 2012 08:08 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005