မြန်မာသမ္မတ သတင်းစာရှင်းလင်းပွဲက မေးခွန်းနဲ့ အဖြေများ (၂)

မြန်မာသမ္မတရုံး အင်တာနက်စာမျက်နှာ

၂၀၁၂၊ အောက်တိုဘာ ၂၁ ရက်၊ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီ မိနစ် ၂၀ အထိ ကြပ်ပြေးနေပြည်တော်၊ သမ္မတအိမ်တော် သံတမန်ဆောင်တွင် ကျင်းပတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ သတင်းသမားများ တွေ့ဆုံပွဲ အတွင်း သတင်းသမားများရဲ့ မေးခွန်းများ၊ မြန်မာသမ္မတ ဖြေဆိုချက်များအနက် သမ္မတရုံး တာဝန်ရှိသူ ဖေ့စ်ဘွတ်တွင် ရေးထားသမျှကို မှတ်တမ်းအဖြစ် စုစည်း ဖော်ပြလိုက်ပါတယ်။ ထို တွေ့ဆုံပွဲဟာ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သတင်းသမားများနဲ့ မြန်မာအစိုးရခေါင်းဆောင်တို့ ပွင့်ပွင့်လင်းလင်း တွေ့ဆုံတဲ့ ပွဲ ဖြစ်ပါတယ်။


အဂတိလိုက်စားမှု ပပျောက်ရေးနှင့် စပ်လျဉ်း၍ Sky Net ၏ မေးမြန်းချက်

အဲတော့ ပထမက အဂတိလိုက်စားမှု၊ စောစောကလည်း ဒီမေးခွန်း ကျွန်တော်တို့ မေးပါတယ်။ အဲတော့ အဂတိလိုက်စားမှုက ချက်ခြင်း ခုနကလို ပပျောက်အောင် လုပ်ဖို့ကတော့ မလွယ်တဲ့ကိစ္စ ဖြစ်ပါတယ်။ အဲတော့ ကျွန်တော်တို့အပိုင်းမှာ ခုနကလို ဒီ အမှု အကြီးအသေးပေါ်မှာ မူတည်ပြီး အရေးယူတာတွေ၊ ဒါတွေက ကျွန်တော်တို့ ခုနကလို ဆောင်ရွက်နေတာတွေ ရှိပါတယ်။ အဲတော့ စောစောက ပြောသလို အရေးယူတာ တစ်ခုတည်းနဲ့ အဂတိလိုက်စားမှုဟာ မပျောက်နိုင်ဘူး။ သူရဲ့ ခုနကလို စားဝတ်နေရေးတွေ အဆင်ပြေအောင် လုပ်ပေးဘို့၊ ဒါလည်း ကျွန်တော်တို့ အင်မတန်မှ အရေးကြီးပါတယ်။

အဲတော့ စားဝတ်နေရေးတွေ အဆင်ပြေအောင် လုပ်ပေးဘို့အတွက်ကျတော့ နိုင်ငံရဲ့ စီးပွားရေး ပေါ့၊ အဲတော့ နိုင်ငံရဲ့ စီးပွားရေး ကျွန်တော်တို့ဖွံ့ဖြိုးတိုးတက်အောင်လုပ်နေတာ ဒီကိစ္စပဲ ကျွန်တော်တို့ ဖြစ်ပါတယ်။ ဒါတွေလည်း ကျွန်တော်တို့ ဒီကိစ္စအတွက်နဲ့ အခု အနည်းနဲ့အများ ကျွန်တော်တို့ ပါဝင်ပါတယ်။ အဲတော့ ကောင်းမွန်တဲ့ အစိုးရ သန့်ရှင်းတဲ့ အစိုးရဆိုတာ ဒါ ကျွန်တော်တို့က ခုနကလို မျှော်မှန်းချက်။ ဒါ ကျွန်တော်တို့ ဖြစ်ပါတယ်။ ရောက်သလားဆိုတော့လည်း ကျွန်တော်တို့ ရောက်တယ်လို့ ပြောလို့ မရပါဘူး။ ဘာလို့ဆိုတော့ ဒီ ပြဿနာက ဒီ၊ ရှိနေတယ်၊ အဂတိလိုက်စားမှုတွေ ရှိနေတယ်၊ မမှန်မကန်မှုတွေ ရှိနေတယ်၊ သို့သော်လည်း ခုနကလို အစိုးရက မျက်ကန်းလမ်းလျှောက် ခုနကလို ဒီတိုင်း သွားနေလို့ မရပါဘူး။ ရည်မှန်းချက်တစ်ခုကို ကျွန်တော်တို့ ချမှတ်ရပါမယ်၊ ဒါကြောင့်မို့ ခုနကလို ကောင်းမွန်တဲ့အစိုးရဖြစ်အောင် အစီအမံတွေ၊ ဒါ၊ ချပြီးတော့မှ၊ ဒါ၊ ကွပ်ကဲအုပ်ချုပ်မှု အပိုင်းတွေနဲ့လဲ အများကြီး ဆိုင်ပါတယ်။ ဒါလဲ ကျွန်တော်တို့ ကြိုးပမ်းပြီးတော့ လုပ်နေတာတွေ ရှိပါတယ်။

နောက်တစ်ခုကတော့ ခုနကလို သန့်ရှင်းတဲ့ အစိုးရ ဖြစ်လာဖို့၊ ခုနကလို အဂတိအမှုကိစ္စတွေကို။ အဲတော့ ဒီအပိုင်းက ပြည်သူလူထုရဲ့၊ ကျွန်တော်တို့ အားပေးကူညီမှုကလဲ လိုပါတယ်။ ပြည်သူလူထုရဲ့အကူအညီလဲ အများကြီး လိုပါတယ်၊ ဟာ ၊ ဒီလို၊ ခုနကလို၊ ဒီ ရဲကြီးက လာဘ်စားနေတာပဲဆိုပြီးတော့ ဒီအတိုင်း၊ ကျွန်တော်တို့၊ ပြောယုံနဲ့တော့ မပြီးပါဘူး။ ဘယ်လိုက ပေးရတယ်၊ ဘယ်လောက် ပေးရတယ်၊ ဘယ်သူက၊ ဒါမျိုး တိတိကျကျနဲ့ ကျွန်တော်တို့ ခုနကလို ဖော်ထုတ်ပြီးတော့ မတိုင်ကြားသမျှ အရေးယူဖို့က တော်တော်လေး ခက်ပါတယ်၊ ဥပဒေအရ။ ဒါမျိုးတွေ တိတိကျကျနဲ့ ခင်ဗျားတို့ ပြည်သူတွေဘက်ကလဲ၊ ဟုတ်လား၊ ဖော်ထုတ်မယ်၊ တိုင်ကြားမယ်၊ ခုနကလို၊ ဖြစ်နိုင်ရင်၊ ခုနကလို ကိုယ့်နာမည်နဲ့၊ မှတ်ပုံတင်နဲ့ပါ ထည့်ပေးပါ၊ ကျွန်တော်တို့ ခုနကလို၊ အမှုကို သေချာလေး ကျွန်တော်တို့ သေချာလေး စစ်ဆေးပြီးတော့ ထိထိရောက်ရောက်နဲ့ ကျွန်တော်တို့ အရေးယူ ဆောင်ရွက်နေပါတယ်။ နော်၊ ဒါလေး ကျွန်တော် ပြောချင်ပါတယ်။


တန်ဖိုးနည်း ဖုန်းများ ဘယ်လောက် တန်ဖိုးနည်းနည်း ချထားပေးမည်လဲဟု Messenger Journal မှ မေးမြန်းချက်

အဲတော့ တန်ဖိုးနည်း ဖုန်းတွေ ကျွန်တော်ရဲ့ဆန္ဒ ပြောရမယ်ဆိုရင်တော့ တန်ဖိုးနည်းတင် မဟုတ်ဘူး။ အလကားတောင် ကျွန်တော်တို့က ပေးချင်တယ်။ အလကားကို သုံးစေချင်ပါတယ်။ သို့သော်လည်း ဒီ အလကားပေးနိုင်တဲ့ အဆင့်က ကျွန်တော်တို့က မရောက်သေးဘူး ပေါ့နော်။ တဖြည်းဖြည်းတော့ ခုနကလို သက်သာတဲ့ နှုန်းထားတွေ ဖြစ်လာမှာပါ။ ကျွန်တော် ပထမ ပြောတဲ့အထဲမှာ ပါ ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာတောင် လယ်သမားတစ်ယောက်က ခါးမှာ ဖုန်းချိတ်ပြီးတော့ သူက ပြောနေတာမျိုး အဆင့်မျိုး ရောက်နေပါပြီ။ ကျွန်တော်တို့ရဲ့ တယ်လီဖုန်း Density က ကျွန်တော် ထင်တယ် 7 % လောက်ပဲ ရှိမယ် ထင်တယ်။ တော်တော်လေးကို နည်းပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ ဒါ ဂုဏ်သိက္ခာကို ထိခိုက်တဲ့အတွက်ကြောင့် ဒါလည်း ကြိုးစားပြီးတော့ မြှင့်တင်နေပါတယ်။ အဲတော့ ခုနကလို ကျွန်တော်တို့ တယ်လီဖုန်း အိမ်တစ်လုံးကို ဆိုင်ကနေ သွားဝယ်ရင် ကဒ်ကို ဝယ်ထည့်ပြီးတော့ ဒီအတိုင်း ပြောလို့မရပါဘူး။ Station တွေ Gateway တွေ ကျွန်တော်တို့ ဆောက်ရပါမယ်။ ဒါတွေဟာ ကျွန်တော်တို့ တယ်လီဖုန်းကို ချဲ့ထွင်တာနဲ့အမျှ ခုနကလို ပိုပြီးတော့ လုပ်ရကိုင်ရတာတွေ ရှိပါတယ်။ အဲတော့ ဒါတွေ ပြီးသွားလို့ရှိရင် နောက်ထပ် ထပ်ပြီးတော့ ဆောက်စရာ မလိုဘူးဆိုရင်တော့ တယ်လီဖုန်းက ဘာပဲဖြစ်ဖြစ် အလိုလို သူက ဈေး ကျသွားမှာ။ အဲတော့ အစိုးရအနေနဲ့က တယ်လီဖုန်း များများ ပြောလေ၊ ကျွန်တော်တို့က ကြိုက်လေ။ တစ်လုံးတည်းတင် မကဘူး၊ ခါးမှာ ခြောက်လုံးလောက် ချိတ်ပြီးတော့ နေ့တိုင်း တယ်လီဖုန်း ပြောနေရင် ပြောသမျှ သူ ပိုက်ဆံ ရနေမှာ။ အစိုးရပိုက်ဆံ ရနေမှာ နော်။ အစိုးရရဲ့ သဘောထားက ဒီလို ရှိပါတယ်။ အဲတော့ တဖြည်းဖြည်းနဲ့ သက်သာအောင် ကြိုးစားပြီးတော့ ဒါ ကျွန်တော်တို့ လုပ်နေပါတယ်။


ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်နှင့် ပတ်သက်ပြီး Xinhua သတင်းဌာန၏ မေးမြန်းချက်

အဲတော့ ခက်တာက ရင်းနှီးမြှုပ်နှံမှု ဥပဒေကလည်း ထွက်လာရင်တော့လည်း ကျွန်တော်တို့ ဒါ အသေးစိတ် ပါလာမယ် နော်။ အဓိက ကတော့ ခင်ဗျားပဲ ဖြစ်ဖြစ်၊ ကျွန်တော်ပဲ ဖြစ်ဖြစ် ပေါ့ဗျာ။ ငွေထုတ်ကြီး ပိုက်ပြီးတော့ ကျွန်တော်တို့ သွားပြီးတော့ နိုင်ငံတစ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှာ အဲတော့ ငွေထုတ်ကြီး ပိုက်ပြီးတော့ ရင်းနှီးမြှုပ်နှံတယ် ဆိုတာ ဒီနိုင်ငံကို ချစ်လွန်းလို့ လာတာ မဟုတ်ပါဘူး။ သူ့အကျိုးကိုယ့်အကျိုးလဲ သူက ကြည့်ရတာပါ။ နောက် ဒီ နိုင်ငံအကျိုးလဲ ပါတာပေါ့။ သူ့အကျိုးလဲ သူ ကြည့်ရတယ်။ အဲတော့ ငွေထုတ်ကြီး ပိုက်ပြီးတော့ သူများနိုင်ငံမှာ လာပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေ လာတဲ့လူက ဒါ သူ့ သဘာဝ ပဲ။ ဘာ စဉ်းစားနေမလဲ။ တစ်အချက်က ငါတို့ကို ဘာ အကာအကွယ်ပေးမလဲ။ ဘာတွေ အကာအကွယ် ပေးထားသလဲ။ နှစ် အချက်က ငါတို့ကို ဘာတွေများ ခုနကလို ဆွဲဆောင် မ ပေးထားသလဲ။ နော်၊ ဘာတွေများ ဆွဲဆောင်မှု ပေးထားသလဲ။ အဓိကက ဒီ နှစ်ချက်ပါ ပဲ။ အဲတော့ ဒီ ရင်းနှီးမြှုပ်နှံမဲ့သူတွေကို အကာအကွယ် ပေးမဲ့ဟာတွေက ကျွန်တော်တို့ ဒါ နိုင်ငံတော်တော်များများနဲ့ ကျွန်တော်တို့ ဒါ လေ့လာပြီးတော့မှ ရေးဆွဲထားတာ ဖြစ်ပါတယ်။ အခု အိန္ဒိယရဲ့ ဒီ ရင်းနှီးမြှုပ်နှံမှု ဥပဒေလဲ ကျွန်တော်တို့ ကြည့်ပါမယ်။ နောက်တစ်ခါ တရုတ်၊ နောက် ဒီဘက်က ကျွန်တော်တို့ ထိုင်း၊ နောက်တစ်ခါ မလေးရှား၊ နောက်တစ်ခါ စင်ကာပူ စသည်ဖြင့် နိုင်ငံ ခြောက်နိုင်ငံလောက် ရှိပါတယ်။ အထူးသဖြင့်တော့ ကျွန်တော်တို့ အာဆီယံနိုင်ငံတွေ အဲတော့ အာဆီယံနိုင်ငံတွေက နောင်ကျရင် ၂၀၁၅ တို့၊ ဘာတို့ နောက်ပိုင်းကျလို့ရှိရင် ဒါ အာဆီယံ ပေါင်းစည်းရေး တို့၊ ဘာတို့ ဆိုတာ ဒါတွေလည်း ကျွန်တော်တို့ ဖြစ်လာပါမယ်။

တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဒီ အခွန်ကောက်ခံ စီက ပြန်လို့ ကွဲပြားခြားနားမှုတွေ ကျွန်တော်တို့ ဟုတ်လား ဒီ များပြားနေလို့ ကြီးမားနေလို့ ကျွန်တော်တို့ မရပါဘူး။ အဲတော့ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ကျွန်တော်တို့ ဒါ ရေးဆွဲထားတာ ဖြစ်တယ်။ အဲတော့ ဒီထဲမှာ ခုနကလို လာရောက်ပြီးတော့ ရင်းနှီးမြှုပ်နှံမဲ့ လူတွေကို အကာအကွယ် ပေးထားတဲ့ ဥပဒေတွေ၊ ကျွန်တော်တို့ ပါ ပါတယ် နော်။ နောက်တစ်ခါ ရင်းနှီးမြှုပ်နှံမဲ့ လူတွေကို ခုနကလို ဆွဲဆောင်နိုင်တယ် နော်။ ဒီလိုဟာမျိုးတွေ ဥပဒေမျိုးတွေ၊ ကျွန်တော်တို့ ဒါ ထည့်သွင်းထားပါတယ်။

(၂၀၁၂ အောက်တိုဘာ ၂၃ ရက်နေ့တွင် ဖော်ပြခဲ့ပြီး ဖော်ပြရန် ကျန်ခဲ့တဲ့ အဂတိလိုက်စားမှု ပပျောက်ရေးနှင့် စပ်လျဉ်း၍ Sky Net ၏ မေးမြန်းချက်ဆိုင်ရာ အဖြေများကို အောက်တိုဘာ ၂၅ ရက်နေ့တွင် ဖြည့်စွက် ဖော်ပြပါတယ်။)

သတင်း - မြန်မာသမ္မတ သတင်းစာရှင်းလင်းပွဲ မေးခွန်း အဖြေ - Oct 25 2012 01:17 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005