မြန်မာအသင်း ဆူဇူကီးဖလား ၂၀၁၂ ခြေစစ်ပွဲ အောင်မြင်

http://www.affsuzukicup.com

ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ၂၀၁၂ အောက်တိုဘာ ၁၃ ရက်နေ့ညနေက ကျင်းပခဲ့တဲ့ မြန်မာနဲ့ လောနိုင်ငံ ဘော်လုံးပြိုင်ပွဲတွင် သရေကျသွားတဲ့အတွက် မြန်မာ လက်ရွေးစင်အသင်းအနေနဲ့ သုံးပွဲနိုင်၊ တပွဲသရေ၊ ရမှတ်ပေါင်း ၁၀ မှတ်နဲ့ ၂၀၁၂ ဆူဇူကီဖလား ခြေစစ်ပွဲ အောင်မြင်သွားပါတယ်။

ထိုသို့ မြန်မာအသင်း ခြေစစ်ပွဲ အောင်မြင်သွားတဲ့အတွက် ဆူဇူကီးဖလား ၂၀၁၂ ပြိုင်ပွဲတွင် အုပ်စု (က) ၌ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့နဲ့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့တွင် ကျင်းပခဲ့တဲ့ ဆူဇူကီးဖလား ခြေစစ်ပွဲတွင် မြန်မာ၊ လော၊ အရှေ့တီမော၊ ဘရူဇိုင်း၊ ကမ္ဘောဒီယားအသင်းတို့ ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနဲ့ လောနိုင်ငံအသင်းတို့ ခြေစစ်ပွဲ အောင်မြင်သွားကြပါတယ်။ မြန်မာအသင်းက အမှတ်အများဆုံးနဲ့ ခြေစစ်ပွဲ အောင်မြင်တဲ့အတွက် အုပ်စု (က) တွင် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ကာ လောနိုင်ငံအသင်းကတော့ အုပ်စု (ခ) တွင် မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနိုင်ငံများနဲ့ ကစားကြရမှာ ဖြစ်ပါတယ်။

မြန်မာအသင်းနဲ့ လောနိုင်ငံတို့ ကစားခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့ ပွဲစဉ်နဲ့ ပတ်သက်ပြီး မြန်မာအသင်းနည်းပြ တောင်ကိုရီးယားနိုင်ငံသား ပါ့က်ဆောင်ဟွာ (Park Sung-hwa) က “ရာသီဥတုက အရမ်း ပူပြင်းတဲ့အတွက် ဒီကနေ့ပြိုင်ပွဲဟာ အရမ်း ခက်ခဲပါတယ်။ ဒါပေမယ့် ခြေစစ်ပွဲအောင်မြင်သွားတဲ့အတွက် ရလဒ်နဲ့ ပတ်သက်ပြီး ပျော်ရွှင်မိပါတယ်။ ကစားသမားတွေအတွက် ဂုဏ်ယူမိပါတယ်။“ လို့ ပြောကြားကြောင်း http://www.affsuzukicup.com/ တွင် ဖော်ပြထားပါတယ်။

သူက ဆက်လက်ပြီး “အားပေးသူတွေက ဒီပွဲကို နိုင်ချင်ကြပါတယ်။ ဒါပေမယ့် ဒီပွဲမှာ သရေကျရင်တောင် ခြေစစ်ပွဲ အောင်တဲ့အတွက် အခြေအနေကို နားလည်သင့်ပါတယ်။ ပရိသတ်က ပြိုင်ပွဲတခုလုံးမှာ အားပေးခဲ့ကြပါတယ်။ ဒါပေမယ့် ဒီတပွဲမှာ တွန်းတွန်းတိုက်တိုက် မကစားတဲ့အတွက် ပရိသတ်က ဒေါသဖြစ်နိုင်ပါတယ်။“ လို့လည်း ပြောသွားပါတယ်။

အရှေ့တောင်အာရှ ဘော်လုံးအဖွဲ့ချုပ်ရဲ့ ၂၀၁၂ ဆူဇူကီးဖလားပြိုင်ပွဲများအား နိုဝင်ဘာ ၂၄ ရက်နေ့မှ ဒီဇင်ဘာ ၂၂ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ အုပ်စုပွဲများကို ထိုင်းနဲ့ မလေးရှားနိုင်ငံများတွင် ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ကာ အကြိုဗိုလ်လုပွဲနဲ့ ဗိုလ်လုပွဲများကို အိမ်ကွင်း၊ အဝေးကွင်းစနစ်နဲ့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

ယခင်က အရှေ့တောင်အာရှရဲ့ ထိပ်တန်းဘော်လုံးအသင်းဖြစ်တဲ့ မြန်မာနိုင်ငံဟာ ခြေစွမ်းကျရာမှ ခြေစွမ်း မပြနိုင်ဖြစ်လာခဲ့ပြီး ၂၀၁၀ ခုနှစ်ပြိုင်ပွဲတွင် အုပ်စု (ခ) ၌ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ စင်ကာပူနိုင်ငံများနဲ့ ကစားခဲ့ရာ သုံးပွဲစလုံး ရှုံးနိမ့်ခဲ့တဲ့အတွက် ယခုနှစ်ပြိုင်ပွဲအတွက် ခြေစစ်ပွဲ ကစားခဲ့ရတာ ဖြစ်ပါတယ်။
သတင်း - မြန်မာအသင်း ဆူဇူကီးဖလား ၂၀၁၂ ခြေစစ်ပွဲ အောင်မြင် - Oct 15 2012 04:41 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005