ကရင်ခေါင်းဆောင် ဖဒို ဒေးဗစ်ထော ခရစ်တော်၌ အိပ်ပျော်

Karen Information Center

ဘားအံမြို့တွင် ၂၀၁၂၊ စက်တင်ဘာ ၂၉ ရက်နေ့က ကရင်စစ်တပ်များရဲ့ ဆက်ဆံရေးရုံး ဖွင့်လှစ်ပြီးနောက် ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ ကရင်ခေါင်းဆောင် ဖဒို ဒေးဗစ်ထောဟာ ၂၀၁၂ အောက်တိုဘာ ၁၄ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၀ နာရီ ၃၇ မိနစ်က ရန်ကုန်မြို့ မင်္ဂလာဒုံ စစ်ဆေးရုံတွင် ခရစ်တော်၌ အိပ်ပျော်သွားခဲ့ပါတယ်။

ဖဒို ဒေးဗစ်ထော မကွယ်လွန်မီ မြန်မာ ၀န်ကြီးများ ဖြစ်ကြတဲ့ ဦးအောင်မင်း၊ ဦးစိုးသိန်းနဲ့ ဦးခင်ရီတို့က အောက်တိုဘာ ၁၄ ရက်နေ့ ညနေပိုင်းတွင် မင်္ဂလာဒုံစစ်ဆေးရုံကို လာရောက်ခဲ့ကြောင်း The Voice Weekly ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားထားပါတယ်။

ဖဒို ဒေးဗစ်ထောရဲ့ ရုပ်ကလာပ်ကို ရန်ကုန်မှ ထိုင်း မြန်မာနယ်စပ်သို့ ပြန်လည် သယ်ဆောင်လာခဲ့ပြီး ထိုင်း မြန်မာနယ်စပ်တနေရာတွင် သဂြိုံဟ်မှာဖြစ်ကြောင်း သိရပါတယ်။

ဖဒို ဒေးဗစ်ထောနဲ့ အဖွဲ့ ဘားအံတွင် ကရင်တပ်များရဲ့ ဆက်ဆံရေးရုံး ဖွင့်လှစ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကရင် အမျိုးသား အစည်းအရုံးအတွင်း သဘောမတူမှုများ ဖြစ်ခဲ့ကြကြောင်း၊ အခုအခါမှာ ထို သဘောမတူမှုများ ပြန်လည် ပြေလည်အောင် ဆောင်ရွက်လျက်ရှိကြောင်း ထိုင်းမြန်မာနယ်စပ်သတင်းများအရ သိရပါတယ်။

ဆက်ဆံရေးရုံး ဖွင့်လှစ်ပြီးနောက် ဖဒို ဒေးဗစ်ထောဟာ ရန်ကုန်ကို ထွက်ခွာသွားခဲ့ကာ နေထိုင်မကောင်း ဖြစ်တဲ့အတွက် SSC ဆေးရုံတွင် ဆေးဝါးကုသခဲ့ပြီး အောက်တိုဘာ ၁၂ ရက်နေ့တွင် မင်္ဂလာဒုံစစ်ဆေးရုံသို့ ပြောင်းရွှေ့ ဆေးကုသခဲ့ရပါတယ်။

ထိုသို့ ဆေးဝါးကုသနေစဉ် ကွယ်လွန်သွားခဲ့ပြီးနောက် ရုပ်ကလာပ်ကို ရဟတ်ယာဉ်ဖြင့် သယ်ဆောင်ရန် ပြင်ဆင်ထားသော်လည်း နီးစပ်ရာ ဆွေမျိုးသားချင်းများ လိုက်ပါလိုတဲ့ ဆန္ဒကြောင့် ရန်ကုန်မှ မော်တော်ယာဉ် ခုနှစ်စီးဖြင့် ထွက်ခွာခဲ့ရာ ဘားအံမြို့ကို အောက်တိုဘာ ၁၅ ရက်နေ့ မနက်ပိုင်းက ရောက်ရှိခဲ့ကြောင်း၊ ထိုမှတဆင့် မြ၀တီမြို့ကို ဆိုက်ရောက်လာခဲ့ကြောင်း ကေအိုင်စီသတင်းတွင် ဖော်ပြထားပါတယ်။
သတင်း - ကရင်ခေါင်းဆောင် ဖဒို ဒေးဗစ်ထော ခရစ်တော်၌ အိပ်ပျော် - Oct 15 2012 03:18 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005