ရောင်းအားကျဆင်းလာတဲ့ ကွန်ပြူတာဈေးကွက်

အင်တာနက်စနစ် ဖွံ့ဖြိုးလာခြင်းနဲ့အတူ ရောင်းအားတွေ မြင့်တက်လာခဲ့တဲ့ ပီစီ (PC - Personal Computer) လို့ ခေါ်ကြတဲ့ အိမ်သုံး၊ တကိုယ်ရည်သုံး ကွန်ပြူတာတွေရဲ့ ရောင်းအားဟာ ၂၀၀၁ ခုနှစ်မှစလို့ ၂၀၁၂ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ရောင်းအားကျဆင်းသွားပါတယ်။

ကွန်ပြူတာရောင်းအားဟာ ၂၀၁၁ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၁၂ ခုနှစ်တွင် ၁.၂ ရာနှုန်း နည်းသွားတယ်လို့ IHS iSuppli ဈေးကွက်သုတေသနအဖွဲ့က ၂၀၁၂ အောက်တိုဘာ ၁၀ ရက်နေ့တွင် ထုတ်ဖော် ကြေငြာလိုက်ပါတယ်။ ၂၀၁၁ ခုနှစ်အတွင်းက ကွန်ပြူတာပေါင်း ၃၅၂.၈ သန်း ရောင်းချခဲ့ရသော်လည်း ၂၀၁၂ ခုနှစ်တွင် ကွန်ပြူတာပေါင်း ၃၄၈.၇ သန်းသာ ရောင်းချနိုင်တော့မယ်လို့ IHS iSuppli ရဲ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

အက်ပဲလ်ရဲ့ အိုင်ဖုန်းက စတင်လိုက်တဲ့ လက်ကိုင်ဖုန်းများရဲ့ နည်းပညာဆိုင်ရာ ပြောင်းလဲမှုများကနေ Smart Phone လို့ ခေါ်တဲ့ နည်းမျိုးစုံ အသုံးပြုနိုင်တဲ့ တယ်လီဖုန်းများရဲ့ ဈေးကွက် ကြီးမားလာခြင်း၊ အိုင်ပက်ဒ် ထွက်ပေါ်လာခြင်းက စတင်လိုက်တဲ့ Tablet ခေါ် လက်ကိုင် ကွန်ပြူတာနဲ့ တယ်လီဖုန်းအကြား အရွယ်အစားရှိ လူသုံးပစ္စည်း (ကွန်ပြူတာလေး) များ ထွက်ပေါ်လာခြင်းဟာ ကွန်ပြူတာများ အရောင်းကျခြင်းရဲ့ အခြေခံအကြောင်းတခု ဖြစ်ပါတယ်။

လက်ကိုင်ကွန်ပြူတာများ အသုံးပြုခဲ့ကြသူများအနေနဲ့ အခုအခါ Tablet တွေ အသုံးပြုလာခဲ့ကြသလို မျက်နှာပြင်ကို လက်နဲ့ ထိလိုက်ရုံနဲ့ အသုံးပြုနိုင်တဲ့ Touch Screen နည်းပညာကလည်း ကွန်ပြူတာတွေကို စိတ်ဝင်စားမှုနည်းလာစေခဲ့ပါတယ်။ ရုံးခန်းတွေ၊ ကွန်ပြူတာ နည်းပညာနဲ့ ဆက်နွယ်ပြီး အသက်မွေးဝမ်းကြောင်း ပြုသူတွေအနေနဲ့ ပီစီလို့ ခေါ်ကြတဲ့ အက်ပဲလ်နည်းပညာမဟုတ်တဲ့ ကွန်ပြူတာတွေ လိုနေကြဦးမှာ ဖြစ်ပါတယ်။ သို့သော် အက်ပဲလ်ရဲ့ တိုးတက်မှုက ပီစီကို ကျော်လွန်သွားနိုင်မလားဆိုပြီး ပူပန်သူတွေလည်း ရှိကြပါတယ်။

ကမ္ဘာ့ကွန်ပြူတာများ အသုံးပြုတဲ့စနစ်ကို အများဆုံး ချုပ်ကိုင်ထားတဲ့ ၀င်းဒိုးစ် (Windows) ရဲ့ စနစ်အသစ် ၀င်းဒိုးစ် ၈ (Windows 8) ကလည်း မကြာမီ ထွက်ပေါ်လာနိုင်ဘွယ် ရှိတာမို့ ၀င်းဒိုးစ် အသစ်က ကွန်ပြူတာဈေးကွက်ကို လှုပ်ခတ်နိုင်မလားဆိုတဲ့ မျှော်လင့်ချက်အနည်းငယ် ရှိနေကြပါတယ်။ ထို့အတူ ဈေးကွက်ထဲကို အင်အားနဲ့ တိုးဝင်လာတဲ့ Tablet တွေနဲ့အပြိုင် ပါးလွှာတဲ့ လက်ကိုင်ကွန်ပြူတာတွေ ထွက်ပေါ်လာမယ်ဆိုရင်လည်း ကွန်ပြူတာရောင်းအားကို အထိုက်အလျောက်တော့ မြင့်တက်လာစေနိုင်ပါတယ်။ သို့သော်လည်း ကွန်ပြူတာတွေရဲ့ ရွှေခေတ်ကာလကို ပြန်ရောက်နိုင်ခြေ ရှိ/မရှိဆိုတာကတော့ ပြောဖို့ သိတ်ခက်နေပါတယ်။
သတင်း - ရောင်းအားကျဆင်းလာတဲ့ ကွန်ပြူတာဈေးကွက် - Oct 11 2012 02:21 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005