၈၈ မျိုးဆက်ကျောင်းသားများရဲ့ ကချင်ပြည်နယ် ခရီး
88 Student Leaders in Kachin State

၈၈ မျိုးဆက်ကျောင်းသားများရဲ့ ကချင်ပြည်နယ် ခရီးစဉ်

ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်ကျောင်းသားများဟာ ၂၀၁၂ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှစတင်ကာ ကချင်ပြည်နယ်ကို ခရီးထွက်ခွာခဲ့ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားများရဲ့ ကချင်ပြည်နယ် ခရီးစဉ်အတွင်း ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်း လုပ်ငန်းခွင် တည်ရှိခဲ့ရာ တန်ဖရဲကျေးရွာတွင် ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပြုလုပ်တဲ့ ဆုတောင်းပွဲ အခမ်းအနားကို တက်ရောက်ခဲ့သလို ကချင်စစ်ဘေးဒုက္ခသည်များအားလည်း ကူညီ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါတယ်။ ထို့အပြင် ကချင်ပြည်သူများနဲ့ တွေ့ဆုံကာ ပြည်တွင်းငြိမ်းချမ်းရေး၊ ပွင့်လင်း လူ့အဖွဲ့အစည်း ပေါ်ပေါက်ရေးဆိုင်ရာကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ကချင်ပြည်နယ်ရောက် ၈၈ မျိုးဆက်ကျောင်းသားများကို ကချင်တိုင်းရင်းသားများက ၀မ်းသာအားရ လှိုက်လှဲပြူငှာ ကြိုဆိုခဲ့ကြတာကို တွေ့ရသလို တိုင်းရင်းသားလူမျိုးများအကြား ချစ်ကြည် ရင်းနှီးမှုများ ပိုမို တည်ဆောက်လာနိုင်တာကို မြင်ရကြောင်း၊ အခုလို တည်ဆောက်နိုင်တဲ့ ချစ်ကြည် ရင်းနှီးမှုကတဆင့် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စများကို အရှိန်အဟုန်မြှင့် လုပ်ကိုင်ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်နေကြကြောင်း လေ့လာသူများက ပြောဆိုပါတယ်။

ကချင်ပြည်နယ်ကို သွားရောက်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားများအနက် ကိုမင်းကိုနိုင် ပါဝင်တဲ့အဖွဲ့ဟာ ၂၀၁၂ ဖေဖော်ဝါရီ ၂၅ ရက်နေ့က မန္တလေးမြို့ကို ခရီးထွက်ခွာခဲ့ပြီး ကိုမြအေးနဲ့ အချို့ ၈၈ မျိုးဆက်ကျောင်းသားများကတော့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ဝန်းကျင်အထိ ကချင်ပြည်နယ်အတွင်း ခရီးဆက်လက် လှည့်လည်ဦးမှာ ဖြစ်ကြောင်း သိရပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားများရဲ့ ကချင်ပြည်နယ်ခရီးစဉ်အတွင်း ပြည်တွင်းစစ်ဘေးသင့် ပြည်သူများအတွက် ကူညီ ထောက်ပံ့ငွေများလည်း ပေးအပ်ကြောင်း၊ ထိုသို့ ကူညီ ထောက်ပံ့မှုများအတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) ကလည်း ကျပ်ငွေ သိန်းတရာ ပါဝင် ထောက်ပံ့ခဲ့ကြောင်း သိရပါတယ်။
88 Student Leaders in Kachin State

ကချင်ပြည်နယ် တနေရာတွင် အမှတ်တရ ဓါတ်ပုံ ရိုက်ကူးစဉ်

88 Student Leaders in Kachin State

ပြည်တွင်းငြိမ်းချမ်းရေး၊ ပွင့်လင်း လူ့အဖွဲ့အစည်းဆိုင်ရာကိစ္စများ ဆွေးနွေးစဉ်

88 Student Leaders in Kachin State

88 Student Leaders in Kachin State

88 Student Leaders in Kachin State

ကချင်ပြည်နယ် တနေရာတွင် အမှတ်တရ ဓါတ်ပုံ ရိုက်ကူးစဉ်

88 Student Leaders in Kachin State

ကချင်ဒေသ စစ်ဘေးသင့် ပြည်သူများအတွက် အလှူငွေ ပေးအပ်စဉ်

ဓါတ်ပုံသတင်း - ၈၈ မျိုးဆက်ကျောင်းသား ကချင်ပြည်နယ် ခရီး - Feb 27 2012 04:17 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005