ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲ ဦးဆောင်သူများကို တရားစွဲ

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဖြစ်တဲ့ ၂၀၁၂၊ စက်တင်ဘာ ၂၁ ရက်နေ့က ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲကို တာဝန်ယူ ဦးဆောင်ခဲ့ကြတဲ့ ကိုမိုဃ်းသွေး၊ ကိုကျော်ကျော်ဗိုလ်၊ မခင်စန္ဒာညွန့်နဲ့ မဖွေးယုမွန်တို့ကို အာဏာပိုင်များက ကျောက်တံတား၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ဗဟန်း၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ကမာရွတ်၊ လှိုင်မြို့နယ်များတွင် အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။

ထို တိုင်ကြားမှုများကြောင့် အခုအခါ မြို့နယ်အချို့တွင် အမှုများ စတင် ကြားနာနေကြောင်း ဆန္ဒပြမှုကို ခေါင်းဆောင်ခဲ့သူများ သတင်းရပ်ကွက်မှ ကြားသိရပါတယ်။ အမှုများ ကြားနာနေရာတွင် လှိုင်မြို့နယ် တရားရုံးက ၂၀၁၂၊ အောက်တိုဘာ ၅ ရက်နေ့၌ ရုံးချိန်း ခေါ်ယူခဲ့ကြောင်း၊ ထို ရုံးချိန်းတွင် ရှေ့နေများ ခေါ်ဆောင်လာရန် အာဏာပိုင်ဘက်က အသိပေးခြင်း မရှိဘဲ အမှု စစ်ဆေးတဲ့အတွက် ကန့်ကွက်ခဲ့ကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းတွင် ဖော်ပြထားပါတယ်။

ထို့နောက် နောက်ထပ် ရုံးချိန်း ဆင့်ခေါ်ရန် အမိန့်ချခဲ့ပြီး ဆန္ဒပြပွဲ ဦးဆောင်သူများအနေနဲ့ တရားရုံးက ဆင့်ခေါ်တဲ့အခါ လာရောက်ပါမယ်ဆိုတဲ့ သုံးသိန်း အာမခံ ကိုယ်တိုင် ခံဝန်ချုပ် လက်မှတ် ရေးထိုးခဲ့ကြကြောင်း၊ လှိုင်မြို့နယ် တရားရုံးက ဒုတိယရုံးချိန်းနေ့ရက်ကို ၂၀၁၂၊ အောက်တိုဘာ ၁၅ ရက်အဖြစ် သတ်မှတ်ကြောင်း သိရပါတယ်။

ယခုအခါ တရားစွဲဆိုထားတဲ့ မြို့နယ် ၁၀ မြို့နယ်ရှိ တရားရုံးများက တရားစွဲဆိုခြင်း စတင်နေကြောင်း၊ ရုံးချိန်းများအဖြစ် ကမာရွတ် တရားရုံးတွင် အောက်တိုဘာ ၁၁ ရက်၊ ဗိုလ်တထောင် တရားရုံးတွင် အောက်တိုဘာ ၁၆ ရက်နေ့ သတ်မှတ်ထားကြောင်း၊ သတင်းဌာနများအနေနဲ့ တရားရုံးများကို လာရောက် သတင်းယူနိုင်ကြောင်း၊ ရုံးချိန်းများကို လာရောက်မယ့် မိတ်ဆွေများအနေနဲ့ ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲနေ့တွင် ၀တ်ဆင်ခဲ့တဲ့ “တနိုင်ငံလုံး စစ်ပွဲ ရပ်“ စာသားပါ တီရှပ်များ ၀တ်ဆင်လာစေလိုကြောင်း တရားစွဲခံရသူ လူငယ်များက နှိုးဆော်ထားပါတယ်။

ငြိမ်းချမ်းရေးနေ့ ချီတက်ဆန္ဒပြပွဲ ဦးဆောင်သူများက အာဏာပိုင်များထံ ချီတက်ခွင့် တောင်းခံခဲ့သော်လည်း သက်ဆိုင်ရာက ခွင့်ပေးခဲ့ခြင်း မရှိခဲ့ပါ။ သို့သော် ဆန္ဒပြပွဲ ဦးဆောင်သူများက မူလအစီအစဉ်အတိုင်း ရန်ကုန်မြို့က မြို့နယ် ၁၀ မြို့နယ်ကို လှည့်လည် ဆန္ဒပြခဲ့ကြပြီး ညနေပိုင်းတွင် အင်းလျားကန်ဘောင်၌ ဆန္ဒပြပွဲကို ရုတ်သိမ်းခဲ့ပါတယ်။ ထို ဆန္ဒပြပွဲဟာ ၂၀၀၇ သံဃာ့လှုပ်ရှားမှုနောက်ပိုင်း အကြီးမားဆုံး ဖြစ်ပျက်ခဲ့တဲ့ ဆန္ဒပြပွဲ ဖြစ်ပါတယ်။ ထို လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထိုနေ့ညနေပိုင်းတွင် သတင်းစာရှင်းလင်းပွဲ ကျင်းပကာ ဦးဆောင် လှုပ်ရှားသူများကို တရားစွဲဆို အရေးယူမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
သတင်း - ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲ ဦးဆောင်သူများကို တရားစွဲ - Oct 11 2012 12:45 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005