ကမ္ဘောဇဘဏ်များက တရက်အတွင်း ကျပ် သန်း ကိုးထောင်ခန့် ထုတ်ယူခဲ့ကြ
http://www.thevoicemyanmar.com/

http://www.thevoicemyanmar.com/

ကမ္ဘောဇဘဏ်နဲ့ ပတ်သက်တဲ့ သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ၂၀၁၂၊ အောက်တိုဘာ ၅ ရက်နေ့က ရန်ကုန်ရှိ ကမ္ဘောဇဘဏ်ခွဲများတွင် ငွေများ အစုလိုက် အပြုံလိုက် ထုတ်ယူမှု ဖြစ်ပျက်ခဲ့ရာ ရန်ကုန်ရှိ ကမ္ဘောဇဘဏ်ခွဲများတွင် တရက်အတွင်း ကျပ်သန်းကိုထောင်ခန့် ထုတ်ယူခဲ့ကြကြောင်း The Voice Weekly အင်တာနက်စာမျက်နှာတွင် အောက်တိုဘာ ၈ ရက်နေ့ နေ့စွဲနဲ့ ဖော်ပြထားပါတယ်။

ကမ္ဘောဇဘဏ်နဲ့ ပတ်သက်တဲ့ သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ၂၀၁၂၊ အောက်တိုဘာ ၆ ရက်နေ့ နေ့လည် ၁ နာရီမှာ မြန်မာနိုင်ငံ ဗဟိုဘဏ်က သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြီး စိုးရိမ်စရာ မရှိကြောင်းနဲ့ ဗဟိုဘဏ်က အပြည့်အ၀ တာဝန်ယူကြောင်း ပြောကြားခဲ့ပါတယ်။

ကမ္ဘောဇဘဏ်ရဲ့ အကြီးအကဲနဲ့ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းကြီး အများအပြားကို ပိုင်ဆိုင်ထားတဲ့ ဦးအောင်ကိုဝင်း အဖမ်းခံရတယ်ဆိုတဲ့ သတင်း အပါအ၀င် အခြားသတင်းများ ထွက်ပေါ်လာခဲ့ပြီး ကမ္ဘောဇဘဏ်က ငွေကြေးများ အစုလိုက်အပြုံလိုက် ထုတ်ယူမှု ဖြစ်ပွားခဲ့တာ ပါ။ ဦးအောင်ကိုဝင်းကို အငြိမ်းစားယူသွားတဲ့ မြန်မာ ဒု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မောင်အေးနဲ့ နီးစပ်သူအဖြစ် အများက သိထားကြပါတယ်။ ကမ္ဘောဇဘဏ်နဲ့ ပတ်သက်တဲ့ သတင်းတွေ ဘယ်လို စတင် ပေါ်ထွက်လာတယ်၊ ဘယ်သူက စတင် ပြောကြားတယ်ဆိုတာကိုတော့ အခုအချိန်အထိ ရှင်းရှင်းလင်းလင်း မသိကြရသေးပါဘူး။

ထို ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကမ္ဘောဇဘဏ် ဒု ဥက္ကဋ္ဌ ဦးသန်းလွင်က ဗီအိုအေသတင်းဌာနကို ၂၀၁၂၊ အောက်တိုဘာ ၇ ရက်နေ့က ““ဒါကတော့ ပြောလို့တော့ မရဘူးပေါ့။ ဒါတွေက လုပ်ကြံမှု၊ မနာလိုတာလည်း ပါမယ်။ ပျက်စီးရာ ပျက်စီးကြောင်း ကြံတဲ့ဟာလည်း ပါမယ်။ ဘဏ်တခုတည်းကိုတော့ ဦးတည်လိမ့်မယ်လို့တော့ မထင်ဘူး။ ဘာလို့လဲ ဆိုတော့ အန်ကယ်တို့က ဘဏ်အကြီးဆုံး ဖြစ်နေတာကိုး။ အဲဒီတော့ သတိထားရမှာကတော့ အများကြီးပေါ့လေနော်။ တွေးလိုက်ရင်တော့ အမျိုးမျိုး တွေးနိုင်တာပေါ့လေ။ ဒါပေမဲ့ ဘယ်ဟာဖြစ်တယ် ဘာညာ ဆိုတာကတော့ သက်ဆိုင်ရာက စုံစမ်းပါလိမ့်မယ်။ အန်ကယ်တို့က ကြိုပြီးတော့ မပြောချင်ဘူး။”လို့ ပြောကြားခဲ့ပါတယ်။
သတင်း - ကမ္ဘောဇဘဏ်များက တရက်အတွင်း ကျပ် သန်း ကိုးထောင်ခန့် ထုတ်ယူခဲ့ကြ - Oct 8 2012 10:18 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005