Miss International 2012 ပြိုင်ပွဲကို နန်းခင်ဇေယျာ ၀င်ရောက် ယှဉ်ပြိုင် နေ
Photo - 2012 Miss International

Photo - 2012 Miss International

ဂျပန်နိုင်ငံ အိုကီနာဝါမြို့တွင် ၂၀၁၂ အောက်တိုဘာ ၂၁ ရက်နေ့၌ ကျင်းပမယ့် Miss International 2012 ကို ၀င်ရောက် ယှဉ်ပြိုင်ဖို့အတွက် မြန်မာအလှမယ် နန်းခင်ဇေယျာဟာ ဂျပန်နိုင်ငံကို ရောက်ရှိနေပါတယ်။ သက်တမ်း ၅၂ နှစ် ရှိပြီဖြစ်တဲ့ ထို ပြိုင်ပွဲကို နန်းခင်ဇေယျာ အပါအ၀င် ပြိုင်ပွဲဝင် အလှမယ် ၆၈ ဦး ပါဝင် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ Miss International ပြိုင်ပွဲကို ၁၉၆၁ ခုနှစ်က နောက်ဆုံး ပါဝင် ယှဉ်ပြိုင်ခဲ့ပြီးနောက် ၅၁ နှစ်အကြာတွင် ပြန်လည် ၀င်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ တော်လှန်ရေးကောင်စီ အာဏာသိမ်းခဲ့တဲ့ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ ကတည်းက မြန်မာစစ်ဗိုလ်တွေဟာ တိုင်းပြည်ကို တံခါးပိတ် အမှောင်ချထားခဲ့ရာ မြန်မာနိုင်ငံသားအားလုံး ကမ္ဘာကြီးနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။ ယခုအခါ မြန်မာအာဏာပိုင်တွေအနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ပြန်လည် ၀င်ရောက်ဖို့ ကြိုးစားနေပါတယ်။ ထိုသို့ ကြိုးစားနေချိန်တွင် မြန်မာအလှမယ်တဦးက Miss International ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်နေခြင်း ဖြစ်ပါတယ်။

Miss International ပြိုင်ပွဲကို အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် Long Beach တွင် ၁၉၆၀ ခုနှစ်မှ စတင် ကျင်းပခဲ့ပါတယ်။ ထိုသို့ ကျင်းပစဉ် ၁၉၆၁ ခုနှစ်က မြန်မာအလှမယ် Minnie Pu ပါဝင် ယှဉ်ပြိုင်ခဲ့ပါတယ်။ ၁၉၆၀ ခုနှစ်မှ ၁၉၆၇ ခုနှစ်အထိ Long Beach တွင် ကျင်းပပြီးနောက် ၁၉၆၈ ခုနှစ်မှ ၁၉၇၀ ခုနှစ်အထိ ဂျပန်နိုင်ငံတွင် ကျင်းပခဲ့ပါတယ်။ ၁၉၇၁ ခုနှစ်နဲ့ ၁၉၇၂ ခုနှစ်တွင် Long Beach ၌ ပြန်လည် ကျင်းပကာ နောက်ပိုင်းတွင် များသောအားဖြင့် ဂျပန်နိုင်ငံ၌ ကျင်းပခဲ့ပါတယ်။ သို့သော် ၂၀၀၄ နဲ့ ၂၀၀၆ ခုနှစ်တွင် တရုပ်ပြည် ပီကင်း၊ ၂၀၀၈ ခုနှစ်တွင် မက္ကာအို ၊ ၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ တရုပ်ပြည် Chengdu တို့တွင် ကျင်းပကာ ၂၀၁၂ ခုနှစ်၌ အိုကီနာဝါတွင် ကျင်းပခြင်း ဖြစ်ပါတယ်။

အိုကီနာဝါက Miss International 2012 ပြိုင်ပွဲ အခမ်းအနား အစီအစဉ်များကို ၂၀၁၂၊ အောက်တိုဘာ ၁ ရက်နေ့မှ စတင်ပြီး ၂၇ ရက်နေ့တွင် အဆုံးသတ်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲ မိတ်ဆက်ပွဲကို အောက်တိုဘာ ၂ ရက်နေ့က ပြုလုပ်ခဲ့ပြီး အိုကီနာဝါဒေသအား လှည့်လည် ကြည့်ရှုတဲ့ အစီအစဉ်များ ပါဝင်ကာ ပြိုင်ပွဲကို အောက်တိုဘာ ၂၁ ရက်နေ့၌ ကျင်းပမှာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ဇာတိ နန်းခင်ဇေယျာဟာ အသက် ၂၃ နှစ်၊ အရပ် ၅ ပေ၊ ၆ လက်မခွဲ ရှိပါတယ်။ သူဟာ ၂၀၁၂ မတ်လ၌ ရန်ကုန်တွင် ကျင်းပတဲ့ Miss Myanmar International ပြိုင်ပွဲတွင် Miss Myanmar International အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ အခု အိုကီနာဝါက Miss International 2012 ပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ရန် နန်းခင်ဇေယျာကို ဂျပန်နိုင်ငံ International Culture Association က ဖိတ်ကြားခဲ့ခြင်း ဖြစ်ပါတယ်။

Photo - 2012 Miss International

ကိုးကား

http://www.miss-international.org/en/
http://missinternational-okinawa.com
ဝီကီပီးဒီးယား
Photo - 2012 Miss International

Photo - 2012 Miss International

Photo - 2012 Miss International

Photo - 2012 Miss International

သတင်း - Miss International 2012 ပြိုင်ပွဲ နန်းခင်ဇေယျာ ၀င်ရောက် ယှဉ်ပြိုင် - Oct 6 2012 06:42 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005