ရန်ကုန်က စက်သုံးဆီဆိုင် ၂၁ ဆိုင် အခြင်အတွက် လျော့နည်း

ရန်ကုန်တိုင်းအတွင်း ရောင်းချနေတဲ့ စက်သုံးဆီဆိုင် ၂၁ ဆိုင်ရဲ့ ပန့်တွေဟာ သတ်မှတ် ခြင်တွယ်မှုကို မပြည့်မီဘဲ လျော့နည်းနေကြောင်း သတင်းထုတ်ပြန်ချက်တခုကို စွမ်းအင်ဝန်ကြီးဌာန ဖေ့စ်ဘွတ် စာမျက်နှာတွင် ဖော်ပြထားပါတယ်။ ထိုသို့ ခြင်တွယ်မှု လျော့နည်းခြင်းနဲ့ ပတ်သက်ပြီး ပထမအကြိမ်အဖြစ် သက်ဆိုင်ရာ ကုမ္ပဏီကို တရားဝင်စာနဲ့ သတိပေးမှာ ဖြစ်ကြောင်း၊ ထပ်မံ စစ်ဆေး တွေ့ရှိပါက စက်သုံးဆီ သိုလှောင် ဖြန့်ဖြူး ရောင်းချခွင့်လိုင်စင်ကို ပြန်လည် သုံးသပ် အရေးယူမှာ ဖြစ်ကြောင်း အဆိုပါ ဖော်ပြချက်တွင် ရေးသားထားပါတယ်။

စွမ်းအင်ဝန်ကြီးဌာန၊ စက်သုံးဆီဆိုင်ရာ ကြီးကြပ်ရေး ဆပ်ကော်မတီဝင်များ ဖြစ်ကြတဲ့ မြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း ရန်ကုန်တိုင်း ရောင်းဝယ်ရေးအရာရှိ ရုံး၊ ရန်ကုန်တိုင်း ပြည်တွင်းအခွန် ဦးစီးဌာန၊ ရန်ကုန်တိုင်း မီးသတ်နဲ့ ရန်ကုန် စည်ပင်သာယာတို့ရဲ့ ကိုယ်စားလှယ်များ ပါဝင်တဲ့ အဖွဲ့က ၂၀၁၂ စက်တင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်နေ့များတွင် ရန်ကုန်တိုင်းအတွင်းရှိ ပုဂ္ဂလိက စက်သုံးဆီဆိုင် ၂၃ ဆိုင်ကို ရှောင်တခင် စစ်ဆေးရာ ၂၁ ဆိုင်က ပန့်များ အခြင်အတွယ် မမှန်ခြင်းကို တွေ့ရှိရတာ ဖြစ်ပါတယ်။

ထို ဆိုင်များရဲ့ လုပ်ငန်းရှင် ကုမ္ပဏီများကတော့ ရတနာ၊ ရာဇာမင်း ကုမ္ပဏီ ၊ နီလာရိုးမ ကုမ္ပဏီ၊ ထူး ထရေးဒင်း ကုမ္ပဏီ ၊ Petro Star (ပိုင်ပြည့်စုံ ကုမ္ပဏီ) ၊ Green Luck ကုမ္ပဏီ ၊ သူရိယစွမ်းအင် ၊ DENKO ကုမ္ပဏီ ၊ Sliver Wave ကုမ္ပဏီ ၊ မက်စ် မြန်မာ ကုမ္ပဏီ ၊ ငါးလုပ်ငန်းနဲ့ ရေထွက်ပစ္စည်း ၂၀၀၀ ကုမ္ပဏီ ၊ ရွှေတောင် ကုမ္ပဏီ ၊ Petro K ၊ မြတ် မေတ္တာမွန် ကုမ္ပဏီ ၊ New Day Energy ကုမ္ပဏီ ၊ မြန်မာနိုင်ဂရု(ပ်) ကုမ္ပဏီ ၊ ပက်ထရို အေအမ်ပီ ၊ ကောင်းဇော်ဟိန်း ကုမ္ပဏီ ၊ ဧရာရွှေဝါ ကုမ္ပဏီ ၊ Petro Green (ယုဇန ကုမ္ပဏီ) ၊ လင်းလက်အောင် (မြ၀တီ ထရေးဒင်း) တို့ ဖြစ်ကြပါတယ်။

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ တော်လှန်ရေးကောင်စီ အာဏာသိမ်းတဲ့အချိန်ကစပြီး မြန်မာနိုင်ငံရဲ့ စက်သုံးဆီ ရောင်းချမှုကို အစိုးရက ထိမ်းချုပ်ခဲ့ပြီး ၂၀၁၀ ခုနှစ် ၊ ဇွန်လ ၁၀ ရက်နေ့တွင် ပုဂ္ဂလိကပိုင်အဖြစ် ပြန်လည် ရောင်းချနိုင်ခဲ့ကြပါတယ်။ စက်သုံးဆီ အရောင်းဆိုင်များ ပုဂ္ဂလိကပိုင် ပြုစဉ်က မြန်မာစစ်ဗိုလ်ချုပ်ကြီးများနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းကိုသာ လုပ်ပိုင်ခွင့်ပေးခဲ့ကြောင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပါတယ်။ ပုဂ္ဂလိကပိုင် ပြုပြီးနောက် ဈေးကွက်ဈေးနှုန်းအတိုင်း စက်သုံးဆီ ရောင်းချရန် ကြိုးစားခဲ့ပြီးနောက် အတန်အသင့် ထိန်းချုပ်တဲ့စနစ်ကို ပြန်လည် အသုံးပြုခဲ့ရပါတယ်။

ပုဂ္ဂလိက လုပ်ငန်းရှင်များရဲ့ စက်သုံးဆီဆိုင်များ ဖွင့်လှစ်အပြီး နှစ်နှစ်ကျော်အကြာတွင် ပထမဆုံးအကြိမ်အဖြစ် ရှောင်တခင် စစ်ဆေးမှု ပြုလုပ်ခဲ့ရာ စစ်ဆေးတဲ့ဆိုင်များရဲ့ ၉၁.၃ ရာနှုန်းတွင် အခြင်အတွယ် မမှန်တာကို တွေ့ခဲ့ရကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း - ရန်ကုန် စက်သုံးဆီဆိုင် ၂၁ ဆိုင် အခြင်အတွက် လျော့နည်း - Oct 6 2012 04:34 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005