တရုပ်ပြည်က အိုင်ဖုန်း ဖိုက်ဖ် အလုပ်သမားတွေ ဆန္ဒပြ

yahoo.com

အိုင်ဖုန်း ဖိုက်ဖ် (iPhone 5) ထုတ်လုပ်တဲ့ Foxconn ကုမ္ပဏီရဲ့ တရုပ်ပြည်က စက်ရုံတခုရှိ အလုပ်သမား ထောင်ပေါင်းများစွာ သပိတ်မှောက်ကြကြောင်း နယူးယောက် အခြေစိုက် China Labor Watch အဖွဲ့ရဲ့ အောက်တိုဘာ ၅ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ထို ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အက်ပဲလ် ကုမ္ပဏီက ဝေဖန်ချက် ပေးဖို့ ငြင်းဆန်ထားသလို Foxconn ဘက်ကလည်း တုန့်ပြန်ချက် တစုံတရာ မရှိသေးကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားပါတယ်။

China Labor Watch ရဲ့ ထုတ်ပြန်ချက်မှာ Foxconn ကုမ္ပဏီရဲ့ Zhengzhou စက်ရုံက ကုန်ထုတ်လုပ်ရေး အလုပ်သမား အလုပ်သမား သုံးထောင်ကနေ လေးထောင်ခန့်ဟာ အောက်တိုဘာ ၅ ရက်နေ့ တရုပ်စံတော်ချိန် နေ့လည် ၁ နာရီက ဆန္ဒပြခဲ့ကြောင်း ရေးသားထားပါတယ်။ ထုတ်ကုန် အရည်အသွေး စစ်ဆေးတဲ့ဌာနနဲ့ ကုန်ထုတ်လုပ်တဲ့ အလုပ်သများတို့ အချင်းများရာက ထို ဆန္ဒပြမှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း၊ ထို ဖြစ်ရပ်နဲ့ ဆက်စပ်ပြီး တနင်္လာနေ့တွင် စတင်မယ့် တပတ်ကြာ အလုပ်ပိတ်ရက်တွင် အလုပ်မလုပ်လိုကြကြောင်း တောင်းဆိုမှုလည်း ပါဝင်ခဲ့ကြောင်း China Labor Watch သတင်းတွင် ဖော်ပြပါတယ်။

လွန်ခဲ့တဲ့လကလည်း တရုပ်ပြည်မြောက်ပိုင်းရှိ Foxconn ကုမ္ပဏီရဲ့ Taiyuan စက်ရုံတွင်၂၄ နာရီပတ်လုံး ကုန်ထုတ်လုပ်ရန် စေခိုင်းမှုကြောင့် မငြိမ်သက်မှု ဖြစ်ပွားခဲ့ကြောင်း ရိုက်တာသတင်း၌ ရေးသားထားပါတယ်။ Foxconn ကုမ္ပဏီဟာ ထိုင်ဝမ် အခြေစိုက် ကံထရိုက် ကုန်ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်ပြီး အိုင်ပက်ဒ်၊ အိုင်ဖုန်း အများအပြား ထုတ်လုပ်ပေးတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ Foxconn နည်းပညာအုပ်စုရဲ့ ကုန်သွယ်မှု ကုမ္ပဏီအမည်ဖြစ်တဲ့ Hon Hai ကုမ္ပဏီအနေနဲ့ နိုင်ငံတကာကို အီလက်ထရွန်းနစ်ပစ္စည်းတွေ ရောင်းချနေတဲ့ Hewlett Packard ၊ နိုကီယာ (Nokia) နဲ့ ဒဲလ် (Dell) တို့ရဲ့ ပစ္စည်းများကိုလည်း ထုတ်လုပ်ပေးနေပါတယ်။

အက်ပဲလ်ကုမ္ပဏီကနေ အိုင်ပေါ့ဒ် ၊ အိုင်ပက်ဒ်နဲ့ အိုင်ဖုန်းများ စတင် ရောင်းချတဲ့အခါတိုင်းလိုလို Foxconn ရဲ့ တရုပ်ပြည်က ကုန်ထုတ်လုပ်ရေး စက်ရုံတွေမှာ အဆင်မပြေမှုတွေ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ထို အဆင်မပြေမှုများဟာ အက်ပဲလ်ရဲ့ ကုန်ပစ္စည်း အရည်အသွေးဆိုင်ရာ သတ်မှတ်ချက် အဆင့်မြင့်ခြင်းနဲ့ ထုတ်ကုန်များ ရောင်းအား မြင့်မားခြင်းကြောင့် ဖြစ်ပါတယ်။

အခု နောက်ဆုံးထုတ် ၁၆ ဂဂ္ဂါဘိုက်ဒ်ရှိ အိုင်ဖုန်း ဖိုက်ဖ်ကို နယူးယောက်မှာ ၀ယ်မယ်ဆိုရင် နှစ်ပတ်ကနေ တလနီးပါးအထိ စောင့်ဆိုင်းရဘွယ် ရှိပါတယ်။ ထိုသို့ အိုင်ဖုန်း ဖိုက်ဖ် လိုအပ်ချက် မြင့်နေတဲ့ အမေရိကန်ဈေးကွက်ကို အချိန်မီ ပေးပို့နိုင်ရန် Foxconn ကုမ္ပဏီက သူတို့ရဲ့ တရုပ်နိုင်ငံတွင်းရှိ စက်ရုံများရဲ့ ကုန်ထုတ်လုပ်မှုကို မြှင့်တင်တဲ့အခါ အဆင်မပြေမှုများ ဖြစ်တတ်ပြီး ဒေသခံအလုပ်သမားများရဲ့ ဆန္ဒပြမှုများ ပေါ်ပေါက်စေတာကို တွေ့ရပါတယ်။

ကိုးကား

ရိုက်တာ
China Labor Watch
သတင်း - တရုပ်ပြည်က အိုင်ဖုန်း ဖိုက်ဖ် အလုပ်သမားတွေ ဆန္ဒပြ - Oct 6 2012 12:56 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005