ပြည်တော်ပြန်အတိုက်အခံ၊ ဦးသိန်းစိန်ရတဲ့ လွတ်လပ်ရေး၊ အမည်မည်း ပယ်ဖျက်စာရင်း

နိုင်ငံတော်ရဲ့ အမျိုးသား အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ အကြောင်းအမျိုးမျိုးကြောင့် အမည်မည်းစာရင်း (Black List) ထည့်သွင်းထားတဲ့ ကုမ္ပဏီများ၊ နယ်ပယ်အသီးသီးက လူပုဂ္ဂိုလ်များ၊ သတင်းမီဒီယာသမားများ အပါအ၀င် လူပုဂ္ဂိုလ် ၂,၀၈၂ ဦးအား စာရင်းမှ ပယ်ဖျက်လိုက်ကြောင်း မြန်မာအစိုးရက ၂၀၁၂ သြဂုတ် ၂၇ ရက်နေ့ နေ့စွဲနဲ့ ကြေငြာခဲ့ပါတယ်။ ထိုသို့ ကြေငြာပြီးနောက် သြဂုတ် ၃၀ ရက်နေ့မှာတော့ အမည်မည်းစာရင်းက ပယ်ဖျက်လိုက်တဲ့ လူပုဂ္ဂိုလ်များရဲ့အမည်များ ထွက်ရှိလာခဲ့ပါတယ်။

ထို အမည်စာရင်း၌ ထိုင်း မြန်မာနယ်စပ် အခြေစိုက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့၊ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂ၊ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အဖွဲ့၊ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေး အဖွဲ့၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ၊ မြန်မာ အလုပ်သမားများ သွေးစည်း ညီညွတ်ရေးအဖွဲ့၊ ညီညွတ်သော တိုင်းရင်းသား လူငယ်များ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဆေးပညာရှင်များ အသင်း၊ မြန်မာ အမျိုးသမီး သမဂ္ဂ၊ ကရင် အမျိုးသမီး အစည်းအရုံး အဖွဲ့ဝင်များနဲ့ ၀ါရှင်တန် ဒီစီ အခြေစိုက် US Campaign for Burma အဖွဲ့ ဒါရိုက်တာ ဦးအောင်ဒင်တို့ရဲ့ အမည်များ ပါဝင်ပါတယ်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား နှစ်ဦး၊ အခြားနိုင်ငံသားအဖြစ် ခံယူထားတဲ့ မြန်မာအချို့၊ သတင်းထောက်များ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟောင်းနဲ့ အခြား ပုဂ္ဂိုလ်များ ပါဝင်ပါတယ်။ ထို အမည်စာရင်းရဲ့ ထူးခြားချက်ကတော့ စနစ်ကျနမှု လုံးဝ မရှိခြင်း ဖြစ်ပါတယ်။

ထို အမည်မည်းစာရင်း ပယ်ဖျက်ခြင်း သတင်းနဲ့ မရှေးမနှောင်း ထွက်ပေါ်လာပေမယ့် လူအများ ကျယ်ကျယ်ပြန့်ပြန့် မသိကြတဲ့ သတင်းကတော့ အမေရိကန်သမ္မတက မြန်မာသမ္မတ ဦးသိန်းစိန်အပေါ် ထားရှိတဲ့ ကန့်သတ်မှုတွေကို ဖြေလျော့ပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီလို ဖြေလျော့ပေးလိုက်တဲ့အတွက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်မယ့် ဦးသိန်းစိန်အနေနဲ့ နယူးယောက်မြို့သာမက အမေရိကန်တနိုင်ငံလုံးကို လွတ်လွတ်လပ်လပ် သွားလာနိုင်တော့မှာ ဖြစ်ပါတယ်။

မြန်မာအစိုးရက အမည်မည်းစာရင်းမှ ပယ်ဖျက်သူများ စာရင်းကို ကြေငြာခဲ့သလို အမေရိကန်တွေကလည်း ဦးသိန်းစိန်အပေါ် ကန့်သတ်မှုများ ဖယ်ရှားလိုက်တဲ့သတင်း ထွက်ပေါ်ချိန်မှာ နဂိုကတည်းက ကြားနေရတဲ့ ပြည်ပ အတိုက်အခံများ အုံနဲ့ကျင်းနဲ့ မြန်မာပြည်တွင်းကို ပြန်သွားကြဖို့ စီစဉ်နေတဲ့ သတင်းနဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ ထွက်ပေါ်လာပါတယ်။

နောက်ဆုံးရသတင်းများအရ ၂၀၁၂ သြဂုတ် ၃၁ ရက်နေ့တွင် မြန်မာနိုင်ငံကို ပြန်သွားကြမယ့်သူများကတော့ ဒေါက်တာနိုင်အောင်၊ ဒေါက်တာသောင်းထွန်းနဲ့ ဦးညိုအုန်းမြင့် တို့ ဖြစ်ကြပါတယ်။ ထို့နောက် စက်တင်ဘာ ၁ ရက်နေ့တွင် ဦးထွန်းအောင်ကျော်၊ ဦးမိုးသီးဇွန်၊ ဦးကိုကိုလေး၊ ဦးမူးသာ၊ ဦးယဉ်အေး၊ ဦးရွှေဇင်၊ ဦးကိုကိုအောင်နဲ့ ဦးအေးမင်းတို့ ဖြစ်ပါတယ်။ ထို့နောက်မှာတော့ ဦးမောင်မောင် (ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ) နဲ့ ဦးအောင်မိုးဇော် (လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ) တို့ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိပါတယ်။ အခု သွားရောက်ကြမယ့် သူများဟာ နှစ်ပတ်၊ တစ်လ စသည်ဖြင့် ပြည်ဝင်ခွင့် ရရှိကြမှာ ဖြစ်ပြီး ဦးသိန်းစိန်နဲ့ တွေ့ဆုံနိုင်ခြေ ရှိကြောင်း၊ အစိုးရ တာဝန်ရှိသူများ၊ ပြည်တွင်းက ပြုပြင် ပြောင်းလဲရေး လှုပ်ရှားသူများနဲ့လည်း ဆုံတွေ့ကြမှာ ဖြစ်ကြောင်း သတင်း ထွက်ပေါ်နေပါတယ်။

အမည်မည်းစာရင်းက ပယ်ဖျက်လိုက်တဲ့ မြန်မာနိုင်ငံသားများ

အမည်မည်းစာရင်းက ပယ်ဖျက်လိုက်တဲ့ အခြားနိုင်ငံသားများ

သတင်း - ပြည်တော်ပြန်အတိုက်အခံ ဦးသိန်းစိန် အမည်မည်း ပယ်ဖျက်စာရင်း - Aug 31 2012 06:59 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005