မြန်မာအစိုးရအတွင်း အပြောင်းအလဲများ ဆက်လက် ပြုလုပ်ဦးမည်

မြန်မာအာဏာပိုင်တွေဟာ ၂၀၁၂ သြဂုတ် ၂၇ ရက်နေ့က ၀န်ကြီး ၉ ဦးကို ရာထူး ပြောင်းလဲ ခန့်အပ်ပြီး ဒုတိယ၀န်ကြီး ၁၅ ဦးကို ခန့်အပ်လိုက်ပါတယ်။ ထို့အပြင် သြဂုတ် ၂၈ ရက်နေ့မှာ ဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်မြင့်နဲ့ အမှတ် ၁ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဇော်မင်းတို့ကို ရာထူးမှ နှုတ်ထွက်ခွင့်ပြုလိုက်ပါတယ်။ တဆက်ထည်း ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးလွန်းမောင်ကိုလည်း ရာထူးမှ နှုတ်ထွက်ခွင့်ပြုကာ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးဝင်းအား သာသနာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးလိုက်ပါတယ်။ ထို့နောက် ဦးသန့်ကျော် (နိုင်ငံခြားရေးဝန်ကြီးဌာန) ၊ ဦးဇင်ယော် (နိုင်ငံခြားရေးဝန်ကြီးဌာန) နဲ့ ဒေါက်တာမောင်မောင်သိမ်း (ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန) တို့ကို ဒုတိယ၀န်ကြီးများအဖြစ် ခန့်အပ်လိုက်ပါတယ်။

အခု ပြောင်းလဲမှုများကို သမ္မတဦးသိန်းစိန်ရဲ့ ပြောင်းလဲမှု ဒုတိယလှိုင်းလုံးအဖြစ် လေ့လာသူများက သုံးသပ်ကြပြီး နောက်ထပ် ပြောင်းလဲမှုတွေ ဘယ်လို ဖြစ်လာမယ်၊ ဘယ်လောက် မြန်ဆန်မယ်၊ ဘယ်လို အခက်အခဲတွေ ကြုံရနိုင်တယ်ဆိုတာ အများ စိတ်ဝင်စားကြတဲ့ အချက် ဖြစ်ပါတယ်။ ကြားသိရတဲ့ မြန်မာဆိုင်ရာသတင်းများအရ ဦးသိန်းစိန်ဟာ ၀န်ကြီးဌာနများ လျော့ချ ဖွဲ့စည်းခြင်း၊ ၀န်ကြီးဌာနများအတွင်း ပြောင်းလဲမှုများ ပြုလုပ်ပြီး လုပ်ငန်းများ ပိုမို သွက်လက်အောင် ပြုလုပ်ခြင်းများ ဆောင်ရွက်လာနိုင်ဘွယ် ရှိကြောင်း သုံးသပ်မှုတွေ ရှိနေပါတယ်။

မြန်မာသမ္မတရုံးအနေနဲ့ အစိုးရအဖွဲ့အတွင်း အပြောင်းအလဲများ သွက်သွက်လက်လက် ဖြစ်ပေါ်လာရန် ကြိုးစားနေတဲ့ တချိန်ထဲမှာပဲ လွှတ်တော်အကြီးအကဲ ဦးရွှေမန်းအား တိုက်ခိုက်တဲ့ လက်တုန့်ပြန်မှု စာတွေ ဖေ့စ်ဘွတ် လူမှုကွန်ယက်အတွင်း ပေါ်ထွက်လာတာကို တွေ့ရပါတယ်။

လက်ရှိ အခြေအနေအရ မြန်မာအစိုးရနဲ့ လွှတ်တော်များရဲ့သတင်းများကို ပုံနှိပ်နဲ့ ရုပ်သံမီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် လျှင်လျှင်မြန်မြန် အသိမပေးနိုင်သေးတာကို သတိထားမိပြီး ဖေ့စ်ဘွတ် လူမှုကွန်ယက်ဟာ မြန်မာအာဏာပိုင်တွေ၊ အတိုက်အခံတွေနဲ့ နိုင်ငံရေးအဖွဲ့တွေရဲ့ သတင်းထုတ်ပြန်ရာနေရာတခု ဖြစ်မှန်းမသိ ဖြစ်လာတာကို တွေ့ရပါတယ်။ သတင်းများ အလွယ်တကူ သိနိုင်ဖို့အတွက် ဖေ့စ်ဘွတ်ကို ပြည်တွင်းပြည်ပမှာ တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြတဲ့ အခုအချိန်မှာ မကောင်းသတင်း ၀ါဒဖြန့်သူများကလည်း ဖေ့စ်ဘွတ်ကို စနစ်တကျ သုံးစွဲနေကြပါတယ်။

မြန်မာအစိုးရအတွင်း ပြောင်းလဲမှုသတင်းများ ဆက်တိုက် ထွက်ပေါ်လာချိန်မှာ သြဂုတ် ၃၀ ရက်နေ့ထုတ် အစိုးရအာဘော်သတင်းစာတွင် လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း ဖော်ပြထားတာကို သတိထားမိပါတယ်။ ထို ဥပဒေကြမ်းဟာ တရုပ်မီဒီယာတခုကို အစိုးရသဘောထားနဲ့ မလျှော်ညီတဲ့ ပြောကြားမှုတွေ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်အမတ် ဦးအောင်သိန်းလင်းကိစ္စနဲ့များ ဆက်စပ်လေမလားလို့ တွေးတောသူများ ရှိနေပါတယ်။
သတင်း - မြန်မာအစိုးရအတွင်း အပြောင်းအလဲများ ဆက်လက် ပြုလုပ်ဦးမည် မြင့်လှိုင် - Aug 30 2012 02:09 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005