နယူးယောက်တွင် ကျင်းပမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာမိသားစု တွေ့ဆုံပွဲ အကြောင်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ နယူးယောက် မြန်မာမိသားစု တွေ့ဆုံပွဲကို ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၂ ရက် (စနေနေ့) နံနက် ၁၀ နာရီခွဲမှ နေ့လည် ၁၂ နာရီအထိ 65-30 Kissena Boulevard, Flushing, NY 11367 တွင် တည်ရှိတဲ့ Queens College – Colden Center for the Performing Arts တွင် ကျင်းပရန် ပြင်ဆင်လျက်ရှိကြောင်း သတင်းရရှိပါတယ်။ ထို တွေ့ဆုံပွဲ တက်ရောက်လိုသူများအား ဦးရာလူစနစ်ဖြင့် ခန်းမတွင်း ၀င်ရောက်ရန် စီစဉ်ထားပြီး ခန်းမတံခါးကို မနက် ၉ နာရီမှ စတင် ဖွင့်လှစ်မှာ ဖြစ်ကာ မနက် ၁၀ နာရီ ၁၅ မိနစ်တွင် ခန်းမတံခါး ပိတ်မှာဖြစ်ကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ မိသားစုများ တွေ့ဆုံပွဲ ကျင်းပနိုင်ရန်အတွက် ခန်းမ စီစဉ်မှုကို မြန်မာ့အရေးအတွက် အစဉ်တစိုက် ဆောင်ရွက်ပေးနေတဲ့ အောက်လွှတ်တော်အမတ် ဂျိုးဇက် ခရောင်လီ (Joseph Corwley) က စီစဉ်ပေးခဲ့ကြောင်း၊ လုံခြုံရေးနဲ့ နေရာချထားရေး အစီအစဉ်များကို ကွင်းစ်ကောလိပ်က တာဝန်ယူပြီး ပရိသတ် ငါးထောင်ခန့်အထိ လက်ခံနိုင်ရန် စီစဉ်ထားကြောင်း ပွဲ စီစဉ်သူများနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်း သတင်းများက ဆိုပါတယ်။ ပင်မခန်းမဆောင်ဟာ ပရိသတ် ၂၁၄၃ ဦး ဆန့်ပြီး အနီးအနားမှာ အခြား ခန်းမများလည်း တည်ရှိကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးနဲ့ ခရီးစဉ်ဆိုင်ရာ ပြင်ဆင်မှုများကို အမေရိကန်အစိုးရက တာဝန်ယူထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အား တက်ရောက်လာသူများက မေးခွန်းများ မေးမြန်းတဲ့ အစီအစဉ်လည်း ပါဝင်မှာ ဖြစ်ကြောင်း၊ မေးမြန်းလိုတဲ့ မေးခွန်းများ ရေးသားရန် စာရွက်များ ကြိုတင် ဝေငှမှာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရွေးချယ်ကာ ပြန်လည် ဖြေကြားမှာ ဖြစ်ကြောင်း ပွဲစီစဉ်သူများနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ပြောပြပါတယ်။

နယူးယောက်ဒေသတွင် နေထိုင်နေကြတဲ့ မြန်မာတိုင်းရင်းသားများအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာမိသားစုများ တွေ့ဆုံပွဲ ကျင်းပနိုင်ရန်အတွက် အစည်းအဝေး ငါးကြိမ် ကျင်းပပြီး ဖြစ်ကြောင်း၊ များသောအားဖြင့် စနေနေ့များတွင် ညနေ ၄ နာရီမှ ၆ နာရီအထိ 39 Eldridge St, 4th Floor, NY 10002 တွင် ဆွေးနွေးလေ့ရှိကြောင်း၊ စက်တင်ဘာလ ၈ ရက် (စနေနေ့) တွင်လည်း ထပ်မံ အစည်းအဝေး ကျင်းပရန် ရှိကြောင်း သိရပါတယ်။

နယူးယောက်တွင် ကျင်းပမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာမိသားစုများ တွေ့ဆုံပွဲ ကိစ္စများနဲ့ စပ်လျဉ်းပြီး ကိုအောင်ကြီးလွင် (၆၄၆ ၆၇၈ ၂၇၄၉) ၊ ကိုမြင့်လှိုင် (၉၁၇ ၉၇၅ ၂၃၄၉) ၊ ဦးခိုင်အောင်ကျော် (၃၄၇ ၃၂၉ ၀၆၁၇) ၊ မဝေေ၀နိုင် (၉၁၇ ၃၆၃ ၆၈၈၂) ၊ ကိုနေတင်မြင့် (၃၄၇ ၉၄၄ ၇၃၄၁) တို့ထံ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိပါတယ်။
သတင်း - နယူးယောက် ဒေါ်အောင်ဆန်းစုကြည် မြန်မာမိသားစု - Aug 28 2012 01:00 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005