အမေရိကန် ဘတ်စကက်ဘောသမားနဲ့ နည်းပြတွေ မြန်မာပြည် ရောက်

nba.com

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ အမေရိကန်နိုင်ငံက ဘတ်စကက်ဘောသမားနဲ့ နည်းပြတွေ လွန်ခဲ့တဲ့ စနေ၊ တနင်္ဂနွေနေ့များက ရန်ကုန်မြို့ကို ဆိုက်ရောက်ခဲ့ကြပါတယ်။ ထို အဖွဲ့တွင် မြန်မာနိုင်ငံတွင် မွေးဖွားပြီး အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သူ ရစ်ချတ် ချို (Richard Cho) ၊ လော့စ် အိန်ဂျလိစ် လိပ်ကာစ် (Los Angeles Lakers) အသင်း လက်ထောက်နည်းပြ ဒါဗင် ဟမ်(မ်) (Darvin Ham) ၊ အမေရိကန် အမျိုးသမီး ဘတ်စကက်ဘောအသင်း ကစားသမားဟောင်း အယ်လီစန် ဖီစ်တာ (Allison Feaster) နဲ့ အဲန်ဘီအေ ကစားသမားဟောင်း မာတီ ကွန်လွန် (Marty Conlon) တို့ ပါဝင်ပါတယ်။

အမေရိကန် ဘတ်စကက်ဘောအဖွဲ့အနေနဲ့ သြဂုတ် ၃၁ ရက် (သောကြာနေ့) တွင် မြန်မာပြည်က ပြန်လည် ထွက်ခွာမှာ ဖြစ်ပြီး မြန်မာပြည်၌ နေထိုင်စဉ်အတွင်း မြန်မာလူငယ်များနဲ့ အားကစားဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရန် စီစဉ်ထားပါတယ်။

ဘတ်စကက်ဘော ကစားနည်းဟာ မြန်မာနိုင်ငံတွင် လူစိတ်ဝင်စားမှု အများဆုံး ရရှိတဲ့ အားကစားနည်း မဟုတ်သော်လည်း အမေရိကန်ပြည်ထောင်စုမှာတော့ အများ စိတ်ဝင်စားကြတဲ့ အားကစားနည်းတမျိုး ဖြစ်ပါတယ်။ လက်ထောက်နည်းပြ ဒါဗင် ဟမ်(မ်) (Darvin Ham) ရဲ့ လော့စ် အိန်ဂျလိစ် လိပ်ကာစ် (Los Angeles Lakers) အသင်းဟာ အမေရိကန်ပြည်ထောင်စု အနောက်ဖက်ခြမ်းရဲ့ ထိပ်တန်း ဘက်စကက်ဘောအသင်း ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်အစိုးရ အာဏာရလာတဲ့နောက်ပိုင်း အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာအစိုးရတို့ ဆက်ဆံမှု ပိုမို နီးကပ်လာခဲ့ပြီး နောက်ပိုင်းမှာ အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံတို့ သံတမန်အဆင့် ဆက်ဆံရေးကို ပြန်လည် ထူထောင်လာနိုင်ခဲ့ပါတယ်။ ထို့အပြင် မြန်မာပြည် ပြုပြင်ပြောင်းလဲရေးအတွက် အမေရိကန်ရဲ့ ကူညီမှုတွေလည်း ပိုမို များပြားလာခဲ့ပါတယ်။

ဦးသိန်းစိန်အစိုးရအနေနဲ့ ပြုပြင် ပြောင်းလဲမှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ပြီးနောက် အမေရိကန်နဲ့ အနောက်နိုင်ငံ အသိုင်းအ၀ိုင်းက စီးပွားရေး ပိတ်ဆို့မှု ရပ်တန့်တာတွေ ဆောင်ရွက်ခဲ့ပြီး စစ်အာဏာရှင်တွေ နှစ်ရှည်လများ အုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံ ခေတ်မီ ဖွံ့ဖြိုးရေးအတွက် အကူအညီမျိုးစုံကို နည်းလမ်းများစွာနဲ့ ပေးအပ်ခဲ့ကြပါတယ်။
သတင်း - အမေရိကန် ဘတ်စကက်ဘောသမား နည်းပြ မြန်မာ - Aug 27 2012 07:13 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005