နယူးယောက်တွင် ကျင်းပခဲ့တဲ့ မြန်မာအနုပညာရှင်များရဲ့ အငြိမ့်သဘင် ဖျော်ဖြေပွဲ

Big Apple Burmese (BAB) အဖွဲ့ရဲ့ ရယ်မော ပျော်ရွှင် အငြိမ့်သဘင် ဖျော်ဖြေပွဲကို သြဂုတ် ၂၅ ရက်နေ့ ညနေပိုင်းက အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကွင်းစ်အရပ်ရှိ LaGuardia Community College ဖျော်ဖြေပွဲခန်းမတွင် ကျင်းပခဲ့ပါတယ်။ ရယ်မော ပျော်ရွှင် အငြိမ့်သဘင် ဖျော်ဖြေပွဲမှာ ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်း၊ အဆိုတော် သရုပ်ဆောင် ထွန်းထွန်း (Examplez) နဲ့ မိုးမိုး၊ သရုပ်ဆောင် မေကဗျာနဲ့ ဆုပန်ထွာ၊ တေးသံရှင် နီနီဝင်းရွှေတို့ ပါဝင် ဖျော်ဖြေခဲ့ကြပါတယ်။

ထို ဖျော်ဖြေပွဲတွင် အထူးအစီအစဉ်အနေနဲ့ ထွန်းထွန်း (Examplez) က ဇာတ်မင်းသားအဖြစ် ဖျော်ဖြေခြင်း၊ တင်မောင်ဆန်းမင်းဝင်း၊ ထွန်းထွန်း (Examplez) နဲ့ မိုးမိုးတို့ရဲ့ Unplugged တီးခတ် ဖျော်ဖြေမှု၊ နယူးယောက်ဒေသခံများ ပါဝင်တဲ့ နှစ်ပါးခွင် စသည်ဖြင့် တင်ဆက်ခဲ့ကြပါတယ်။ ဂီတမှူးအဖြစ် စန္ဒရားအောင်ဝင်း တာဝန်ယူပြီး တင်ကိုလတ်က Percussion တီးခတ်ပြီး အားဖြည့်ခဲ့ပါတယ်။

ညနေ ၆ နာရီခွဲခန့်မှ ည ၁၁ နာရီအထိ တင်ဆက်ခဲ့တဲ့ ဖျော်ဖြေပွဲကို ပရိသတ် ၂၅၀ - ၃၀၀ ခန့် တက်ရောက်ခဲ့ပြီး ထွန်းထွန်း (Examplez) က ဇာတ်မင်းသားအဖြစ် ကပြမှု၊ တင်မောင်ဆန်းမင်းဝင်း၊ ထွန်းထွန်း (Examplez) နဲ့ မိုးမိုးတို့ရဲ့ Unplugged တီးခတ် ဖျော်ဖြေမှုတို့ကို ပရိသတ်များ အထူး နှစ်ခြိုက်ခဲ့ကြပါတယ်။ ထို့အပြင် မိုးမိုးက သင်္ကြန်မိုးသီချင်းကို ပရိသတ်အချို့ရဲ့ ကပြမှုနဲ့အတူ ဖျော်ဖြေခဲ့ပါတယ်။ ပါဝင်ကပြခဲ့တဲ့ ဒေသခံ မင်းသမီးတဦးက “၂ ရက်သာ အကတိုက်ခဲ့ကြကြောင်း၊ ပါဝင် ဖျော်ဖြေခဲ့ရမှုအတွက် ၀မ်းသာ ပျော်ရွှင်ရကြောင်း“ အလွတ်သဘော ပြောပြခဲ့ပါတယ်။ ဖျော်ဖြေပွဲအပြီးမှာ ပွဲစီစဉ်သူများက မြန်မာပြည်က ကလေးများအား ထောက်ပံ့မှုတွေ ပြုလုပ်နေတဲ့ 3M အဖွဲ့ကို အလှူငွေ ပေးအပ်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ တင်မောင်ဆန်းမင်းဝင်း၊ မေကဗျာ၊ ထွန်းထွန်း (Examplez) နဲ့ မိုးမိုးတို့အဖွဲ့ဟာ နယူးယောက်ပွဲနောက်ပိုင်း နယူးယောက်ပြည်နယ်မြို့တော် အယ်လ်ဘာနီနဲ့ တက္ကဆက်ပြည်နယ်များတွင် ဖျော်ဖြေမှာ ဖြစ်ကာ စက်တင်ဘာ ၁၁ ရက်နေ့ခန့်တွင် မြန်မာပြည်ကို ပြန်လည် ထွက်ခွာနိုင်ကြောင်း သတင်းရရှိပါတယ်။

နယူးယောက်တွင် ကျင်းပတဲ့ မြန်မာအနုပညာရှင်များရဲ့ အငြိမ့်သဘင် ဖျော်ဖြေပွဲ ဓါတ်ပုံများ

သတင်း - ရယ်မော ပျော်ရွှင် အငြိမ့်သဘင် - Aug 27 2012 05:59 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005