ဆည်ပိတ်ဆို့မှုကြောင့် လယ်ယာမြေ ဧက ၅၀၀ ကျော် ရေနစ်မြုပ်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်နဲ့ ဇလွန်မြို့နယ်စပ်ရှိ တံခွန်တိုင်အုပ်စု၊ ဆင်လူးနဲ့ တံခွန်တိုင်ဈေးကြားရှိ ကပဲ့ပုလဲဆည်ဟာ အချိန်အခါမဟုတ်၊ ငါးဖမ်းရာသီ မရောက်ခင် ပိတ်ဆို့နေတဲ့အတွက် လယ်ယာမြေဧက ၅၀၀ ကျော် ရေနစ်မြုပ်နေကြောင်း၊ နှစ်စဉ်နှစ်တိုင်းလည်း ထိုသို့ ရေနစ်မြုပ်ကြောင်း ဒေသခံတောင်သူများက မွေးမြူရေးနဲ့ ရေလုပ်ငန်း ပြည်ထောင်စုဝန်ကြီးထံ ၂၀၁၂ သြဂုတ် ၉ ရက်နေ့က စာရေးသား ပေးပို့ခဲ့ကြောင်း သတင်းရရှိပါတယ်။
ထိုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဒေသခံ တောင်သူတဦးက “မူလတုန်းက ဒီ ရိုးတွေဟာ စားကျက်ရိုးတွေ ဖြစ်ခဲ့တယ်။ ဟိုတုန်းကဆိုရင် မြက်တွေလည်း စိုက်ခဲ့တယ်။ နောက်တခါ နွားသောက်ရေကန်တွေလည်း တူးခဲ့ကြတယ်။ နီးစပ်ရာ ကျေးရွာလူထုတွေကလည်း ရေသုံး၊ နွား မြက်ရိတ်နဲ့ အသုံးပြုခဲ့ကြတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်ကနေပြီး ဦးမြင့်ဦးနဲ့ ဦးလှသောင်းဆိုတဲ့ လူက ပုဂ္ဂလိက စီးပွားရေးအတွက် သူတို့ အသုံးပြုခဲ့ကြတယ်။ ဒါ့ကြောင့် ကျေးရွာလူထု ဆုံးရှုံးခဲ့ရတယ်။ နစ်နာမှုကို မခံနိုင်တော့ ၉ ရက်၊ ၇ လ၊ ၂၀၁၂ ခုနှစ်မှာ မြို့နယ် ထွေ/အုပ်ကို တိုင်စာတွေ ပို့ခဲ့တယ်။ ၂၀ ရက်၊ ၇ လ၊ ၂၀၁၂ ခုနှစ်မှာ အဖွဲ့တွေ ဖွဲ့ပြီး ကျေးရွာကို လာ စစ်ခဲ့တယ်။ စစ်ဆေးပြီးတော့ အခုအချိန်အထိ ဆုံးဖြတ်ခြင်း၊ အရေးယူခြင်း မရှိသေးဘူး။ ပြည်သူလူထုရဲ့ ဆုံးရှုံးမှုကို သိစေချင်လို့ မီဒီယာကနေ တင်ပြခြင်း ဖြစ်ပါတယ်။“ လို့ ပြောပြပါတယ်။
ထိုသတင်းနဲ့ ဆက်စပ် ပေးပို့လိုက်တဲ့ ဓါတ်ပုံများအရ ခါးတ၀က်ခန့်အထိ လယ်ယာမြေများ ရေနစ်မြုပ်နေတာကို တွေ့ရပါတယ်။ လယ်ဧက ၃၀ နဲ့ လုပ်ကိုင်စားသောက်နေတဲ့ တောင်သူတဦးကလည်း “ကျွန်တော်သည် လယ်ဧက ၃၀ လုပ်ပါတယ်။ ဧက ၃၀ အနက် ၁၀ ဧကလောက်ပဲ ကျန်ပါတယ်။ ကျန်ဧက ၂၀ ကျော်သည် ရေနစ်မြုပ်နေပါတယ်။ ကျွန်တော်တို့သည် ပထမ ၀ါဆို ၂ ရက်နေ့က စ စိုက်ပါတယ်။ ပျက်စီးပါတယ်။ နောက်တခါ ပြန် စိုက်တယ်။ ပြန် မြုပ်ပါတယ်။ အခုတခါ သုံးခါမြောက် ဖြစ်နေတဲ့အတွက် လုပ်ကိုင်စားသောက်ဖို့ မလွယ်ပါဘူး။ ကုန်ကျစရိတ် တအား များပါတယ်။ ပဲ လုပ်ချိန်ကျတော့လည်း စိုက်တဲ့အခါ ပဲလည်း မမှီတော့ဘူး။ မနှစ်ကလည်း တော်တော် နစ်နာတယ်။ ဒီနှစ်လည်း ပို နစ်တဲ့အတွက်ကြောင့် တိုင်ကြားရခြင်း၊ ပြောကြားရခြင်း ဖြစ်ပါတယ် ခင်ဗျာ။“ လို့ ကြုံတွေ့ရတဲ့ အခြေအနေကို ရှင်းပြပါတယ်။
အာဏာပိုင်များထံ ပေးပို့ထားတဲ့ စာကို လယ်သမား ၆၀ ကျော် ၀ိုင်းဝန်း လက်မှတ်ရေးထိုးထားပြီး တိုင်း၊ ခရိုင်နဲ့ ပြည်ထောင်စုအဆင့် အာဏာပိုင်များထံ ပေးပို့ထားကြောင်း သိရပါတယ်။
သတင်း - ဆည်ပိတ်ဆို့မှု လယ်ယာမြေ ဧက ၅၀၀ ကျော် ရေနစ်မြုပ် - Aug 24 2012 09:38 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012