မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ တောင်ကိုရီးယားနိုင်ငံ ခရီးစဉ် အောင်မြင်စွာ ပြီးဆုံး

တောင်ကိုရီးယားနိုင်ငံကို ၂၀၁၂ စက်တင်ဘာ ၁၀ ရက်နေ့က ရောက်ရှိခဲ့တဲ့ စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ဟာ စက်တင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းက လေကြောင်းခရီးနဲ့ တောင်ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။ ကိုရီးယား ကဗျာဆရာများအဖွဲ့က စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) အား သြဂုတ် ၁၁ ရက်နဲ့ ၁၂ ရက်နေ့များက ကျင်းပခဲ့တဲ့ မာန်ဟဲ နှစ်ပတ်လည် စာပေဟောပြောပွဲ တက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်း ဖြစ်ပါတယ်။

မောင်စိန်ဝင်း (ပုတီးကုန်း) ဟာ ထို ခရီးစဉ်အတွင်း သြဂုတ် ၁၈ ရက်နေ့ ညပိုင်းက ဂယောင်ဂီပြည်နယ် ဂွာန်ဂျူမြို့ရှိ မြန်မာနိုင်ငံသားများနဲ့ တွေ့ဆုံကာ စာပေဆွေးနွေးပွဲတခု ပြုလုပ်ခဲ့သလို သြဂုတ် ၁၉ ရက် (တနင်္ဂနွေနေ့) နေ့လည် ၁ နာရီက ပူချွန်း နိုင်ငံခြားသားရိပ်သာ၊ မြန်မာအသင်း (ကိုရီးယား) ခန်းမဆောင်တွင် ထာဝရ ကဗျာ၊ စာပေ ကဗျာ ဟောပြောပွဲ ကျင်းပခဲ့ပါတယ်။

စာပေဟောပြောပွဲမှာ ကဗျာချစ်သူများက မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ကဗျာများကို ရွတ်ဆိုပြီး ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) က ထာဝရကဗျာ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါတယ်။ ဟောပြောပွဲ မစတင်မီနဲ့ ကျင်းပ ပြီးစီးသွားတဲ့အချိန်များတွင် စာပေချစ်သူများက မောင်စိန်ဝင်း (ပုတီးကုန်း) နဲ့ အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသလို မောင်စိန်ဝင်း (ပုတီးကုန်း) ကလည်း သူ့စာအုပ်များတွင် အမှတ်တရ လက်မှတ်များ ရေးထိုးပေးခဲ့ပါတယ်။ စာပေဟောပြောပွဲ တက်ရောက်လာသော ပရိသတ်များရဲ့ လက်ခုပ်သံများဟာ ခန်းမအတွင်း ကွဲလုမတတ် လွမ်းမိုးသွားခဲ့ကြောင်း၊ တက်ရောက်လာသူများရော၊ ဟောပြောသူပါ နှစ်ထောင်အားရ ပျော်ရွှင်စွာဖြင့် တောင်ကိုရီးယား စာပေ ဟောပြောပွဲကို အောင်မြင်စွာ ရုပ်သိမ်းနိုင်ခဲ့ကြောင်း သိရှိရပါတယ်။

စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ဟာ သြဂုတ် ၂၀ ရက်နေ့ ညနေပိုင်းက ကိုရီးယား ကဗျာဆရာများနဲ့ တွေ့ဆုံပြီး မြန်မာ့ စာပေအကြောင်းများကိုလည်း ဆွေးနွေးခဲ့ပြီးနောက် စက်တင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းက လေကြောင်းခရီးနဲ့ မြန်မာနိုင်ငံကို ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။
သတင်း - မောင်စိန်ဝင်း (ပုတီးကုန်း) တောင်ကိုရီးယား - Aug 23 2012 05:02 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005