ရခိုင်တော်လှန်ရေးသမား ကိုမင်းသာထွန်း နယူးဒေလီတွင် ကွယ်လွန်
Rakhine Activist Minn Thar Htun Pass Away in New Delhi

အိန္ဒိယအကျဉ်းထောင်တွင် နှစ်ရှည်လများ အကျဉ်းကျခဲ့ပြီး ၂၀၁၁ မေလက ပြန်လည် လွတ်မြောက်လာတဲ့ ရခိုင်တော်လှန်ရေးသမားများထဲက တဦးဖြစ်သူ အသက် ၃၇ နှစ် အရွယ်ရှိ ကိုမင်းသာထွန်းဟာ ဖေဖော်ဝါရီ ၂၃ ရက်နေ့ ည ၁၁ နာရီ မိနစ် ၅၀ က နှလုံးရောဂါနဲ့ နယူးဒေလီမြို့တွင် ကွယ်လွန်သွားခဲ့ပါတယ်။ ကိုမင်းသာထွန်းဟာ ရခိုင် အမျိုးသား ညီညွတ်ရေးပါတီဝင် ဒု ဗိုလ် တဦးဖြစ်ပြီး မြန်မာစစ်အစိုးရအား လက်နက်ကိုင်တော်လှန်ရန်အတွက် အိန္ဒိယနိုင်ငံပိုင် အန္ဒမာန်ကျွန်းစုရှိ လန်းဖောကျွန်းတွင် ဖမ်းဆီးခံရတဲ့ ရခိုင် အမျိုးသား ညီညွတ်ရေးပါတီနဲ့ ကရင်အမျိုးသား အစည်းအရုံးဝင် ရဲဘော် ၃၆ ဦးအနက် တဦး ဖြစ်ပါတယ်။ ထို တော်လှန်ရေးသမားများဟာ အိန္ဒိယအကျဉ်းထောင်တွင် ၁၃ နှစ်ကြာ ဖမ်းဆီးခံရပြီး ၂၀၁၁ မေလက ပြန်လည် လွတ်မြောက်လာခဲ့ကာ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် နေထိုင်လျက်ရှိပြီး နယ်သာလန်နိုင်ငံသို့ ဒုက္ခသည်အဖြစ် သွားရောက်နိုင်ရန် စောင့်ဆိုင်းနေကြစဉ် ကိုမင်းသာထွန်း ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပါတယ်။ ကိုမင်းသာထွန်း ဈာပနအခမ်းအနားကို ၂၀၁၂ ဖေဖော်ဝါရီ ၂၄ ရက်နေ့ နေ့လည် ၂ နာရီက နယူးဒေလီမြို့ မြန်မာရိပ်သာခန်းမတွင် ပြုလုပ်ခဲ့ရာ ပရိသတ် တရာကျော် တက်ရောက်ခဲ့ကြောင်း၊ ကိုမင်းသာထွန်းရဲ့ ရုပ်ကလာပ်ကို ထိုနေ့ ညနေ ၃ နာရီက မီးသဂြိုံဟ်ခဲ့ကြောင်း သိရပါတယ်။
Rakhine Activist Minn Thar Htun Pass Away in New Delhi

Rakhine Activist Minn Thar Htun Pass Away in New Delhi

Rakhine Activist Minn Thar Htun Pass Away in New Delhi

Rakhine Activist Minn Thar Htun Pass Away in New Delhi

Rakhine Activist Minn Thar Htun Pass Away in New Delhi

Rakhine Activist Minn Thar Htun Pass Away in New Delhi

ဓါတ်ပုံသတင်း - ရခိုင် တော်လှန်ရေးသမား ကိုမင်းသာထွန်း - Feb 27 2012 11:39 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005