နယူးယောက်မြို့က ပွဲများ၊ အခမ်းအနားများ သတင်း

ယနေ့မြန်မာ အင်တာနက်စာမျက်နှာ ရန်ပုံငွေအတွက် Burma Today ဈေးရောင်းပွဲကို ၂၀၁၂ သြဂုတ် ၁၉ ရက် (တနင်္ဂနွေနေ့) ၊ နေ့လည် ၁၂ နာရီမှ ညနေ ၄ နာရီအထိ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ 67-01 110th street, Queens, NY 11375 ရှိ Forest Hills High School တွင် ကျင်းပမှာ ဖြစ်ပါတယ်။ ထို ဈေးရောင်းပွဲတွင် ငွေကြေးဆိုင်ရာ ဆွေးနွေးပွဲ၊ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များ၊ အဆိုအက ဖျော်ဖြေမှု၊ ပန်းချီ ဓါတ်ပုံပြပွဲ၊ ကံစမ်းမဲ အစီအစဉ်များ ပါဝင်မှာ ဖြစ်ပါတယ်။ ထို့အပြင် မြန်မာအနုပညာရှင်များဖြစ်ကြတဲ့ တင်မောင်ဆန်းမင်းဝင်း၊ မေကဗျာ၊ ထွန်းထွန်း (Examplez) နဲ့ မိုးမိုးတို့ လာရောက်ကာ နယူးယောက် မြန်မာအသိုင်းအ၀ိုင်းနဲ့ တရင်းတနှီး တွေ့ဆုံရန် စီစဉ်ထားပါတယ်။

BAB အဖွဲ့ရဲ့ ရယ်မောပျော်ရွှင် BAB အငြိမ့်သဘင်ပွဲကို နယူးယောက်မြို့ 31-10 Thomson Avenue, Long Island City, New York 11101 ရှိ Laguardia Performing Arts Center တွင် ၂၀၁၂ သြဂုတ် ၂၅ ရက်နေ့ ညနေ ၅ နာရီမှ ၁၀ နာရီအထိ ကျင်းပမှာ ဖြစ်ပါတယ်။ ထို အငြိမ့်ပွဲတွင် ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်း၊ ရုပ်ရှင်မင်းသမီး မေကဗျာ၊ အဆိုတော် ထွန်းထွန်း (Examplez) နဲ့ မိုးမိုးတို့ ပါဝင်မှာဖြစ်ပြီး ဂီတမှူးအဖြစ် စန္ဒယားအောင်ဝင်းနဲ့ အဆိုတော် နီနီဝင်းရွှေတို့နဲ့ အားဖြည့်ထားပါတယ်။

The Myanmar American Medical Education Society, Inc ရဲ့ အခမဲ့ ကျန်းမာရေး စစ်ဆေးခြင်း အစီအစဉ်ကို ၂၀၁၂ သြဂုတ် ၂၆ ရက်နေ့တွင် 619, Bergen Street, Brooklyn, NY 11238 ရှိ လောကချမ်းသာကျောင်း၌ ကျင်းပမှာ ဖြစ်ပါတယ်။ ထို အစီအစဉ်တွင် မြန်မာ အမေရိကန် ဆေးပညာအသင်းဝင် ဆရာဝန်များက သွေးတိုး၊ ဆီးချို၊ သွေးအဆီဓါတ် ရောဂါ၊ အသဲရောင် ရောဂါ ရှိ/မရှိ စစ်ဆေးခြင်း၊ အခမဲ့ ရင်သား ဓါတ်မှန်ရိုက်ခြင်း၊ ကျန်းမာရေးအာမခံအတွက် လမ်းညွှန်ခြင်းများကို နံနက် ၉ နာရီမှ နေ့လည် ၂ နာရီအထိ အခမဲ့ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ကြွရောက်လာသူများကို နေ့လည်စာနဲ့ တည်ခင်း ဧည့်ခံရန် စီစဉ်ထားပြီး ရင်သားဓါတ်မှန် ရိုက်လိုသူများ အသက် ၄၀ နဲ့အထက် အမျိုးသမီးများအနေနဲ့ 1 800 564 6868 သို့ တယ်လီဖုန်းဆက်ကာ ကြိုတင် စာရင်းပေးသွင်းရန် လိုအပ်ကြောင်း သိရပါတယ်။

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ရွှေည၀ါဆရာတော်ရဲ့ နယူးယောက်တရားပွဲကို ၂၀၁၂ စက်တင်ဘာ ၁ ရက်နေ့ ညနေ ၅ နာရီခွဲတွင် 4145, 73rd Street, Woodside, NY 11377 ရှိ ၀င်းရွှေဝါခန်းမ၌ ကျင်းပမှာ ဖြစ်ပါတယ်။ ထို တရားပွဲနဲ့ ပတ်သက်ပြီး ကိုရဲထွဋ် (၃၄၇ ၂၂၆ ၀၅၇၂) နဲ့ ကိုမိုးချမ်း (၆၄၆ ၆၄၃ ၈၆၈၉) တို့ကို ဆက်သွယ်နိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နယူးယောက်မြန်မာမိသားစုများ တွေ့ဆုံပွဲကို ၂၀၁၂ စက်တင်ဘာ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခွဲမှ နေ့လည် ၁၂ နာရီအထိ ကျင်းပရန် ပြင်ဆင်နေပါတယ်။ ထို တွေ့ဆုံပွဲ ကျင်းပရန် အကြို ညှိနှိုင်း စည်းဝေးပွဲကို ဇူလိုင် ၂၈ ရက်၊ သြဂုတ် ၅ ရက်နဲ့ သြဂုတ် ၁၀ ရက်နေ့များတွင် ကျင်းပခဲ့ပါတယ်။ အကြို ညှိနှိုင်း စည်းဝေးပွဲများကို အပတ်စဉ် စနေနေ့တိုင်း 39 Eldridge Street, 4th floor, NY 10002 တွင် ပြုလုပ်နေကြောင်း၊ စိတ်ပါဝင်စားသူများ လာရောက် ဆွေးနွေး အကြံပြု လုပ်ဆောင်ကြရန် ဖိတ်ကြားထားကြောင်း သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နယူးယောက်မြန်မာမိသားစုများ တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး မဝေေ၀နိုင် (၉၁၇ ၃၆၃ ၆၈၈၂) ၊ ကိုနေတင်မြင့် (၃၄၇ ၉၄၄ ၇၃၄၁) ၊ ဦးခိုင်အောင်ကျော် (၃၄၇ ၃၂၉ ၀၆၁၇) ၊ ကိုမြင့်လှိုင် (၉၁၇ ၉၇၅ ၂၃၄၉) ၊ ကိုအောင်ကြီးလွင် (၆၄၆ ၆၇၈ ၂၇၄၉) တို့ကို ဆက်သွယ်နိုင်ကြောင်း သတင်းရရှိပါတယ်။

လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်းနဲ့ ဒီလွန်းတို့ ပါဝင်တဲ့ အိုင်းရင်းခရော့ခ် တေးဂီတအဖွဲ့ရဲ့ နယူးယောက် ဖျော်ဖြေပွဲကို ၂၀၁၂ စက်တင်ဘာ ၂၂ ရက်နေ့ ညနေ ၆ နာရီတွင် 199 Chambers Street NY NY 10007 တွင် ကျင်းပမှာ ဖြစ်ပါတယ်။

သြဂုတ် ၂၅ ရက်နေ့တွင် ကျင်းပမယ့် အငြိမ့်ပွဲနဲ့ စက်တင်ဘာ ၂၂ ရက်နေ့တွင် ကျင်းပမယ့် အိုင်းရင်းခရော့ခ် တေးဂီတပွဲ လက်မှတ်များကို သြဂုတ် ၁၉ ရက်နေ့၌ ကျင်းပမယ့် Burma Today ဈေးရောင်းပွဲတွင် ၀ယ်ယူနိုင်ကြောင်း သတင်းရရှိပါတယ်။
သတင်း - နယူးယောက်မြို့ ပွဲများ၊ အခမ်းအနားများ သတင်း - Aug 17 2012 12:18 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005