ပြည်မြို့က လျှပ်စစ်မီးကိစ္စ ဆန္ဒပြနေသူများနဲ့ ပဲခူးတိုင်းဝန်ကြီးတို့ တွေ့ဆုံ

ဆန္ဒပြပွဲ ပြုလုပ်စဉ်က ရဲများနဲ့ ထိပ်တိုက် တွေ့ခဲ့ကြပုံ

ပြည်မြို့တွင် လျှပ်စစ်မီး ရရှိရေး ဆန္ဒပြခဲ့ပြီး ပြည်ထောင်သို့ ခေါ်ဆောင်သွားခဲ့သူများနဲ့ ပဲခူးတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်း၊ ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်၊ အမျိုးသား လွှတ်တော်အမတ် ဦးအောင်ချိုတို့ ၂၀၁၂ မေ ၂၉ ရက်နေ့ မနက် ၁၀ နာရီ ၄၅ မိနစ်က တွေ့ဆုံခဲ့ကြကြောင်း သတင်းရရှိပါတယ်။

ထို တွေ့ဆုံမှုတွင် သက်ဆိုင်ရာ တာဝန်ရှိသူများဘက်က မိတ်ဆွေအဖြစ် လာရောက် တွေ့ဆုံတာ ဖြစ်ကြောင်း၊ နောက်နောင် ပြဿနာရှိပါက ဆက်သွယ်နိုင်ကြောင်း၊ လိုအပ်တာတွေ ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဆန္ဒပြသူများဘက်က လူ့အခွင့်အရေး လှုပ်ရှားသူ ကိုဇော်ထွန်း၊ ရှေ့နေ ဦးမြင့်အေးနဲ့ အခြားပုဂ္ဂိုလ် နှစ်ဦးတို့ ပါဝင်ဆွေးနွေးခဲ့ကြောင်း၊ ကလေးစစ်သားကိစ္စနဲ့ လယ်ယာမြေ ပြဿနာများဆိုင်ရာများ ပြန်လည် ဆွေးနွေးခဲ့ကြောင်း တွေ့ဆုံပွဲ တက်ရောက်ခဲ့သူများက ယနေ့မြန်မာကို ပြောပြပါတယ်။

ပြည်မြို့တွင် ၂၀၁၂ မေ ၂၄ ရက်နေ့က လျှပ်စစ်မီးကိစ္စနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ရာ လမ်းမတော်လမ်း၊ ဗဟိုမီးသတ်ရှေ့တွင် ဒိုင်းနဲ့ တုတ်များ ကိုင်ဆောင်ထားတဲ့ လုံခြုံရေးတပ်သား ၁၀၀ လောက်က ပိတ်ဆို့ခဲ့ပြီး နံပတ်တုတ်နဲ့ ရိုက်နှက် ဖမ်းဆီးမှု ပြုလုပ်ခဲ့ရာ ဒဏ်ရာ ရရှိမှုများ ရှိခဲ့ပါတယ်။ ထို့နောက် ဆန္ဒပြသူများအား ပြည်ထောင်သို့ ခေါ်ဆောင်သွားခဲ့ပြီး ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ခဲ့ကာ ပြန်လွှတ်ပေးခဲ့ပါတယ်။

ဆန္ဒပြသူများအား သက်ဆိုင်ရာ ရဲတပ်ဖွဲ့က တရားစွဲဆိုထားတယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်လာခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များရဲ့ ရိုက်နှက်မှု ခံခဲ့ရသူများကလည်း မေ ၂၅ ရက်နေ့က ပြည်မြို့ အမှတ် ၁ ရဲစခန်းကို သွားရောက် အမှုဖွင့်ခဲ့ပါတယ်။ ထိုသို့ အမှုဖွင့် တိုင်ကြားရာ စခန်းမှူးက စာလက်ခံ ရယူကာ မြို့နယ် ရဲတပ်ဖွဲ့မှူးထံ ပေးပို့သော်လည်း အမှုကို လက်မခံခဲ့ဘဲ တရားရုံးကို ဦးတိုက် လျှောက်ထားဖို့ အကြံပြုခဲ့ပါတယ်။

လက်ရှိ အခြေအနေတွင် လျှပ်စစ်မီး မရရှိမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအနှံ့၌ ဆန္ဒပြပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လျက်ရှိရာ မန္တလေးမြို့က ဆန္ဒပြသူခေါင်းဆောင်လို့ ယူဆသူများကို အာဏာပိုင်များက ခေတ္တ ခေါ်ယူ စစ်ဆေးခဲ့သလို ပြည်မြို့တွင် အကြမ်းဖက် ဖမ်းဆီးမှု ပြုလုပ်ခဲ့ပါတယ်။

ပြည်မြို့ လျှပ်စစ်မီးကိစ္စ ဆန္ဒပြမှုကို ရပ်တန့်အောင် အစောပိုင်းက အကြမ်းဖက်နည်းလမ်းများကို အသုံးပြုခဲ့သော်လည်း သက်ဆိုင်ရာ ၀န်ကြီး၊ လွှတ်တော်အမတ်များက ဦးဆောင် ဆန္ဒပြသူများနဲ့ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဟာ လက်ရှိအစိုးရလက်ထက် ပြုပြင်ပြောင်းလဲရေး မူဝါဒများကြောင့် ဖြစ်ဟန်တူကြောင်း၊ အဆင့်တိုင်းတွင် ထိုသို့ ဆွေးနွေးမှုများ ပြုလုပ်ကြပြီး ညှိနှိုင်း အဖြေရှာကြမယ်ဆိုရင် မြန်မာပြည် သာယာငြိမ်းချမ်းလာနိုင်ကြောင်း လေ့လာသူများက သုံးသပ်ကြပါတယ်။
သတင်း - ပြည်မြို့က လျှပ်စစ်မီးကိစ္စ ဆန္ဒပြနေသူများ ပဲခူးတိုင်းဝန်ကြီး တွေ့ဆုံ မြင့်လှိုင် - May 30 2012 11:44 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005