ရန်ကုန်မြို့၊ ဆူးလေဘုရားဝန်းကျင်က ဖယောင်းတိုင်ထွန်း ဆန္ဒပြပွဲ (မေ ၂၈ ရက်၊ ၂၀၁၂)

လျှပ်စစ်မီး ပုံမှန် ရရှိရေးအတွက် ရန်ကုန်မြို့ ဆူးလေဘုရားအနီးတွင် ဖယောင်တိုင်မီးနဲ့ ဆန္ဒပြနေကြသူများဟာ ၂၀၁၂ မေ ၂၈ ရက်နေ့က ၆ ရက်မြောက်နေ့အဖြစ် ဆန္ဒပြခဲ့ကြပြီးနောက် သူတို့ရဲ့ ဆန္ဒပြပွဲ ပုံသဏ္ဍာန်ကို ပြောင်းလဲဖို့ ကြိုးစားလိုက်ကြပါတယ်။ ဖယောင်းတိုင်ထွန်း ဆန္ဒပြပွဲတွေနဲ့ အဆက်အစပ်ရှိသူ တဦးက “၆ ရက်မြောက်နေ့မှာ ခြေတလှမ်း ပြင်လိုက်ပြီး အစိုးရကို အချိန် တပတ် ပေးလိုက်ပါတယ်။ တပတ်တိတိ နားပြီး ရပ်ကွက်အတွင်းရှိ ဖယောင်းတိုင်စစ်သည်တွေကို စည်းရုံးရေးဆင်းပါမယ်။ ဇွန်လ ၃ ရက်နေ့မှ သူတို့ ပြောထားသလို ဖြစ်မလာရင် အရှိန်အဟုန်ပြင်းပြင်းနဲ့ ဆက်လက် လှုပ်ရှား ဆောင်ရွက်မည် ဟု ရန်ကုန်ဖယောင်းတိုင်စစ်သည်များအား ဦးဆောင်သူများမှ ကြေငြာလိုက်ပါတယ်“ လို့ သူတို့ ပေးပို့တဲ့ အီးမေးလ်မှာ ရေးသားထားပါတယ်။

တကယ်တော့ လျှပ်စစ်မီး ပုံမှန် မရရှိခြင်းဟာ ကာလကြာရှည် ဖြစ်ပျက်နေတဲ့ နာတာရှည်ရောဂါ ဖြစ်တဲ့အတွက် ချက်ခြင်း လက်ငင်း ပြေလည်ဖို့တော့ မဖြစ်နိုင်ပါ။ ဆန္ဒပြတောင်းဆိုမှုကြောင့် ပြည်သူလူထုရဲ့ ဒုက္ခသုက္ခတွေကို အာဏာပိုင်တွေ သိရှိအောင် စွမ်းဆောင်နိုင်သော်လည်း အလွယ်တကူ ဖြေရှင်းလို့ မဖြစ်နိုင်သေးတဲ့ အခက်အခဲတွေအတွက် ဇွတ်တိုးပြီး တိုက်ပွဲ ဖော်ဖို့ ကြိုးစားမယ်ဆိုရင် ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါ့ကြောင့်မို့ တချို့ကိစ္စတွေမှာ စဉ်းစားချင့်ချိန် သုခမိန်ဆိုသလို အသိတရား လက်ကိုင်ထားပါမှ အဖြေမှန် ရရှိနိုင်ပါလိမ့်မယ်။

ဓါတ်ပုံသတင်း - ရန်ကုန်မြို့၊ ဆူးလေဘုရားဝန်းကျင် ဖယောင်းတိုင်ထွန်း ဆန္ဒပြပွဲ မေ ၂၈ ရက်၊ ၂၀၁၂ - May 29 2012 09:51 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005