ဝမ်းလျှောဝမ်းပျက်ရောဂါကြောင့် ဆေးရုံတက်နေကြရတဲ့ ဒဂုံတောင်က လေးဒေါင့်ကန်က ပြည်သူများ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD – BG) လူငယ်များဟာ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် လေးဒေါင့်ကန် စံပြရပ်ကွက်ရှိ ပခန်းပိုင်း၊ တောင်ဘက်ကမ်းပိုင်း၊ ဘောလုံးကွင်းပိုင်း၊ အောင်မင်္ဂလာပိုင်း၊ ဘူတာပိုင်း၊ ရွာလယ်ပိုင်းများတွင် ၀မ်းပျက်၊ ၀မ်းလျှောဖြစ်နေသော ဝေဒနာရှင်များရဲ့ နေအိမ်အသီးသီးသို့ မေ ၂၅ ရက်နေ့က သွားရောက်၍ ဓာတ်ဆားထုတ်များ၊ သောက်ရေသန့်များ၊ ဆပ်ပြာခဲများ၊ ဆေးဝါးများကို NLD - BG တာဝန်ခံ ဒါရိုက်တာ ကိုညီညီ၊ NLD - BG ကျန်းမာရေးတာဝန်ခံ ဒေါက်တာ ကျော်စွာဦးနဲ့ NLD - BG လူငယ်များ၊ နောက် ဒေသခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရပ်ကျေး ဥက္ကဋ္ဌ ဦးအေးသွင်၊ ရာအိမ်မှူး ကိုနေ၀င်းတို့နှင့်အတူ သွားရောက် လှူဒါန်းနိုင်ခဲ့ပါတယ်။

ဒေသခံ ရာအိမ်မှူး ကိုနေ၀င်း၏ ပြောကြားချက်အရ - အခုလို ၀မ်းပျက် ၀မ်းလျှောတွေ ဖြစ်နေတာ တပတ်လောက် ရှိနေပြီး ထိုရောဂါဝေဒနာကြောင့် သေသွားတဲ့ ဝေဒနာရှင်တွေ ရှိသလို၊ ဆေးရုံအသီးသီးသို့ တက်ရောက် ကုသနေတဲ့ ဝေဒနာရှင်များလည်း ရှိကြောင်း သိရှိရပါတယ်။ ပိုဆိုးတာကတော့ ရပ်ကွက်တွင်းရှိ အိမ်တိုင်းအိမ်တိုင်း၌ ယင်လုံအိမ်သာ မရှိတဲ့အတွက် ယင်လုံအိမ်သာတလုံးကို မိသားစုများစွာက ခွဲဝေ သုံးစွဲနေကြရတာက ဝေဒနာရှင်တွေနဲ့ အနီးအနားရှိ မိသားစုတွေအတွက် ဖြစ်နေဆဲဝေဒနာကို လက်ယက်ပြီး စိန်ခေါ်နေသလို ဖြစ်နေကြောင်း သိရပါတယ်။ တအိမ်ဆင်း၊ တအိမ်တက် ဝေဒနာရှင်များကို ကုသပြီး မေ ၂၅ ရက်နေ့ ညနေပိုင်း ၇း၂၀ အချိန် ပြန်လာရာတွင် အချိန်တိုင်း၊ မိနစ်တိုင်း ရောဂါရရှိသူ ဦးရေ တိုးလာတဲ့အတွက် ၁၀၀ ကျော်ခန့် ရှိနေပြီလို့ သိရှိခဲ့ရပါတယ်။

လေးဒေါင့်ကန် တိုက်နယ်ဆေးရုံ (စစ်မှုထမ်းဟောင်း၊ စိုက်/မွေး ဆေးရုံ) ဆရာဝန်က ရပ်ကွက်အတွင်း ထုံးတွေ ဖြူးပေးဖို့၊ ယင်လုံအိမ်သာတွေကို စစ်ဆေးဖို့၊ ၀မ်းနူးမယ့် အစားအသောက်များ မစားသောက်ဖို့ ရပ်ကွက်အတွင်း ဆင်းပြီး မှာကြားသွားတယ်လို့ ဒေသခံရာအိမ်းမှူး ကိုနေ၀င်းကပဲ တဆက်တည်း ပြောပြပါတယ်။

လက်ရှိ ခံစားနေကြရတဲ့ ဝေဒနာရှင်များ အမြန် သက်သာလာနိုင်ဖို့အတွက် ယင်လုံအိမ်သာများ အိမ်တိုင်းရရှိရေးနဲ့ ဝေဒနာရှင်များအတွက် ဆေးဝါးများ၊ သောက်ရေသန့်များ၊ ဆပ်ပြာများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD - BG နဲ့ ပူးပေါင်း လှူဒါန်းနိုင်ကြောင်း သိရှိရပါတယ်။

သတင်း - ၀မ်းလျှောဝမ်းပျက်ရောဂါ ဒဂုံတောင် လေးဒေါင့်ကန် ပြည်သူများ - May 28 2012 03:50 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005