မျိုးဆက်သစ် လူငယ်များ (Generation Wave) အဖွဲ့ရဲ့ ထာဝရငြိမ်းချမ်း 67

မျိုးဆက်သစ် လူငယ်များ (Generation Wave) အဖွဲ့ရဲ့ ထာဝရငြိမ်းချမ်း 67 လို့ အမည်ပေးထားတဲ့ ပြည်တွင်းငြိမ်းချမ်းရေး လက်မှတ်ရေးထိုး လှုပ်ရှားမှု ဖွင့်လှစ်ပွဲကို ၂၀၁၂ မေ ၂၅ ရက်နေ့ နံနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီအထိ ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ၊ သီရိခန်းမတွင် ကျင်းပခဲ့ပါတယ်။ ထို အခမ်းအနားကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြတဲ့ ဦးမင်းကိုနိုင်၊ ဦးဌေးကြွယ်၊ ကိုလှမျိုးနောင်နဲ့ မမီးမီးတို့ တက်ရောက်ခဲ့ကြပါတယ်။ ထို့အပြင် မျိုးဆက်သစ်လူငယ်များ အဖွဲ့ တည်ထောင်သူတဦးဖြစ်ပြီး ယခုအခါ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေသူ ဦးဖြိုးဇေယျာသော် (တေးသံရှင် ဇေယျာသော်) ၊ နာရေး ကူညီမှုအသင်း (ရန်ကုန်) ဒု ဥက္ကဋ္ဌ စာရေးဆရာမ သန်းမြင့်အောင်၊ တေးသံရှင် ဆောင်းဦးလှိုင် အပါအ၀င် ပရိသတ် ၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ ထို အခမ်းအနားတွင် အနုပညာရှင် ကိုရဲလွင်တို့အဖွဲ့က ငြိမ်းချမ်းရေးသီချင်းများ သီဆို ဧည့်ခံဖျော်ဖြေခဲ့ပါတယ်။

လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မယ့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်မြောက် မွေးနေ့ကို ရည်စူးပြီး ထာဝရငြိမ်းချမ်း 67 လှုပ်ရှားမှုကို စတင်တာဖြစ်ကြောင်း ပွဲစီစဉ်သူတဦးက ပြောပြပါတယ်။ ထို လှုပ်ရှားမှုဟာ မြန်မာတိုင်းရင်းသား ညီအစ်ကိုများ အချင်းချင်း စစ်မက် ဖြစ်ပွား တိုက်ခိုက်နေခြင်းများ ရပ်ဆိုင်းရန်နဲ့ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် တောင်းဆိုမှုပြုရန်အတွက် ရည်ရွယ် ပြုလုပ်ကြတာ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာအစိုးရနဲ့ တိုင်းရင်းသားခေါင်းဆောင်များ လက်တွဲကာ ငြိမ်းချမ်းရေး ဖော်ဆောင်မှုများ ပြုလုပ်ရန်အတွက် ၀ိုင်းဝန်း လက်မှတ်ရေးထိုး တောင်းဆို ဆန္ဒပြုကြဖို့ တိုက်တွန်းတဲ့ လှုပ်ရှားမှု ဖြစ်ကြောင်း သိရပါတယ်။

သတင်း - မျိုးဆက်သစ် လူငယ်များ (Generation Wave) အဖွဲ့ ထာဝရငြိမ်းချမ်း 67 - May 27 2012 07:01 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005