NLD BG နဲ့ သွေးမေတ္တာအသင်း ရေးဘေးဒုက္ခသည်များထံသို့ ရေ၊ စားသောက်ဖွယ်များ သွားရောက် လှူဒါန်း

NLD BG တာဝန်ခံ ဒါရိုက်တာ ကိုညီညီနှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စက်မှုဇုံ (၃) သွေးမေတ္တာ အခမဲ့ သွေးအလှူတော် အသင်းအဖွဲ့မှ မစိုးစိုး ဦးစီးတဲ့ အဖွဲ့တို့ ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်၊ ရဲနွဲ့ကျေးရွာ၊ မြင်းမကန်ရွာ၊ ကျိုက်ထီးကန်အရှေ့ကွင်းရှိ ရေဘေးဒုက္ခသည်များထံသို့ ၂၀ လီတာဆန့် ရေဗူးပေါင်း ၆၀၀ ကျော်ကို လှူဒါန်းနိုင်ခဲ့ကြောင်း စေတနာရှင် မစိုးစိုးက ပြောပြပါတယ်။

သွေးမေတ္တာအသင်းက မစိုးစိုးဟာ ရေဘေးဒုက္ခသည်များရှိရာထံသို့ ရေဘူးများ သွားရောက် လှူဒါန်းနေသည်မှာ ဒီနေ့နှင့်ဆို လေးရက်မြောက်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အခုဆို မြန်မာနိုင်ငံတွင် ရေဘေးဒုက္ခသည်များ၊ မီးဘေးဒုက္ခသည်များ တနေ့တနေ့ ပိုတိုးလို့ ပိုဆိုးလို့သာ လာနေပါတယ်လို့ ရေ လှူလိုက် လာသော လူငယ်လေးတဦးမှလည်း လက်ရှိ မြန်မာပြည်တွင် ဖြစ်ပျက်နေတဲ့ အခြေအနေကို သုံးသပ်ပြီး ပြောဆိုပါတယ်။

NLD - BG တာဝန်ခံကိုညီညီက ရေဘေးဒုက္ခသည်များကို တာဝန်ရှိတဲ့ သက်ဆိုင်ရာလူကြီးများ၊ စေတနာရှင် မေတ္တာရှင် မိဘပြည်သူများအနေဖြင့် တတ်နိုင်သလောက်၊ စွမ်းနိုင်သလောက် လှူဒါန်းကြဖို့ကိုလည်း တိုက်တွန်းပါတယ်။ မစွမ်းနိုင်လို့ အချိန်မပေးနိုင်တဲ့ မိဘပြည်သူများအနေဖြင့် တောင်ဒဂုံ ၊ NLD - BG နဲ့ ပူးပေါင်းပြီး လှူဒါန်းနိုင်ကြောင်း သိရှိရပါတယ်။

သတင်း - NLD BG သွေးမေတ္တာအသင်း ရေးဘေးဒုက္ခသည်များ - May 25 2012 02:02 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005