NLD – BG ပညာဒါနကျောင်းက သွေးနဲ့ ကျန်းမာရေးဆိုင်ရာ ဟောပြောပွဲ

တာဝန်ခံ၊ ဒါရိုက်တာ ကိုညီညီနဲ့ သွေးပညာပေး ဟောပြောမယ့် ဆရာဝန်များ

၂၀၊ ၅၊ ၂၀၁၂ ရက်နေ့တွင် NLD - BG အသက်ကယ်သွေး အကူအညီပေးရေးနှင့် အသိပညာ၊ အတတ်ပညာ၊ အသက်မွေးဝမ်းကျောင်း သင်ကြာပေးရေး ပညာဒါနကျောင်း၌ သွေးနှင့် ကျန်းမာရေးဆိုင်ရာ ဟောပြောပွဲကို NLD – BG ပညာဒါနကျောင်း တာဝန်ခံ ကိုညီညီ၊ NLD - BG အရေးပေါ်အသက်ကယ် သွေးအကူအညီပေးရေး တာဝန်ခံ ဒေါ်သီတာဝင်းအောင်၊ ယုဇနဥယျာဉ်မြို့တော် ရောင်ခြည်သစ် ပညာဒါနကျောင်း တာဝန်ခံ ဒါရိုက်တာနှင့် NLD - BG ပညာဒါနကျောင်း ကျန်းမာရေး တာဝန်ခံ ဒေါက်တာ ကျော်စွာဦး၊ ဒေါက်တာ ကျော်မောင်မောင်ဟိန်း၊ ဒေါက်တာ ကျော်ဇင်လင်းတို့က ဦးစီး၍ ယနေ့ နေ့လည် ၁ နာရီမှ စတင် ဖွင့်လှစ်ကာ အနယ်နယ်အရပ်ရပ်မှ သွေးအလှူရှင်များနှင့် NLD - BG အဖွဲ့အသီးသီးက သွေးတာဝန်ခံများ၊ လူငယ်များ၊ ပညာရေးတာဝန်ခံများ အားလုံး ဧည့်ပရိတ်သတ်ပေါင်း ခြောက်ဆယ်ခန့်လောက် တက်ရောက် ဆွေးနွေးပြီး သွေးနှင့် ပတ်သက်သော အမေး၊ အဖြေများကိုလည်း ပြုလုပ်ခဲ့ကာ ညနေ ၃း၃၀ အချိန်၌ ပြီးစီးခဲ့တယ်လို့ သိရှိရပါတယ်။

ယုဇနဥယျာဉ်မြို့တော် ရောင်ခြည်သစ် ပညာဒါနကျောင်း တာဝန်ခံ ဒါရိုက်တာနဲ့ NLD - BG ပညာဒါနကျောင်း ကျန်းမာရေးတာဝန်ခံ ဒေါက်တာ ကျော်စွာဦး

သွေးအကြောင်း ဟောပြောပွဲကို တတ်ရောက်လာကြသော ဧည့်ပရိသတ်များ

ဓါတ်ပုံသတင်း - NLD – BG ပညာဒါနကျောင်း သွေးနှင့် ကျန်းမာရေးဆိုင်ရာ ဟောပြောပွဲ - May 21 2012 06:02 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005