ဇာတ်သဘင်မျိုးဆက်များ လက်ဆင့်ကမ်းခဲ့သူ

စိန်မာဒင် အမည်ဖြင့် တခေတ်တခါက လူကြိုက်များခဲ့ပြီး မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) ၏ ဥက္ကဋ္ဌဖြစ်သူ ဦးစိန်မာဒင် အသက် (၇၉) နှစ်သည် ၁၃၊ ၅၊ ၂၀၁၂ ရက်နေ့ နံနက် (၇း၄၅) နာရီအချိန်တွင် သုခကမ္ဘာအထူးကုဆေးရုံကြီး၌ အစာအိမ်၊ အူလမ်းကြောင်းနှင့် ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ရာ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ သွားရောက်၍ ကျန်ရစ်သော ရုပ်ခန္ဓာအား သယ်ဆောင်၍ ရေဝေးသုဿန် အအေးခန်းသို့ ကူညီ ဖေးမ ပို့ဆောင်ပေးခဲ့ပြီး ၁၇၊ ၅၊ ၂၀၁၂ ရက်နေ့ နေ့လည် (၁) နာရီအချိန်၌ ရေဝေးသုဿန်တွင် ဈာပနအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။ ယင်း အခမ်းအနားတွင် အနုပညာရှင်များ၊ ဆွေမျိုး မိတ်သင်္ဂဟအပေါင်းများနှင့်အတူ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ အသင်းသား/သူများတို့မှ စည်ကားသိုက်မြိုက်စွာ ကူညီ ဖေးမခဲ့ကြသည်။

ဦးစိန်မာဒင်သည် “မဟာရန်ကုန် စံပြ” ဇာတ်သဘင်အား ထူထောင်ခဲ့ရာ ယနေ့ချိန်ထိ သက်တမ်းအားဖြင့် (၄၈) နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။ “ဖိုးတဝမ်နှင့် ရွှေမင်းသား” ဇာတ်ထုပ်၊ မြနန်းရှင် သိုက်သမိုင်း စသည့် သိုက်သမိုင်းများလည်း အောင်မြင်မှုများ ရရှိခဲ့ပြီး “အရိန္ဒမာ” ဇာတ်တော်ကြီးဖြင့်လည်း အောင်မြင်ခဲ့သူ တဦး ဖြစ်သည်။ မြန်မာပြည်ရှိ ပရိသတ်များ၏ အမြင်တွင် စိမ်းနေသည့် ဘဲလေးအကအား တခေတ်တခါတုန်းက “အသည်းအေးတဲ့ ဘဲလေး” အဖြစ် မိတ်ဆက်ခဲ့သူတဦးလည်း ဖြစ်သည်။ နာမည်ကြီး လူကြိုက်များသည့် ဇာတ်မင်းသားတယောက် ဖြစ်ရုံမက သားနှင့် မြေးများဖြစ်သည့် မိုးဝင်း၊ မိုးမင်းနှင့် ဟန်ဇာမိုးဝင်းတို့၏ ခေတ်တွင်လည်း ဇာတ်သဘင်လောက၌ လျှမ်းလျှမ်းတောက် အောင်မြင် ကျော်ကြားသူများ ဖြစ်အောင် ပြုစု ပျိုးထောင်နိုင်ခဲ့သူတဦးလည်း ဖြစ်ပေသည်။

ဓါတ်ပုံသတင်း - နာရေးကူညီမှု အသင်း (ရန်ကုန်) စိန်မာဒင် - May 21 2012 04:42 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005