အရှင် ၀ီရသူ (မစိုးရိမ်) အား Freedom House အဖွဲ့ တာဝန်ရှိသူများ လာရောက် တွေ့ဆုံ

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီအခြေစိုက် Freedom House အဖွဲ့၊ ဘာသာရေး လွတ်လပ်ခွင့်နဲ့ အရှေ့တောင်အာရှဆိုင်ရာ ဒါရိုက်တာ ဒေါက်တာ Sue Gunawardena-Vaughn နဲ့ မစ္စရွန်ဒါ (Rhonda) တို့ဟာ ၂၀၁၂ မေလ ၁၅ ရက်နေ့က မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယက၊ ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (အရှင်ဝီရသူ (မစိုးရိမ်)) ထံ လာရောက် တွေ့ဆုံကာ နိုင်ငံရေးအကျဉ်းသားကိစ္စနဲ့ ဘာသာရေး လွတ်လပ်ခွင့်များဆိုင်ရာ ကိစ္စများ ဆွးနွေးခဲ့ကြပါတယ်။

အဲဒီလို ဆွေးနွေးခဲ့ရာမှာ နိုင်ငံရေး အကျဉ်းသားများရဲ့ စားဝတ်နေရေးနဲ့ ကျန်းမာရေးဆိုင်ရာများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ၎င်းတို့ရဲ့ မိသားစုများရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာများ ဆွေးနွေးခဲ့ကြသလို နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ သာသနာရေး၊ သံဃာ့အခွင့်အရေး၊ လူ့အခွင့်အရေးဆိုင်ရာများလည်း ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

သတင်း - အရှင် ၀ီရသူ (မစိုးရိမ်) Freedom House - May 18 2012 08:15 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005