သမိုင်းဝင်မိန့်ခွန်း မူရင်းဓါတ်ပြားများအား ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ကော်မတီကို လှူဒါန်း

အာဇာနည်ခေါင်းဆောင်ကြီးများ ဖြစ်ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချိုတို့ရဲ့ မိန့်ခွန်းများနဲ့ မိုင်းပွန်စော်ဘွားကြီးရဲ့ ရှမ်းဘာသာမိန့်ခွန်း အပါအ၀င် သမိုင်းဝင်မိန့်ခွန်းများရဲ့ မူရင်း ဓါတ်ပြား (၂၂) ချပ် လှူဒါန်းမှုကို စစ်ကိုင်းတိုင်း ရေဦးမြို့တွင် ပြုလုပ်ခဲ့ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စစ်ကိုင်းတိုင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်နဲ့ တိုင်းစည်းရုံးရေးမှူး ဦးမြင့်ကြည်တို့က လက်ခံ ရယူခဲ့ပါတယ်။

ထို ဓါတ်ပြားများအား စစ်ကိုင်းတိုင်း၊ ရေဦးမြို့၊ အောင်ဆန်းရပ်ကွက်၊ ဘီအိုစီအနီး အိမ်အမှတ် ၆၅၅ နေ ပိုင်ရှင်ဖြစ်သူ ဦးအုန်းမောင် + ဒေါ်ဗူးညွန့် ၊ သမီး ဒေါ်နု၊ ဒေါ်ညို၊ ဒေါ်လှမြင့် မြေး ကိုတင်ကျော်ကျော်၊ ကိုယဉ်မင်းထွန်း (ခ) ကိုဂျိုးဂျိုး၊ မဖြိုးဝေေ၀ထွန်းတို့ မိသားစုက ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး ကော်မတီထံ လှူဒါန်းခဲ့ခြင်း ဖြစ်ပါတယ်။

(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရေဦးမြို့က သတင်းပေးပို့ပါတယ်။)

ဓါတ်ပုံသတင်း - သမိုင်းဝင်မိန့်ခွန်း မူရင်းဓါတ်ပြား ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ကော်မတီ စစ်ကိုင်းတိုင်း ရေဦးမြို့ - May 16 2012 03:30 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005