နော်ဝေ ၀န်ကြီးချုပ်ဟောင်းရဲ့ အမေ့အိမ် ခရီးစဉ်

မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ နော်ေ၀၀န်ကြီးချုပ်ဟောင်း Mr. Kjell Magon Bondevik ဟာ အဖွဲ့ဝင်လေးဦးနဲ့အတူ အမေ့အိမ် ပညာဒါနကျောင်း (လှိုင်သာယာ) ကို ၂၀၁၂၊ မေ ၁၅ ရက်နေ့ မနက် ၉ နာရီတွင် ရောက်ရှိလာပြီး ပညာသင်ကြားမှု အခြေအနေ၊ ကျောင်းသားကျောင်းသူများရဲ့ ဘ၀ အခြေအနေ၊ ရှေ့လုပ်ငန်းစဉ်များ၊ အခက်အခဲများနဲ့ စပ်လျဉ်းပြီး ကျောင်းတာဝန်ရှိသူများနဲ့ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ထို့နောက် စာသင်ခန်းအတွင်း ကလေးများ ပညာသင်ကြားနေမှုကို လေ့လာပြီး ဘောလုံးဝါသနာပါသော ၀န်ကြီးချုပ်ဟောင်းဟာ ကလေးများနဲ့အတူ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲသီချင်းဖြစ်တဲ့ ၀ါကာဝါကာ (Waka Waka) သီချင်းကို ရင်းနှီးစွာ သီဆိုခဲ့ပြီးနောက် ကလေးများနဲ့ အတူ ပျော်ရွှင်စွာ ဘောလုံးကစားခဲ့ကြပါတယ်။

နော်ဝေ ၀န်ကြီးချုပ်ဟောင်းရဲ့ အမေ့အိမ်ခရီးစဉ်ဟာ ကလေးသူငယ်များအတွက် စိတ်ဓါတ်ခွန်အား အများအပြား ပေးစွမ်းနိုင်ခဲ့တာကို တွေ့ရှိရပြီး ကလေးငယ်များရဲ့ဘ၀မှာ ဘယ်တော့မှ မမေ့နိုင်တဲ့ နေ့ရက်တခုအဖြစ် ထာဝရ တည်ရှိနေတော့မှာ ဖြစ်ပါတယ်။

ဓါတ်ပုံသတင်း - နော်ဝေ ၀န်ကြီးချုပ်ဟောင်း အမေ့အိမ် ပညာဒါနကျောင်း ခရီးစဉ် - May 16 2012 03:30 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005