စစ်တပ် ကျောထောက်နောက်ခံ ယာဉ်လိုင်းနဲ့ ဆက်နွယ်တဲ့ ဥပဒေမဲ့ သတ်ဖြတ်မှု ဖြစ်ပွား

မြန်မာစစ်တပ် ကျောထောက်နောက်ခံပြုထားတဲ့ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်ပိုင် ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်၊ အမှတ် ၂၃၂ ပါရမီ မော်တော်ယာဉ်လိုင်းက ယာဉ်နောက်လိုက်နဲ့ စကားများခဲ့သူများက သက်ဆိုင်ရာ ကားဂိတ်ကို သွားရောက် ဆွေးနွေးစဉ် ပါရမီယာဉ်နောက်လိုက်ရဲ့ ဖခင်နဲ့ အဖွဲ့က ဓါးဖြင့် ခုတ်၊ ဒုတ်နဲ့ ရိုက်တဲ့အတွက် လူတဦး သေဆုံးကာ တရားခံကို ဖမ်းမမိသေးကြောင်း အလဲဗဲန်းသတင်း အင်တာနက်စာမျက်နှာတွင် ဖော်ပြထားပါတယ်။

၂၀၁၂ မေလ ၁၂ ရက်နေ့ ည ၇ နာရီနောက်ပိုင်း ပါရမီ ၂၃၂ ဂိတ်ရုံးတွင် အခင်းဖြစ်ပွားခဲ့ပြီး ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားပါတယ်။

(http://www.weeklyeleven.com/index.php?option=com_content&view=article&id=13615:2012-05-16-06-36-28&catid=43:2009-11-10-07-39-09&Itemid=111)

ဒီ အကြမ်းဖက်မှုဟာ တလခွဲအတွင်း ဒုတိယအကြိမ် ဖြစ်ပွားခဲ့တဲ့ ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီလိမိတက်နဲ့ ဆက်စပ်တဲ့ အကြမ်းဖက်မှု ဖြစ်ပါတယ်။

၂၀၁၂ ဧပြီ ၄ ရက်နေ့ကလည်း ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေး အဓိပတိ (အဖြူရောင်) မော်တော်ယာဉ်လိုင်းက လူ ၃၀ ကျော်က သင်္ဃန်းကျွန်းမြို့နယ်အတွင်း အုပ်စုလိုက် ရမ်းကားခဲ့ကာ လူတဦး ဒဏ်ရာ ရရှိပြီး ဈေးဆိုင်ခန်းများ ပျက်စီးခဲ့ပါတယ်။ ဧပြီ ၄ ရက် ည ၁၁ နာရီအချိန် ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီးပေါ်တွင် စက်ပျက်ပြီး ရပ်ထားတဲ့ အဓိပတိ (အဖြူရောင်) မော်တော်ယာဉ်လိုင်းက ကားတစီးကို ဂျစ်ကားတစီးက တိုက်မိရာမှ အစပြုကာ အကြမ်းဖက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ယာဉ်တိုက်မှုနဲ့ ဆက်နွယ်ပြီး အဓိပတိယာဉ်လိုင်း တာဝန်ရှိသူနဲ့ ရပ်ကွက်နေ ပြည်သူတို့ အချင်းများခဲ့ပြီးနောက် အဓိပတိ မော်တော်ယာဉ်လိုင်းက လူ ၃၀ လောက် ကားနဲ့ ရောက်လာပြီး ရပ်ကွက်အတွင်း အုပ်စုလိုက် ရမ်းကားကာ အကြမ်းဖက်မှု ကျူးလွန်ကြခြင်း ဖြစ်ပါတယ်။

(http://news-eleven.com/index.php?option=com_content&view=article&id=13226:2012-04-22-09-28-07&catid=43:2009-11-10-07-39-09&Itemid=111)

ထိုသို့ စစ်တပ် ကျောထောက်နောက်ခံပြုထားတဲ့ ကုမ္ပဏီဝန်ထမ်းများနဲ့ ဆက်နွယ်ကာ ပြည်သူများအပေါ် အုပ်စုဖွဲ့ ရမ်းကားမှု သတင်းများကို ကြားသိရတဲ့အခါ ၂၀၀၃ မေ ၃၀ ဒီပဲယင်း လူသတ်မှု၊ လွန်ခဲ့တဲ့ နှစ်အတန်ကြာက ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို အုပ်စုဖွဲ့ ၀ိုင်းဝန်း ရိုက်နှက်မှု၊ လူငယ်နှစ်ဦး သေဆုံးခဲ့တဲ့ ပဲခူးမြို့ ဇိုင်းဂနိုင်း (တောင်) ရပ်ကွက်ထဲကို ၂၀၁၀ စက်တင်ဘာ ၄ ရက်နေ့မှာ စစ်တပ်က သေနတ်နဲ့ ၀င်ရောက် ပစ်ခတ်မှုတွေကို ပြန် သတိရမိလိုက်ပါတယ်။

နိုင်ငံတော်နဲ့ နိုင်ငံသားများကို အသက်နဲ့ ကာကွယ် စောင့်ရှောက်ပါမယ်လို့ သစ္စာဆိုထားကြတဲ့ မြန်မာ စစ်အာဏာရှင်တွေ၊ စစ်ဗိုလ် စစ်သားတွေ၊ ထို ပုဂ္ဂိုလ်တွေနဲ့ ဆက်နွယ်သူတွေဟာ ဘာ့ကြောင့် မြန်မာပြည်သူတွေကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်နေရတာလဲ၊ ဒီ အနိုင်ကျင့်မှုတွေ ဘယ်တော့ အဆုံးသတ်မှာလဲ၊ ဗိုလ်ကျ၊ အနိုင်ကျင့်တဲ့ အကြမ်းဖက်မှုတွေကို ဘာ့ကြောင့် မတားဆီးနိုင်သေးတာလဲဆိုတာကလည်း စဉ်းစားစရာ ဖြစ်နေပါတယ်။
သတင်း - ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေး အမှတ် ၂၃၂ ပါရမီ မော်တော်ယာဉ်လိုင်း အဓိပတိ (အဖြူရောင်) မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် - May 16 2012 03:29 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005