၈၈ မျိုးဆက်ကျောင်းသားများရဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းမိတ်ဆက် ဟောပြောပွဲ (၁)
20120223 88 Student Leaders in Hinthada

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များရဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း မိတ်ဆက် ဆွေးနွေးပွဲကို ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ ဦးအောင်မြတ်ကျော်ခန်းမတွင် ၂၀၁၂ ဖေဖော်ဝါရီ ၂၀ ရက်နေ့ နေ့လည် တနာရီက ကျင်းပခဲ့ရာ ဟင်္သာတမြို့သူမြို့သားများ စိတ်ဝင်တစား တက်ရောက်ခဲ့ကြပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားများ ဟင်္သာတမြို့ကို ရောက်ရှိမလာမီကတည်းက မြို့သူမြို့သားများက ၀မ်းသာအားရ ကြိုဆိုရန် ပြင်ဆင်ခဲ့ကြပြီး ရောက်ရှိလာတဲ့အခါမှာတော့ မြို့လုံးကျွတ် တခဲနက် ကြိုဆိုခဲ့ကြတာကို တွေ့ရှိခဲ့ရပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များရဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း မိတ်ဆက် ဆွေးနွေးပွဲတွင် မင်းကိုနိုင်၊ ကိုကိုကြီးနဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များက လွတ်လပ် ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းဆိုင်ရာကိစ္စများကို ဆွေးနွေးတင်ပြခဲ့ကြပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဟာ ၂၀၁၂၊ ဇန်န၀ါရီလအတွင်း အကျဉ်းထောင်အသီးသီးမှ ပြန်လည် လွတ်မြောက်လာခဲ့ကြပြီးနောက် မြန်မာပြည်တွင် လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းများ ထွန်းကားလာဖို့အတွက် ပြည်သူများနဲ့ ထိတွေ့ ဟောပြောမှုများ အခါအားလျှော်စွာ ပြုလုပ်လျက် ရှိကြပါတယ်။
20120223 88 Student Leaders in Hinthada

ဟင်္သာတကို ရောက်ရှိလာမယ့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များအား ကြိုဆိုရန် ပြင်ဆင်နေကြစဉ်

20120223 88 Student Leaders in Hinthada

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ဟင်္သာတသို့ ရောက်ရှိလာစဉ်

20120223 88 Student Leaders in Hinthada

20120223 88 Student Leaders in Hinthada

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များအား မြို့လုံးကျွတ် ကြိုဆိုကြစဉ်

ဓါတ်ပုံသတင်း - ၈၈ မျိုးဆက် ကျောင်းသား ဟင်္သာတ ပွင့်လင်း လူ့အဖွဲ့အစည်း ဆွေးနွေးပွဲ - Feb 23 2012 11:12 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005