ဂျာမဏီနိုင်ငံ ဖရန့်ဖော့ဒ် (Frankfurt) မြို့တွင် ကျင်းပတဲ့ ဗုဒ္ဓနေ့ အခမ်းအနား

ဂျာမဏီနိုင်ငံ၊ ဖရန့်ဖော့ဒ် (Frankfurt) မြို့၊ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းက ကြီးမှူး စီစဉ်တဲ့ ဗုဒ္ဓနေ့ အခမ်းအနားကို ၂၀၁၂၊ မေလ ၁၃ ရက် (တနင်္ဂနွေနေ့) က ကျင်းပခဲ့ရာ ဥရောပရောက် မြန်မာရဟန်းတော်များ ဖြစ်ကြတဲ့ ပြင်သစ်ဆရာတော် ဦးကုမာရ ၊ နယ်သာလန်ဆရာတော် ဦးဇဝနနှင့်အတူ ဖရန့်ဖော့ဒ် (Frankfurt) မြို့၊ မြန်မာ ဗုဒ္ဓဘာသာကျောင်းတွင် သီတင်းသုံးတော်မူတဲ့ ဆရာတော်ဦးဃောသိတ၊ ဦးကောဝိဒနဲ့ ထိုင်းနိုင်ငံမှ ခေတ္တ ရောက်ရှိနေသော ဆရာတော်တပါးပါ ကြွရောက်ပါတယ်။ ထို အမ်းအနားကို ဂျာမဏီနိုင်ငံရောက် မြန်မာနိုင်ငံသားများလည်း စုံစုံညီညီ တက်ရောက်ခဲ့ကြပါတယ်။

ထိုအခမ်းအနား ပထမပိုင်းတွင် စုပေါင်း ဘုရားဆွမ်း ဆက်ကပ် လှူဒါန်းခြင်း၊ စုပေါင်း ဘုရားရှိခိုးခြင်း၊ သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ ဧည့်ပရိသတ်များ နေ့လည်စာ စားသုံးခြင်း အစီအစဉ်များ ပါဝင်ခဲ့ပါတယ်။ ဒုတိယပိုင်း အစီအစဉ်ကို ဆက်လက် ပြုလုပ်ရာ ၅ ပါးသီလ ခံယူခြင်း၊ သံဃာတော်များက ပရိတ်တရားတော်များ ချီးမြှင့်ခြင်း၊ လှူဖွယ်ဝတ္ထုနဲ့ ဆွမ်းဆန်စိမ်းလောင်လှူခြင်းများ ပြုလုပ်ရာ ပြင်သစ်ဆရာတော် ဦးကုမာရက ငါးပါးသီလ ပေးပြီး ၊ နယ်သာလန်ဆရာတော် ဦးဇဝနက အနုမောဒနာ တရားတော်များကို ဟောကြားပါတယ်။ ထို့အပြင် ဖရန့်ဖော့ဒ် (Frankfurt) ကျောင်းဆရာတော် ဦးဃောသိတက ရေစက်ချ ပေးတော်မူပါတယ်။

ထို့နောက် ဗုဒ္ဓနေ့ အထူးအစီအစဉ်အဖြစ် ဘာသာရေးဆိုင်ရာ ပဟေဠိများကို အမေးအဖြေ ပြုလုပ်ပြီး ဆုပေးပွဲများကို တဆက်ထဲ ပြုလုပ်ကြပါတယ်။

ဤကဲ့သို့ ဘာသာရေး အခမ်းနားများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းဟာ ဥရောပရောက် မြန်မာ ဗုဒ္ဓဘာသာများရဲ့ စည်းလုံးညီညွတ်မှုကြောင့်စြစ်ကြောင်း သိရှိရပါတယ်။

သတင်း - ဂျာမဏီနိုင်ငံ ဖရန့်ဖော့ဒ် (Frankfurt) မြို ဗုဒ္ဓနေ့ အခမ်းအနား - May 15 2012 11:21 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005