NLD – BG ပညာဒါနကျောင်း ကွန်ပြူတာသင်တန်းနဲ့ စက်ချုပ်သင်တန်း ဖွင့်ပွဲ

ကျောင်းတာဝန်ခံ ကိုညီညီက ကျောင်းသား ကျောင်းသူများကို မိတ်ဆက်စဉ်

NLD - BG အသက်ကယ်သွေး အကူညီပေးရေးနဲ့ အသိပညာ၊ အတတ်ပညာ၊ အသက်မွေးဝမ်းကြောင်း သင်ကြားပေးရေး ပညာဒါနကျောင်းရဲ့ တတိယအကြိမ်မြောက် ကွန်ပြူတာသင်တန်းနဲ့ ဒုတိယအကြိမ်မြောက် စက်ချုပ်သင်တန်းကို ၂၀၁၂၊ မေလ ၁၂ ရက် (စနေနေ့) နေ့လည် ၁ နာရီက စတင်ခဲ့ရာ ကျောင်းတာဝန်ခံ ဒါရိုက်တာ ကိုညီညီက ဖွင့်လှစ်ပေးခဲ့ပါတယ်။

ကွန်ပြူတာသင်တန်းကို ကျောင်းသား ၄၂ ဦး၊ စက်ချုပ်သင်တန်းကို သင်တန်းသူ ၁၂ ဦး တက်ရောက်ခဲ့ပြီး သင်တန်းဆရာ၊ ဆရာမများက ရင်းနှီးခင်မင်စွာ မိသားစုပမာ သင်ကြားခဲ့ကြပါတယ်။ အထူးအားဖြင့် ကွန်ပျူတာသင်တန်း လာရောက်သင်ကြားကြတဲ့ ကျောင်းသားကျောင်းသူများရဲ့ ပထမဆုံး သင်တန်းတက်ရောက်တဲ့နေ့ တဦးချင်းစီ မိတ်ဆက်မှုက စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ကျောင်းသား ကျောင်းသူများနဲ့ ဆရာ၊ ဆရာမများဟာ ပထမဆုံးအကြိမ် တွေ့ဆုံကြတာ ဖြစ်ပေမယ့်လည်း ဗိုလ်ချုပ်အောင်ဆန်း ငယ်ဘ၀၊ ဒေါ်အောင်ဆန်းစုကြည်မိသားစု အကြောင်း၊ ကျောင်းသားများရဲ့ ရပ်ကွက်ထဲကအကြောင်း၊ ကျောင်းဝင်းထဲကအကြောင်းများကို အမေးအဖြေပွဲသဘောမျိုး ပြုလုပ် မိတ်ဆက်ခြင်း ဖြစ်လို့ ၀မ်းသာအားရ၊ စိတ်ဝင်တစား ဆွေးနွေး ပြောဆိုခဲ့ကြတာကို ကြည်နူးဘွယ် တွေ့ကြရပါတယ်။

ကွန်ပြူတာ ကျောင်းသား၊ ကျောင်းသူများ သင်တန်းမစခင် ဘုရားဝတ်ပြု ပူဇော်နေစဉ်

ကိုညီညီ၊ ကွန်ပြူတာဆရာ ကိုဟိန်းမင်းဦး၊ ဆရာမ မစုဝေထွန်း

စက်ချုပ်သင်တန်းသူများနဲ့ စက်ချုပ်နည်းပြ ဆရာမတို့ရဲ့ အမှတ်တရဓါတ်ပုံ

သတင်း - NLD – BG ပညာဒါနကျောင်း ကွန်ပြူတာသင်တန်းနဲ့ စက်ချုပ်သင်တန်း ဖွင့်ပွဲ - May 15 2012 06:59 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005